အမျိုးသမီးကဏ္ဍ မြှင့်တင်ရန် အစိုးရက ဝန်ကြီးဌာနများကို သီးသန့်ဘတ်ဂျက် ချထားပေးရန် လိုအပ်နေပြီ ဖန်တီးအိမ်တည်ထောင်သူက ဆို

အမျိုးသမီးကဏ္ဍ မြှင့်တင်ရန် အစိုးရက ဝန်ကြီးဌာနများကို သီးသန့်ဘတ်ဂျက် ချထားပေးရန် လိုအပ်နေပြီ ဖန်တီးအိမ်တည်ထောင်သူက ဆို
by -
မဇ္စျိမ

 မြန်မာအမျိုးသမီးများ ကဏ္ဍမြှင့်တင်ရန်   အစိုးရက ဝန်ကြီးဌာနများသို့ သီးသန့်ဘတ်ဂျက်ချထားပေးရန် လိုအပ်နေပြီဖြစ်ကြောင်း မတ်လ ၈ရက်က ပြည်သူ့ရင်ပြင်တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်လာသည့် ဖန်တီးအိမ်အဖွဲ့မှ ဒါရိုက်တာ ဒေါ်ရွှေရွှေစိန်လတ်က မဇ္စျိမကို ပြောသည်။

''တကယ်ပဲ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကိုမြှင့်တင်ဖို့ လုပ်ပေးမယ်ဆိုရင် ဘတ်ဂျက်ချထားဖို့က အရေးကြီးတဲ့ ကဏ္ဍပါပဲ” ဟု ၎င်းက ပြောသည်။

2015-International-Women-Day-05-s

ဒီမိုကရေစီစနစ်နှင့် အညီ နယ်ပယ်စုံမှ အမျိုးသမီးများ၏ အခန်းကဏ္ဍများကို မြှင့်တင်ရန်လိုအပ်ပြီး အစိုးရ၏ ဝန်ကြီးဌာနများတွင် သီးသန့် ဘတ်ဂျက်ချထားပေးခြင်းများ လိုအပ်နေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းပွဲသို့ လာရောက်သည့် လေ့လာသူ  ဦးသောင်းထိုက်က “အမျိုးသမီး အခန်းကဏ္ဍမြှင့်တင်ပေးဖို့ ဘတ်ဂျက်ချထားဖို့အပြင် အမျိုးသားတွေ ပါဝင်ပေးဖို့ အများကြီးလိုအပ်တယ်။ ဒီအတွက် အမျိုးသားတွေကို အသိပညာပေးဖို့လိုတယ်" ဟု ပြောသည်။

အဆိုပါ အခမ်းအနားကို အမျိုးသမီးအဖွဲ့များကွန်ရက် (WON)နှင့် OXFAM အဖွဲ့တို့မှ ဦးဆောင်၍အမျိုးသမီးရေး လှုပ်ရှားသည့်အဖွဲ့များ စုစုပေါင်းအဖွဲ့ ၂၀ခန့်ပူးပေါင်းပြီး ပြည်သူ့ရင်ပြင်တွင် အထိမ်းအမှတ်ပွဲပြုလုပ်ခဲ့ခြင်း ဖြစ် သည်။

ယင်းပွဲတွင် အမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံနှင့်ပတ်သက်သော ပြခန်းများ၊ ဆိုင်ခန်းများ ခင်းကျင်းပြသခြင်း၊ အမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံ၊ အကြမ်းဖက်မှုမှ ကာကွယ်ခြင်းဆိုင်ရာ ဗဟုသုတနှင့် ဥပဒေများကို ပြသ ထားပြီး အမေး၊ အဖြေပြုလုပ်ခြင်းကဏ္ဍမှ အမှတ်တရ လက်ဆောင်ချီးမြှင့်ခြင်း၊ တေးဂီတဖျော်ဖြေခြင်းများ ပြု လုပ်ခဲ့သည်။  

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို Wonen's  Right Day ဟူ၍လည်း ခေါ်ဆိုကြသည်။ ပထမဆုံး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို အမေရိကန်ဆိုရှယ်လစ်ပါတီမှ  ၁၉ဝ၉ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက်မှာ အမေရိကန်ပြည်ထောင်စုတွင် စတင်ကြေညာခဲ့သည်။ မြန်မာနိုင်ငံတွင်  ၂ဝ၁၂ခုနှစ်မှ စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

Most read this week