အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် အမျိုးသမီးများ၏ ခံနိုင်ရည်စွမ်း သုတေသန အစီရင်ခံစာကို လွွှှတ်တော်တင်မည်

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် အမျိုးသမီးများ၏ ခံနိုင်ရည်စွမ်း သုတေသန အစီရင်ခံစာကို လွွှှတ်တော်တင်မည်
by -
မဇ္စျိမ

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေး ဥပဒေပြဋ္ဌာန်းရာတွင် အထောက်အကူပြုစေရန် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် အမျိုးသမီးများ၏ ခံနိုင်ရည်စွမ်း သုတေသန အစီရင်ခံစာကို လွှတ်တော်သို့ တင်သွင်းမည်ဟု ကျား/မ တန်းတူညီမျှရေးအဖွဲ့မှ ဒေါ်မေစံပယ်ဖြူက ဖေဖော်ဝါရီ ၂၃ရက်တွင် ပြောသည်။

၎င်းက ''အစီရင်ခံစာက ဒီနေ့မှ အရင်ဆုံးမိတ်ဆက်တာ ဖြစ်တယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေး ဥပဒေရေးဆွဲရာမှာပါတဲ့ ဌာနတွေ အကုန်လုံးဆီပို့ပြီး လွွှှတ်တော်က အမျိုးသမီးနဲ့ ပတ်သက်တဲ့ ကော်မတီတွေကို တင်ပြဖို့ရှိပါတယ်။ လတ်တလောမှာတော့ ဝန်ကြီးဌာနတွေကို ညှိနှိုင်းနေပါတယ်။ နေပြည်တော်မှာ ဒီစာတမ်းနဲ့ ပတ်သက်ပြီး ရှင်းလင်းပွဲလုပ်သွားမှာပါ'' ဟု ပြောသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေး ဥပဒေကို လာမည့်မတ်လအတွင်း လွှတ်တော်တွင် အတည်ပြုနိုင်ရန် မျှော်မှန်းထားပြီး အတည်ပြုနိုင်ရေးအတွက် ကျား/မ တန်းတူညီမျှရေး ကွန်ရက် အပါအဝင် အမျိုးသမီးအရေး လှုပ်ရှားသည့် အဖွဲ့များမှ ပိုမိုအားစိုက်လုပ်ဆောင်မည်ဟု ဆိုသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် အမျိုးသမီးများ၏ ခံနိုင်ရည်စွမ်း လေ့လာဆန်းစစ်မှု သုတေသန စာတမ်းကို 'တိတ်ဆိတ်ခြင်း နောက်ကွယ်' ဟု အမည်ပေးထားပြီး မိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၂၃ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။

ဥပဒေပညာရှင် ဒေါ်မြင့်မြင့်ချိုက ''ကျွန်မတို့ဆီမှာ အမျိုးသမီးတွေ အကြမ်းဖက်ခံရတာတွေနဲ့ ပတ်သက်ပြီး တိုင်ကြားရင် ပြစ်မှုဆိုင်ရာ ဥပဒေတွေနဲ့ပဲ အပြစ်ပေးတာ များတယ်။ ထိရောက်မှု သိပ်မရှိဘူးပေါ့။ ဒီတော့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေး ဥပဒေပြဋ္ဌာန်းဖို့ လိုအပ်တယ်။ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အမှုတွေဆိုရင် မိန်းကလေးတွေက တိုင်ကြားရင် တစ်ရှက်က နှစ်ရှက် ဖြစ်ရတယ်။ဒီဥပဒေ ပြဋ္ဌာန်းနိုင်ပြီဆိုရင် one stop service ဆိုတာမျိုးအထိ လုပ်ပေးနိုင်ပြီး အမျိုးသမီးတွေအတွက် ပိုထိရောက်လာမယ်။ ဒီအချက်တွေ ဥပဒေထဲမှာ ထည့်သွင်းစဉ်းစားဖို့ ဒီအစီရင်ခံစာက အထောက်အကူပြုမယ်လို့ ယူဆတယ်'' ဟု ဆိုသည်။

'တိတ်ဆိတ်ခြင်း၏ နောက်ကွယ်' စာတမ်းတွင် လပွတ္တာ၊ လွိုင်ကော်၊ လားရှိုး၊ မကွေး၊ ရန်ကုန်၊ မော်လမြိုင်နှင့် ပခုက္ကူမြို့များရှိ နောက်ခံအခြေအနေ မတူညီသော အမျိုးသမီး ၃၈ဦးကို နှစ်သိမ့်ဆွေးနွေး ပညာပေးများပြုလုပ် ကာ ၎င်းတို့၏ အတွေ့အကြံုများကို တစ်နှစ်ကျော် အချိန်ယူ၍ သုတေသနပြုလုပ်ခဲ့ခြင်း ဖြစ် သည်။ ယင်းအစီရင်ခံစာတွင် အမျိုးသမီးများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်း၊လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများနှင့် အကြမ်းဖက်ခံရခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများ ရရှိလာခြင်း၊ ကြမ်းဖက်မှုကို ကိုင်တွယ်ဖြေရှင်းခြင်း၊ ကျားမရေးရာ စံနှုန်းများနှင့် အကြံပြုချက်များကို အခန်း ခုနစ်ခန်းခွဲကာ ဖော်ပြထားသည်။

Most read this week