NCCT နှင့် UPWC ဆွေးနွေးပွဲသို့ တက်ရောက်ခွင့် မရသော်လည်း ငြိမ်းချမ်းရေးအတွက် ဆက်လုပ်မည်ဟု လူငယ်များပြောဆို

NCCT နှင့် UPWC ဆွေးနွေးပွဲသို့ တက်ရောက်ခွင့် မရသော်လည်း ငြိမ်းချမ်းရေးအတွက် ဆက်လုပ်မည်ဟု လူငယ်များပြောဆို
by -
ကေအိုင်စီ

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ မတ် ၁၇ရက်နေ့ တွင် စတင် တွေ့ဆုံဆွေးနွေးမည့် ရ ကြိမ်မြောက်ဆွေးနွေးပွဲသို့ တက်ရောက်လေ့လာခွင့် မရသော်လည်း ငြိမ်းချမ်းရေး အတွက် ကျရာအခန်းကဏ္ဍမှ ဆက်လုပ်မည်ဟု လူငယ်များက ကေအိုင်စီသို ့ မတ် ၁၆ရက်တွင် ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ လိုင်ဇာငြိမ်းချမ်းရေး လမ်းလျှေက်အဖွဲ့မှ ကိုအောင်မင်းနိုင်က “ကျနော်တို့ အခု တစ်နိုင်ငံလုံးအပစ်ရပ် စာချုပ်ဆွေးနွေးပွဲကို တက်ရောက်လေ့လာဖို့အတွက် ဆိုင်ရာအဖွဲ့တွေကို ချိတ်ဆက်ခဲ့ပေမယ့်  လက်တလောအခြေအနေအရ တက်ရောက်ခွင့်မရခဲ့ဘူး၊ တက်ရောက်ခွင့်ရမယ်ဆို ရင်တော့ ဘာတွေ  နာလည်းမှု မရဖြစ်နေတာလဲ ဘာတွေခက်ခဲနေလည်း ဆိုတာ လေ့လာနိုင်မှာပေါ့၊ အခုမရပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ကျနော်တို ့ဆက်လုပ်သွားမယ် ”  ဟုပြောသည်။

IMG 9965

ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ရက်နေ့တွင် ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC)၌ UPWC မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် လူငယ် အဖွဲ့အစည်း ၄၂ဖွဲ့တို့ တွေ့ဆုံစဉ် လူငယ်များက အပစ်ရပ် ဆွေးနွေးပွဲတွင် ကိုယ်စားလှယ် ၂ဦးတက်ရောက်လေ့လာခွင့်ပြုရန် တောင်းဆိုခဲ့သည့်အပေါ် ဝန်ကြီးက ညှိနှိုင်း စီစဉ်ပေးမည်ဟု ပြန်လည်ပြောဆိုထားကြောင်း ယင်းတွေ့ဆုံပွဲ တက်ရောက်ခဲ့သည့် လူငယ်များကပြောသည်။

ထို ့ကြောင့် ဖေဖော်ဝါရီလအတွင်း လူငယ်အဖွဲ့အစည်းများစုပေါင်းကာ ငြိမ်းချမ်းရေးဖြစ်စဉ်လူငယ်များ ပူးပေါင်း ပါဝင်ရေး (Youth Participation for Peace Process ) ယာယီကော်မတီကို ဖွဲ့စည်းကာ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ထဲထဲဝင်ဝင် နားလည် စိတ်ဝင်စားသူ၊ အစိုးရမှ ကမကထပြုဖွဲ့စည်းပေးသည့် အဖွဲ့အစည်းမဟုတ်သူများမှ အများမဲဆန္ဒဖြင့် ရန်ကုန်လိုင်ဇာ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့မှ ကိုရန်နိုင်ထွန်းနှင့် မြန်မာပြည် လူငယ်များဆုံချက်အဖွဲ့ တည်ထောင်သူ ကိုစည်သူမောင်တို ့ အပစ်ရပ်ဆွေးနွေးပွဲ တက်ရောက်ရန် ရွေးချယ်ခဲ့သည်ဟု ကော်မတီက ပြောသည်။

ထို် ့အပြင် ကော်မတီက မတ် ၁၅ရက်နေ့တွင် NCCT နှင့် UPWC ထံ ဆွေးနွေးပွဲ တက်ရောက်ခွင့်ပေး ရန်  တောင်းဆိုခဲ့ သော်လည်း လက်ရှိဆွေးနွေးပွဲသို့ တက်ရောက်ရန် အမျိုးသမီး၊ လယ်သမားစသည့် လူမှုအဖွဲ့အစည်း အများအပြားတောင်းဆိုထားသည့်အတွက် လူမှုအဖွဲ့အစည်းများကို လက်ရှိတွင် တက်ရောက်ခွင့် မပြုနိုင်သေးကြောင်း  မတ် ၁၆ရက်နေ့ ညနေပိုင်းတွင် ယာယီကော်မတီထံ အကြောင်းပြန်လာသည်ဟု ယင်းကော်မတီ ပြန်ကြားရေး တာဝန်ခံလည်းဖြစ်သူ ကိုအောင်မင်းနိုင်က ဆက်ပြောသည်။

ဆွေးနွေးပွဲတက်ရောက်ရန် အရွေးခံရသူ ကိုစည်သူမောင်က “သူတို့မှာလည်း အကျပ်အတည်းရှိတယ်၊ ဝင် ရောက်လေ့လာခွင့်ရခြင်းမရခြင်းထက် အပြင်မှာလည်း လုပ်စရာတွေ အများကြီးကျန်သေးတယ်၊  ငြိမ်းချမ်းရေးကို အထောက်အပံ့ဖြစ်စေမယ့် လူငယ်တွေလုပ်နိုင်တဲ့ အခန်းကဏ္ဍကနေ တက်စွမ်းသလောက် ဆက်လုပ်မယ်  နိုင်ငံရေးဆွေးနွေးပွဲမှာတော့ ပုံစံတစ်မျိုးနဲ့ ပါဝင်နိုင်အောင် တစ်နိုင်ငံလုံးလူငယ်အဖွဲ့ အစည်းတွေနဲ့ ချိတ်ဆက်ပြီး ကြိုတင်ပြင်ဆင်မှုတွေ အများကြီးဆက်လုပ်မယ် ” ဟုပြောသည်။

NCCT နှင့် UPWC တို ့တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ထိုးနိုင်ရေးအတွက် ် ရ ကြိမ်မြောက် တွေ့ဆုံဆွေး နွေးပွဲကို မတ် ၁၇ရက်မှ ၂၁ရက်နေ့ထိ ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန၌ ပြုလုပ်သွားမည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

Most read this week