သျှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် ရဲတပ်ဖွဲ့ဝင်များအား ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ လုံခြံုရေး အသိပညာပေး သင်တန်းကို ဖေဖော်ဝါရီ ၂၃ရက်နေ့တွင် ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။
သျှမ်းပြည်နယ်တွင် ပါတီများစွာရှိသည့်အတွက် မဲဆွယ် စည်းရုံးသည့် ကာလတွင် ပါတီများအချင်းချင်း ပြဿနာများ ဖြစ်ပွားလာနိုင်ပြီး၊ ကိုယ့်ပါတီ သူ့ပါတီတွေအတွက် မဲဆွယ်စည်းရုံးသည့်အခါတွင် ခြိမ်းခြောက်မှု၊ အကြပ်ကိုင်မှုများ ဖြစ်ပွားလာနိုင်ကြောင်း စသည့် စိန်ခေါ်မှုများကြံုရနိုင်ဖွယ်ရှိကြောင်း ဒုပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းနိုင်က ပြောသည်။
“လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း အနှောင့်အယှက် ပေးလာနိုင်မှာတွေလည်း ရှိတယ်။ ဒါ့ကြောင့် ဒီအချက်တွေကိုလည်း ကျနော်တို့ ထည့်ပြီးစဉ်း စားရမှာဖြစ်တယ်။” ဟု ၄င်းကဆက်လက်ရှင်းပြသည်။
“ရွေးကောက်ပွဲကာလတွေမှာ အဓိကကတော့ ပြည်သူတွေရဲ့လုံခြံုရေး၊ ပါတီတွေရဲ့ယှဉ်ပြိုင်မှုမှာ နည်းလမ်း မမှန်မကန်တဲ့ စည်းရုံးလှုံ့ဆော်တဲ့နေရာမှာ အင်အားသုံးတာတို့၊ ခြိမ်းခြောက်တာတို့၊ ဖြားယောင်းတာတို့ မဖြစ်အောင် သက်ဆိုင်ရာလုံခြံုရေးတွေ၊ CSOတွေ ပါတီတွေနဲ့ မီဒီယာတွေနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်ဆိုရင် မသမာမှုတွေ လျော့ကျသွားမယ်လို့ ထင်ပါတယ် ” ဟု ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးမှ ပြောသည်။
ရွေးကောက်ပွဲလုံခြံုရေး ချိုးဖောက်ပါက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအ ရထောင်ဒဏ် (၃)နှစ်အထိရှိပြီး ငွေဒဏ် တစ်ရပ်အနေဖြင့်လည်းရှိကြောင်း၊ ကိုယ်ထိလက်ရောက် ပြုမူမှုများရှိှိခဲ့လျှင် ရဲအရေးပိုင်မှုဖြစ်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေအရတည်ဆဲ ဥပဒေနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းကဆက်လက်ရှင်းပြသည်။
အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးစင်တာ(USDP)မှ ရွေးကောက်ပွဲဆိုင်ရာ လုံခြံုရေးအတွက် ဒုပြည်နယ် ရဲတပ်ဖွဲ့မှူးအဆင့်ရှိ ရဲတပ်ဖွဲ့ဝင်များအားခေါ်ပြီး ဖေဖော်ဝါရီ (၅)ရက်နေ့က အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ် ပေးခဲ့ သည်ဟုသိရသည်။