ဘူးသီးတောင်မြို့နယ်တွင် ဘင်္ဂလီဓါးပြအဖွဲ့တစ်ခု၏ ပစ်ခတ်မှုကြောင့် လူ နှစ်ဦးသေဆုံး

ဘူးသီးတောင်မြို့နယ်တွင် ဘင်္ဂလီဓါးပြအဖွဲ့တစ်ခု၏ ပစ်ခတ်မှုကြောင့် လူ နှစ်ဦးသေဆုံး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် တစ်ဘက်နိုင်ငံမှ ၀င်ရောက်လာသည်ဟု ယူဆရသော ဘင်္ဂလီ ဓါးပြအဖွဲ့တစ်ခု၏ ဓါးပြတိုက်မှု ဖြစ်စဉ်တစ်ခုတွင် လူနှစ်ဦး သေဆုံးပြီး အနည်းဆုံး လူတစ်ဦးဒဏ်ရာရရှိသွားခဲ့သည်ဟု ဘူးသီးတောင်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ဒီလ ၁၅ရက်နေ့ ညဉ့်အချိန်မှာ ဖြစ်တာပါ။ ဘူးသီးတောင်မြို့နယ်၊ ငရံ့ချောင်း ကျေးရွာအုပ်စု၊ ကျီးနှုတ်သီး ဘင်္ဂလီရွာမှာ ဖြစ်တာပါ။ နှစ်ဦးသေပြီး လူတစ်ဦး ဒဏ်ရာရရှိပါတယ်။ အခု ဖြစ်ပွားတာက နယ်ခြားစောင့်တပ်ဖွဲ့ပိုင် နယ်မြေဆိုတော့ အသေးစိတ်သိချင်ရင် သူတို့ကို မေးပါ” ဟု ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Buthidaung-location-map

နိရဥ္စရာ သတင်းဌာနမှ ဘူးသီးတောင်မြို့နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှူးအား ဆက်သွယ်မေးမြန်းရာ မိမိမှာ နေပြည်တော်တွင် တာဝန်ကျနေပြီး ဘူးသီးတောင်တွင် မရှိတော့ဟု ပြောဆိုသည်။

ဘူးသီးတောင်မြို့နယ်  ရခိုင်အမျိုးသားပါတီ (ANP)ကော်မတီဝင် ဦးသန်းလိူင်ကို ဆက်သွယ်မေးမြန်းရာ သေဆုံးသူနှစ်ဦးမှာ ကျီးနှုတ်သီးကျေးရွာနေ အဒူကော်နီ၏ သားများဖြစ်ကြသော အသက်(၂၁)နှစ်အရွယ် ရာမောက်အူလာနှင့် အသက် (၁၇)နှစ်အရွယ် အန်နဝါမူလာတို့ ဖြစ်ကြောင်း ပြောဆိုသည်။

တစ်ဒါဇင် နီးပါးခန့်ရှိသော ဘင်္ဂလီဓါးပြများသည် တူးမီး(လက်လုပ်သေနတ်)များကို ကိုင်ဆောင်ကာ အိမ်ထဲသို့ ၀င်ရောက်လာပြီး ခုခံရန် ကြိုးစားသူ အိမ်သားများကို ပစ်ခတ်ရာမှ အဒူကော်နီ၏ သားငယ်နှစ်ဦးမှာ သေဆုံးသွားသည်ဟု သူက ဆက်လက်ပြောကြားသည်။

ဓါးပြများသည် အဒူကော်နီအိမ်မှ ကျပ်(၁၀)သိန်းခန့် တန်ဖိုးရှိရွှေငွေများအား လုယူသွားပြီးနောက်၊ နောက်ထပ် ၎င်းရွာထဲမှ ဦးဘာဆာမျှာ၏ နေအိမ်ကိုလည်း လက်ဝတ်ရတနာများကို ဓါးပြတိုက်ပြီး လုယူသွားသည်ဟု သိရသည်။

ယခု ဓါးပြတိုက်သူများမှာ တစ်ဘက်နိုင်ငံသို့ ထွက်ပြေးနေသော ဘီဒီပြေးများ ဖြစ်ပြီး မကြာခဏ တစ်ဘက်နိုင်ငံမှ ၀င်ရောက်ပြီး ဓါးပြတိုက်မှုများကို ကျူးလွန်နေသည် ရဲတာဝန်ရှိသူက ပြောကြားသည်။

ယခုအခါ အဒူကော်နီမှ တောင်ဘဇားရဲစခန်းတွင် အမှုဖွင့်ထားပြီး တာဝန်ရှိသူများက ဓါးပြများကို လိုက်လံရှာဖွေမှုများ ပြုလုပ်နေသည်ဟု သိရသည်။