၀ိှုက်ကတ်ကိုင်သူ မဲပေးခွင့်ပယ်ဖျက်ရေး ရန်ကုန်တွင် စတင်ဆန္ဒဖော်ထုတ်

၀ိှုက်ကတ်ကိုင်သူ မဲပေးခွင့်ပယ်ဖျက်ရေး ရန်ကုန်တွင် စတင်ဆန္ဒဖော်ထုတ်
by -
နိရဥ္စရာ

၀ိှုက်ကတ်ကိုင်ဆောင်သူ မဲပေးခွင့် ပယ်ဖျက်ရေးအတွက် ဆန္ဒဖေါ်ထုတ်ပွဲကို ရန်ကုန်အခြေစိုက် ရခိုင် အဖွဲ့အစည်းများ ပူးပေါင်း၍ ရန်ကုန်တွင် ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် စတင်ပြုလုပ်သည်။

ဆန္ဒဖေါ်ထုတ်သူများသည် ရွှေတိဂုံအရှေ့မုခ်ရှိ ကြေးသွန်းဘုရားရှေ့တွင် စုဆုံခဲ့ကြပြီး နေ့လယ် ၂နာရီခန့်တွင် ယင်းမှတဆင့် ကျိုက္ကဆံကွင်းထိ ချီတက်ပြီး ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်။

White-card-protest-inMyanmar

လမ်းလျှောက်ချီတက် ဆန္ဒဖေါ်ထုတ်ရာတွင်  ပါ၀င်သူများသည် တီရှပ်အဖြူများကို ၀တ်ဆင်ပြီး ဆိုင်းဘုတ်များ၊ ပိုစတာများကို ကိုင်ဆောင်ပြီး ကြွေးကြော်သံများကို ကြွေးကြော်ကာ  ဆန္ဒပြခဲ့ကြသည်။

ကြွေးကြော်သံများမှာ ၁။ယာယီသက်သေခံလက်မှတ်(White Card) မဲပေးခွင့်ပယ်ဖျက်ရေး- (ဒိုအရေး ) ၂။ (White Card) မဲပေးခွင့်ပြုသူ (ဒို ့ရန်သူ)  ၃။ ပြည်ထောင်စုအရေးမှာ တိုင်းတပါးသား ဆန္ဒပြုခြင်း (အလိုမရှိ)  ၄။ တိုင်းရင်းသားအရေး အလေးထား- ခေတ်သစ်ကိုလိုနီများအား (သတိထား) ၅။ အနောက်တံခါးလုံခြုံရေ(White Card ) (မဲပေးခွင့်ပယ်ဖျက်ပေး) ၆။ ကိုလိုနီလက်သစ်ကို ဖိတ်ခါ်သူ( ဒို ့ရန်သူ)တို့ဖြစ်ကြသည်။

ဆန္ဒဖေါ်ထုတ်ပွဲကို ဦးဆောင်သူ တစ်ဦးဖြစ်သူ ကိုညီညီမောင်က  “ ဒီပြည်ထောင်စု အမတ်တွေကို ကျွန်တော်တို့ ပြည်သူတွေက ရွေးတာဖြစ်တယ်။ ပြည်သူတွေဆိုတာ အဲဒီ အမတ်တွေထက် အာဏာ ရှိတယ်။ မြန်မာနိုင်ငံရဲ့ အာဏာဟာ မြန်မာနိုင်ငံသား၊ နိုင်ငံသားတို့ထံမှာပဲရှိတယ်။ အဲ့ဒီအမတ်တွေထဲကပဲ သမ္မတဆိုတာရွေးတာ။ သမ္မတဟာလဲ ကျွန်တော်တို့ ရွေးကောက်တင်မြောက်တာပဲ ဖြစ်တယ်။ ကျွန်တော် လွှတ်တော်အမတ်တွေကို ပြောချင်တာက မျက်နှာ မများကြပါနဲ့။ သန်း၆၀သောပြည်သူကို ကြည့်ကြပါလို့ ကျွန်တော်ပြောချင်တယ်။ ၀ိှုက်ကတ် ကိုင်ဆောင်ထားတဲ့ ဗမာစကား မပြောတက်တဲ့၊ မြန်မာစာမတက်တဲ့ မြန်မာနိုင်ငံသားတို့ရဲ့ အလံကို အလေးမပြု၊ မီးရှို့နေကြတဲ့ လူတွေကို မဲပေးခွင့်ပြုမယ်ဆိုရင် နိုင်ငံတော်ရဲ့ အချုပ်အချာအာဏာ ကျဆုံးသွားနိုင်တယ်လို့ ပြောချင်တယ်”  ဟု ပြောသည်။

ဆန္ဒထုတ်ဖော်ရာတွင်ပါ၀င်သူ မအေးသန္တာက “ အစိုးရကဘာလဲ၊ တိုင်းပြည်ကို ဆူပူအောင် လုပ်နေတာလား၊ ဒီဝှိုက်ကတ် ကိုင်ဆောင် သူတွေကို မဲပေးခွင့် ပေးလိုက်မယ်ဆိုရင် တိုင်းပြည် မီးဟုန်းဟုန်း တောက်လောင် သွားမယ်ဆိုတာ နည်းနည်းမှ နားမလည်ဘူးလား။ သေချာလဲ စဉ်းစားပြီးလုပ်ကြပါအုံး။ ရှင်တို့မဲရဖို့အတွက် ကျွန်မတို့ချစ်တဲ့ တိုင်းပြည်ကို မရောင်းစားကြပါနဲ့။ ကျွန်မတောင်းပန်ပါတယ်။ ကျွန်မတို့ ပြည်သူတွေကို တကယ်ချစ်တယ်ဆိုရင် ဒီဝှိုက်ကတ် ကိစ္စကို ပြန်လည်ပြီး ပြင်ဆင်ပေးပါ”ဟု သူမ၏ ခံစားချက်ကို နိရဥ္စရာသတင်း ဌာနသို ့ပြောသည်။

ယာယီသက်သေခံလက်မှတ် (White Card ) မဲပေးခွင့်ပယ်ဖျက်ရေး ဆန္ဒထုတ်ဖော်မူကို ရခိုင်လူငယ်များ အဖွဲ ့(ရန်ကုန်)နှင့် Myanmar National Network တို့မှလည်း ပူးပေါင်း ပါ၀င်ခဲ့ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ထုတ်ပွဲတွင် ရဟန်းတော်များ အပါအဝင် လူပေါင်း ၃၀၀ ခန့် ပူးပေါင်းပါ၀င်ခဲ့ပြီး ညနေ ၄နာရီတွင် အောင်မြင်စွာဖြင့် အဆုံးသတ်ခဲ့သည်ဟု သိရသည်။ ဆန္ဒဖေါ်ထုတ်ပွဲအား ရ ရက်တိုင်တိုင် ပြုလုပ် မည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေ့လယ်တွင်လည်း ဆက်လက်စုဆုံပြီး ဆန္ဒပြကြမည်ဟု သိရသည်။

Most read this week