ရွေးကောက်ပွဲ စည်းရုံးရေးနှင့် မဲဆန္ဒရှင် ပညာပေး လှုံ့ဆော်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲ(Election Campaign and Voter Mobilization Workshop) ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် (PNO) ရုံးတွင် မတ်လ(၁၇)ရက်နေ့မှစတင်ကာ လေးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။
သျှမ်းပြည်နယ်နှင့် အခြားမြို့နယ်မှ တိုင်းရင်းသားပါတီ (၁၇)ဖွဲ့တက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲနှင့် မဲဆန္ဒရှင်ပညာပေး အကြောင်းများ အဓိကဆွေးနွေးခဲ့ကြကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီ မှ စောခွန်ကျော်ဝင်းကပြောသည်။
"လာမယ့်ရွေးကောက်ပွဲမှာ လွတ်လပ်ပြီးတရားမျှတဖို့ ကျနော့်အနေနဲ့ ၁၀၀% မျှော်လင့်ထားပေမယ့် ကျေး လက်ဒေသ တွေမှာ အပြည့်အဝမျှတမှု ရှိမယ်လို့တော့ မထင်မိဘူး" ဟု ၄င်းကဆိုသည်။
မတ်လ (၁၇)ရက်နေ့မှစ၍ (၂၀)ရက်နေ့အထိ ကျင်းပသော အဆိုပါ ရွေးကောက်ပွဲအလုပ်ရုံဆွေးနွေးပွဲကို PNO အနေဖြင့် ပထမဆုံးအကြိမ် ဦးဆောင်ကျင်းပခြင်းဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များအား မတ်လ (၂၅)ရက်နေ့တွင် တောင်ကြီးမြို့ ရှိ ပအိုဝ်း အမျိုးသား ဘက်စုံဖွံ့ဖြိုးရေးကွင်းတွင် ပြုလုပ်မည့် ပအိုဝ်းအမျိုးသား ညီလာခံတွင် ဆွေးနွေး အတည်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းညီလာခံတွင် ပအိုဝ်းအဖွဲ့အစည်း (၁၅)ဖွဲ့နှင့် သီးသန့်ကျင်းပမည်ဖြစ်ပြီး ညီလာခံအပြီးတွင် သတင်း စာရှင်းလင်းပွဲပါ ပြုလုပ်သွားမည်ဟုသိရ သည်။
PNO သည် အသွင်ပြောင်းပြည်သူ့စစ်အဖွဲ့အနေဖြင့် ၂၀၁၀ အထွေထွေရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲဆန္ဒနယ်(၁၀) နေရာအနိုင်ရရှိထားသည်။