သံလွင်မြစ် ရေအားလျှပ်စစ် စီမံကိန်း ကန့်ကွက်စာ SMEC ထံ ဒေသခံများ ပေးအပ်

သံလွင်မြစ် ရေအားလျှပ်စစ် စီမံကိန်း ကန့်ကွက်စာ SMEC ထံ ဒေသခံများ ပေးအပ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်နယ် တောင်ကြီးမြို့ရှိ တောင်ကြီးဟော်တယ်တွင် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် မိုင်းတုံရေကာတာ ရေအားလျှပ်စစ်စီမံကိန်းအား ဆန်းစစ်မည့်လုပ်ငန်း အကောင်အထည်ဖေါ်ရေးအတွက် SMEC International Pty Ltd  က သျှမ်းပြည်နယ် တောင်ပိုင်းရှိ အရပ်ဖက်လူမှုအဖွဲ့ အစည်းပေါင်း (၄၀)ကျော်၊ နိုင်ငံရေး ပါတီများနှင့် ဒေသခံများအား   ရှင်းလင်းချပြသည့် အခမ်းအနား တစ်ရပ်ကို မတ် ၁၀ရက်နေ့က ပြုလုပ်ခဲ့ရာတွင် ဒေသခံများက ကန့်ကွက်ကြောင်း စာတစောင်ကို SMEC ထံ ပေးအပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ အခမ်းအနားသို့ သံလွင်သားချင်းများအဖွဲ့က "NO DAM ON SALWEEN RIVER" စာတန်းပါ ခေါင်းစည်းများပတ်ကာ တက်ရောက်ခဲ့ကြသည်။

Hay Mar Teik

ထို ရေကာတာ စီမံကိန်းနှင့် ပတ်သက်၍ SNLD ကျားခေါင်းပါတီမှ မိုင်းတုံ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝင်းမြတ်ဦးက "ဒီအဖွဲ့တွေကို ကျနော်တို့အခုမှ ကြားဖူးတာ။ အစိုးရကိုလည်းမယုံဘူး၊ ဒီအဖွဲ့ကို လည်းမယုံဘူး၊ လူထုတွေရဲ့ နစ်နာမှု၊ ပျက်စီးဆုံးရှုံးမှုတွေအတွက် ကျနော်တို့ ကြိုးစားပြီးတော့ကာကွယ် သွားမယ်၊ အသက်ပေးပြီး ကန့်ကွက်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ် " ဟု ပြောသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်နှင့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အကြား မိုင်းတုံရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ပါက အကျိုးသက်ရောက်မှုများအား စစ်တမ်းကောက်ယူပေးရန် မြန်မာအစိုးရနှင့် ဆည်တည်ဆောက်ရေး ကုမ္မဏီများက  သြစတေးလျနိုင်ငံအခြေစိုက် SMEC – environment and social impact assessment ကုမ္မဏီအား ငှားရမ်းထားခြင်းဖြစ်သည်။

လေ့လာဆန်းစစ်ချက်များအား SMEC မှ အစီရင်ခံစာ ၅စောင် ထက်မနည်း နိုင်ငံတော် အစိုးရ၊ ကုမ္မဏီနှင့် လူထုထံ တင်ပြပြီးမှသာ ရေကာတာ စတင်တည်ဆောက်သွားမည်ဟုလည်း သိရသည်။

လာမည့် ၂၀၁၇ မတ်လအတွင်း မိုင်တုံဆည်တည်ဆောက်ရေးလုပ်ငန်း စတင်သွားမည်ဖြစ်ကြောင်း SMEC က ပြောကြားသည်။

SMEC International Pty Ltd တာဝန်ရှိသူထံ သံလွင်သားချင်းများအဖွဲ့၊ SSWDO သျှမ်းပြည်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်မှ ဒေါ်စဝ်ဟေမာသိုက်မှ လူထုလက်မှတ်ထိုးထားသော စီမံကိန်းကန့်ကွက်စာ ပေးအပ်စဉ်

Most read this week