ဝှိုက်ကတ်ကို မဲပေးခွင့်ပြုသည့် ဥပဒေ လေးခုကို ပြန်ပြင်ရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

ဝှိုက်ကတ်ကို မဲပေးခွင့်ပြုသည့် ဥပဒေ လေးခုကို ပြန်ပြင်ရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု
by -
မဇ္စျိမ

 ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တို့၏ ရွေးကောက် ပွဲ ဥပဒေများနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေတို့တွင် ပါဝင်သည့် ''ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူ'' ဟူသော စကားရပ်များကို ပယ်ဖျက်၍ ပြင်ဆင်မည့် ဥပဒေကြမ်းများကို ပြည်ထောင်စုလွှတ်တော်သို့တင်သွင်း ရန် ဖေဖော်ဝါရီ ၂၄ရက်က ပြည်ထောင်စု လွှတ်တော်အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။

''ယာယီသက်သေခံ လက်မှတ်ကိုင် ဆောင်ထားသူဆိုသည့် စကားရပ်များကို ပယ်ဖျက်၍ ပြင်ဆင်သည့် ဥပဒေကြမ်းများကို လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းက ဖြစ်စေ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းက ဖြစ်စေ တည်ဆဲဥပဒေများနှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရန် လိုအပ်ပါမည်'' ဟု ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ယာယီသက်သေခံ လက်မှတ်မဲပေးခွင့်ကို ဥပဒေနှင့်အညီ ပယ်ဖျက်နိုင်ရန် ယခင်က ခွင့်ပြုခဲ့သော ဥပဒေလေးခုတွင် ပယ်ဖျက်နိုင်ရန် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီ ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ထိုကော်မတီဝင် အမရပူရအမတ် ဦးသိန်းထွန်းဦးက လွှတ်တော်၌ ဖတ်ကြားခဲ့သည်။

Whiteidcard-1

လွှတ်တော်၏ အတည်ပြုချက်အရ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းအတည်ပြုရေး ပြည် လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေ ပုဒ်မ ၁၁ (က)၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆ (က)၊ ပုဒ်မ ၁၄ (က)နှင့် ပုဒ်မ ၁၅ (က)၊ အမျိုးသား လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆ (က)၊ ပုဒ်မ ၁၄ (က)နှင့် ပုဒ်မ ၁၅ (က)၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆ (က)၊ ပုဒ်မ ၁၄ (က)နှင့် ပုဒ်မ ၁၅ (က) တို့တွင် ပြဋ္ဌာန်းထားသည့် ''ယာယီသက် သေခံ လက်မှတ်ကိုင်ဆောင်ထားသူ'' ဟူသည့် စကားရပ်များကို ပယ်ဖျက်ကာ ထိုသို့ ပယ်ဖျက်ထားပြီး ဥပဒေကြမ်းလေးမျိုးစလုံးကို ပြည်ထောင်စု လွှတ်တော်သို့ ပြန်တင်သွင်းပြီး အတည်ပြုသွားကြမည််။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဝှိုက်ကတ်ကိုင်သူများ မဲပေးခွင့်ကို လွှတ်တော်က အတည်ပြုခဲ့ခြင်းသည် အခြေခံဥပဒေနှင့် ညီ၊ မညီ ဆုံးဖြတ်ပေးရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ရခိုင်တိုင်းရင်းသား အမတ် ဒေါက်တာ အေးမောင် ဦးဆောင်သည့် တိုင်းရင်းသား အမတ်အချို့က ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ရက်က တင်သွင်းခဲ့ကြပြီး အခြေခံဥပဒေနှင့် မညီကြောင်း ခုံရုံးဥက္ကဋ္ဌက ဖေဖော်ဝါရီ ၂၆ရက်တွင် အကြောင်းပြန်ခဲ့သည်။

ထိုသို့ အကြောင်းပြန်ပြီးနောက် ပြည်ထောင်စုလွှတ်တော် နာယကက လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက် နိုင်ရန် ဥပဒေကြမ်းကော်မတီသို့ တာဝန်ပေးအပ်ခဲ့သည့်အတွက် ယခုအခြေအနေသို့ ရောက်လာ ရကြောင်းလည်း ဦးသန်းထွန်းဦးက ပြောသည်။

Most read this week