H.E Thura U Shwe Mann အမည်ဖြင့် facebook အကောင့်မှာပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း အမှန်တကယ် အသုံးပြုနေသည့် အကောင့်ဖြစ်နိုင်သည်ဟု ပြည်ထာင်စု လွှတ်တော်ရုံး လက်ထောက် ညွန်မှူး ဦးစန်းမောင်လှိုင်က မဇ္ဈိမကို ပြောသည်။
Profile Picture မှာ လွှတ်တော်တက်သည့် ဝတ်စုံဖြင့်ဖြစ်ပြီး Cover Photo မှာ လွှတ်တော်ပုံဖြစ် ကာ ဖေဖော်ဝါရီလ ၁၀ ရက် ညနေ ၄ နာရီအချိန်တွင် ကြည့် ရှုချက်အရ ယင်းအကောင့်ကို အသုံးပြုချိန်မှာ ၂၂ နာရီခန့်သာ ရှိသေးသည်။
“အမှန်ဖြစ်နိုင်တယ်။သေချာတော့ မသိဘူး။ ပထမ ရှမ်းဝတ်စုံနဲ့ အကောင့်တစ်ခုလည်း ရှိသေးတယ်။ ရှမ်းဝတ်စုံ နဲ့တုန်းက အကောင့်ကတော့ ဘယ်သူတွေ တင်နေလဲမသိဘူး။ ဒီအကောင့်ကတော့ အစစ်ဖြစ်နိုင်တယ်”ဟု ဦးစန်းမောင်လှိုင် ကပြောသည်။
လူမှုကွန်ယက်တွင် ပထမဆုံးတင်သည့် Post မှာ ၎င်း၏ ကိုယ်ရေးအကျဉ်းဖြစ်ပြီး ဒုတိယနှင့်နောက်ဆုံး တင်ထားသည့် ပို့စ်သည် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ်တွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပေးပို့သည့် သဝဏ်လွှာကို တင်ထားခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် လူမှုကွန်ယက် စာမျက်နှာတွင် လူသိများသူများမှာ ပြန်ကြားရေး ၀န်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်နှင့် လွှတ်တော်အမတ် ဦးလှဆွေ တို့ဖြစ်သည်။