၇ ကြိမ်မြောက် NCA ဆွေးနွေးပွဲ တက်ဖို့ ဝ တပ်ဖွဲ့ ဆုံးဖြတ်ချက် မချသေး

၇ ကြိမ်မြောက် NCA ဆွေးနွေးပွဲ တက်ဖို့ ဝ တပ်ဖွဲ့ ဆုံးဖြတ်ချက် မချသေး
by -
သျှမ်းသံတော်ဆင့်

ရန်ကုန်မြို့တွင် မတ် ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ တစ်နိုင်လုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ တွေ့ဆုံဆွေးနွေးမည့် ရ ကြိမ်မြောက် NCA (တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်) ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အနေဖြင့် မဆုံးဖြတ်ရသေးကြောင်း UWSA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ကျနော်တို့ ဝ နယ်လုံးကျွတ်အစည်းအဝေးက လူပေါင်း ၆၀၅ ယောက်တက်တယ်။ ၂၀၁၄  ခု တစ်နှစ်ပတ် လုံး ပြန်သုံးသပ်တဲ့ အစည်းအဝေး။ ဒါကြောင့် သွားမယ် မသွားဘူးဆိုတာ ဆုံးဖြတ်ချက်မချရသေးဘူး” ဟု ဦးအောင်မြင့်က ပြောသည်။

U Aung Myint UWSA

သျှမ်းပြည်နယ် ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပန်ဆန်းမြို့တွင် ကျင်းပပြုလုပ်နေသော UWSA ၏ ၂၀၁၄ နှစ်လုံးကျွတ်အစည်းအဝေးသည် မတ်လ ၁၇ရက်နေ့မှသာ ပြီးဆုံးမည်ဖြစ်သောကြောင့် ယင်းကဲ့သို့ ဆုံးဖြတ်ချက် မချနိုုင်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အတူ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏ အရင်းနှီးဆုံးမဟာမိတ် ဖြစ်သည့် မိုင်းလား တပ်ဖွဲ့ အမည်ရ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် သျှမ်းပြည်အရှေ့ပိုင်း NDAA – ESS ကလည်း ရ ကြိမ်မြောက် NCA အစည်းအဝေးတက်ရောက်ရန် ကိုယ်စားလှယ်နှစ်ဦး ရွေးချယ်ထားသော်လည်း ဝ တပ်ဖွဲ့ ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက် စောင့်ကြည့်ရဦးမည်ဖြစ်သည်ဟု အရာရှိကြီးတစ်ဦးက ပြောသည်။

ကိုးကန့်ဒေသ အတွင်းဖြစ် ပွားနေသော တိုက်ပွဲတွင်  UWSA ဝ တပ်ဖွဲ့ နှင့် NDAA – ESS မိုင်းလား တပ်ဖွဲ့တို့ ပါဝင်ပတ်သက်နေသည်ဆိုသည့်  မြန်မာအစိုးရတပ်မတော်၏ စွပ်စွဲချက်နောက်ပိုင်း နှစ်ဘက် ဆက်ဆံရေးမပြေလည်မှုများ ဖြစ်ခဲ့သည်။

NCA လက်မှတ်ထိုးနိုင်ရေးအတွက် ရ ကြိမ်မြောက် ဆွေးနွေးပွဲသို့ NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ ၁၆ ဖွဲ့မှ ကိုယ်စားပြုကိုယ်စားလှယ်များ၊ NCCT အဖွဲ့ဝင် မဟုတ်သည့် သျှမ်းပြည်တပ်မတော် RCSS/SSA ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဟုသိရသည်။

Most read this week