ဗိုလ်ချုပ်ရာပြည့်နေ့တွင် ဖွားမြင်သူများကို ထောက်ပံ့ပေး

ဗိုလ်ချုပ်ရာပြည့်နေ့တွင် ဖွားမြင်သူများကို ထောက်ပံ့ပေး
by -
ကန္တာရဝတီတိုင်းမ်

ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့ အမှတ်တရဖြစ်စေရန် ရည်ရွယ်၍ ထိုနေ့တွင် ဖွားမြင်သော ကလေးငယ်များအတွက် ပြည်နယ်ညွန်ကြားချက်ဖြင့် ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီ အတွင်းရေးမှူး ဦးဝီလျှံဇော်ထိုက်က ပြော သည်။

"ဒီကလေးတွေကလည်း ဗိုလ်ချုပ်လိုမျိုးပဲ နောင်တချိန်မှာ တိုင်းပြည်ကို အုပ်ချုပ်မယ့် သူတွေများဖြစ်လာမှာလေ၊ အဲ့ဒါသူတို့ကို ပြုစုပျိုးထောင်ပေးတဲ့အနေနဲ့ ဒီပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ပါတယ် ̋ ဟု ဦးဝီလျှံဇော်ထိုက်က ပြော သည်။

100-ag-san-news

ဒီးမော့ဆိုမြို့နယ်တွင် ဗိုလ်ချုပ်ရာပြည့်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးရုံး တွင် ဖေဖေါ်ဝါရီလ ၁၃ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရကျောင်းသူ ကျောင်းသားများကိုလည်း ဆုများ ချီးမြင့်ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

အလယ်တန်းအဆင့် ဝင်ပြိုင်ခဲ့သူ ကျောင်းသူတစ်ယောက်က "သမီးကတော့ ဒီမှာ ကဗျာဝင်ပြိုင်ပါတယ်။ ဒုတိယဆု ရရှိခဲ့ပါတယ် ̋ ဟုု ပြောသည်။

လွိုင်ကော်မြို့ရှိ အခြေခံပညာ ကျောင်းများတွင် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကဗျာရွတ် ပြိုင်ပွဲများကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစီး၍ ကျင်းပပေးသွားခဲ့ကြောင်းလည်း သိရသည်။

ထို့နည်းတူ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ပြည့်မွေးနေ့ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများကိုလည်း ကယား(ကရင်နီ) တစ်ပြည်နယ်လုံးတွင် ကျင်းပပေးခဲ့ကြောင်း သိရသည်။