ပြည်ထောင်စုနေ့ အခမ်းအနားအတွက် UNFC ကို နေပြည်တော်အစိုးရ မဖိတ်

ပြည်ထောင်စုနေ့ အခမ်းအနားအတွက် UNFC ကို နေပြည်တော်အစိုးရ မဖိတ်
by -
သျှမ်းသံတော်ဆင့်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်ဦးဆောင်ကျင်းပသည့် ပြည်ထောင်စုနေ့အခမ်းအနားအား ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)ကို ဖိတ်ကြားခြင်းမရှိသည့်အတွက် တိုင်းရင်းသား ခေါင်းဆောင်အများစု တက်ရောက်ခွင့်မရဟု ဆိုသည်။

ဖေဖေါ်ဝါရီ ၁၂ရက်နေ့ကျရောက်သည့် ၆၈နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအား နေပြည်တော်၌ ကျင်းပပြီး နိုင်ငံတော် သမ္မတကိုယ်တိုင် ညနေပိုင်း၌ ဂုဏ်ပြုညစာအခမ်းအနားဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ် ပါသည်။ ထို့အတူ ငြိမ်းချမ်းရေး ဆက်လက်ဖေါ်ဆောင်နိုင်ရေး သဘောတူညီချက် လက်မှတ်လည်း ရေးထိုးကြ မည်ဟုဆိုသော်လည်း UNFC ကို ဖိတ်ကြားခြင်းမရှိဟု ခေါင်းဆောင် နိုင်ဟံသာ က ပြောသည်။

Union meeting 1

“ဒီလ ၅ ရက်နဲ့ ၆ ရက်နေ့မှာ ကျနော်တို့ UNFC အနေနဲ့ကော NCCT အနေနဲ့ပါ ဦးအောင်မင်းနဲ့ တွေ့တယ်။ အဲဒီတွေ့ဆုံမှုမှာ နားလည်မှုမရဘူး။ ပြည်ထောင်စုနေ့မှာ ထပ်ပြီး ဆွေးနွေးဖို့ ကျနော်တို့ UNFC ကိုယ်စားလှယ်အဖွဲ့အနေနဲ့သွားဖို့ ပြင်ဆင်ထားတယ်။ အဲဒီလုပ်ထားတဲ့အနေနဲ့ တဘက်က UNFCကို မဖိတ်ဘူး သီးခြားအဖွဲ့အနေနဲ့ဘဲ ဖိတ်တာ။ UNFCကို အသိအမှတ်မပြုတဲ့သဘောမျိုးပေါ့ဗျာ။ ဒါ့ကြောင့် မသွားဖြစ်တာပါ”  ဟု ဒုတိယဥက္ကဌ နိုင်ဟံသာက ပြောသည်။

Union Meeting 2

နိုင်ငံတော်သမ္မတကြီး၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုနေ့ ညစာစားပွဲနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ဖိတ်ထားသော တိုင်းရင်းသားအဖွဲ့ ၁၆ ဖွဲ့အနက် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)တို့ တက်ရောက်ခြင်း မရှိကြောင်း သိရသည်။

Most read this week