အဖြူရောင်ကဒ်ကိုင်သူများ မဲပေးခွင့် မပယ်မချင်း တစ်နိုင်ငံလုံးအတိုင်းဖြင့် ဆက်တိုက်ဆန္ဒထုတ်ဖော်သွားမည်

အဖြူရောင်ကဒ်ကိုင်သူများ မဲပေးခွင့် မပယ်မချင်း တစ်နိုင်ငံလုံးအတိုင်းဖြင့် ဆက်တိုက်ဆန္ဒထုတ်ဖော်သွားမည်
by -
နိရဥ္စရာ

အဖြူရောက်ကဒ်ခေါ် နိုင်ငံတွင်း ယာယီနေထိုင်ခွင့်လက်မှတ် ကိုင်ဆောင်သူများအား ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ပြုရန် ဖေဖော်ဝါရီ (၂) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့မှုနှင့် ပတ်သက်၍ အဖြူရောက်ကဒ်ပြား (နိုင်ငံခြားသားများ) ကိုင်ဆောင်သူများအား မဲပေးခွင့် မပယ်မချင်းတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြင်းပြင်းထန်ထန် ဆက်တိုက် ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပဏ္ဍိတရာမ ကျောင်းတိုက်တွင် ဖေဖေါ်ဝါရီလ ၄ ရက်နေ့က ကျင်းပသည့် အဖြူရောင်ကဒ်(White Card) မဲပေးခွင့်ပယ်ချရေးကော်မတီများ အစည်းအဝေးမှ တညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။

ဆန္ဒပြပွဲကို ဖေဖေါ်ဝါရီလ ၈ ရက်နေ့မှ စတင်ပြုလုပ်မည်ဟု သိရသည်။ ယခုကဲ့သို့ ဆုံးဖြတ်ချက်ချလိုက်သည့်အပေါ် သြဝါဒစရိယဆရာတော် ဦးပါမောက္ခမှ နိရဥ္စရာ သို ့ယခုကဲ့ သို ့မိန်ကြား သည်။

“အစိုးရကတင်တာကို လွှတ်တော်ကနေ ဆုံးဖြတ်ထားတယ်။ ဒါကို ဦးပုဇင်းတို့က ကန့်ကွက်ရင် အစိုးရကတော့ လုံးဝကြိုက်မှာ မဟုက်ဘူးဆိုတာကို ဘုန်ကြီးတို့လည်း ထည့်တွက်ထားပြီးသားပါ။ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ဘုန်းကြီးတို့ မြန်မာနိုင်ငံရဲ့ ကံကြမ္မာကို မြန်မာနိုင်ငံသားတွေကသာလျှင် ဖန်တီးခွင့်ရှိပါတယ်။ နိုင်ငံသားမဟုတ်သေးတဲ့ ၀ိှုက်ကတ်(အဖြူရောင်ကဒ်)သမားတွေက ဖန်းတီခွင့်မရှိပါဘူး။ ဒါကြောင့်မို ့ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးခွင့်ရှိအောင် လုပ်ရမယ်။ လွှတ်တော်ကို အားကိုးနေလို ့မရဘူး’’ ဟု ဆရာတော် ဦးပါမောက္ခမှ မိန် ့သည်။

အဖြူရောက်ကဒ် မဲပေးခွင့်ကို မပယ်ဖျက်သရွှေ့ အချိန်ကန့်သတ်ချက် မရှိ၊ ရက်ကန့်သတ်မရှိ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ပြင်းပြင်ထန်ထန် ဆန္ဒပြ ကန့်ကွက်သွားမည်ဖြစ်ပြီး နေပြည်တော်အထိ လမ်းလျှောက် ဆန္ဒပြသွားမည် ဖြစ်ကြောင်းလည်း ဆရာတော်ပါမောက္ခမှ ဆက်လက်မိန် ့ကြားသည်။

၀ိှုက်ကတ် မဲပေးခြင်း ပယ်ဖျက်ရေး ကော်မတီအဖွဲ ့ဝင်တစ်ဦးဖြစ်သူ ရခိုင်လူငယ်များအဖွဲ့ (ရန်ကုန်)မှ ကိုညီညီမောင်ကလည်း နိရဥ္စရာသတင်းဌာနသို ့ယခုလိုပြောသည်။

“နိုင်ငံတာ်ရဲ့ အချုပ်အာဏာဆိုတာ ၂၀၀၈အခြေခံဥပဒေ အခန်း(၁)၊ အပိုဒ်ခွဲ(၄)မှာပါတယ်။ နိုင်ငံသားတို့၏ အချုပ်အချာအာဏာဆိုသည် နိုင်ငံသားတို့ထံမှ စီးဆင်းပြီး နိုင်ငံတစ်ဝန်းလုံး အာဏာတည်သည်ဟု ပါရှိတယ်။ ဆိုလိုတာက နိုင်ငံသားတို့သာ နိုင်ငံအရေးကို စီရင်ပိုင်ခွင့်ရှိပါတယ်။ နိုင်ငံသားတို့သာ စီရင်ပိုင်ခွင့်ရှိတဲ့ ကိစ္စတစ်ခုကို နိုင်ငံသားမဟုတ်တဲ့ ၀ိှုက်ကတ်(အဖြူရောင်ကဒ်)သမားတွေကို မဲပေးခွင့်ပြုတယ်ဆိုတာ အခြေခံ ဥပဒေနဲ့လည်း လုံးဝ မကိုက်ညီဘူး။ လုံးဝလွဲချော်နေပါတယ်။ ဒါတွေကို ကျနော်တို့ အနေနဲ ့လုံးဝ မကျေနပ်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုအခါ အဖြူရောင်ကဒ် ကိုင်ဆောင်သူများအား မဲထည့်ခွင့်ပြုမှုကို မလိုလားကြသော အဖွဲ့အစည်းများ အားလုံး စုပေါင်းဆန္ဒပြရန် သဘောတူညီမှု ရရှိထားပြီ ဖြစ်ကြောင်း ကိုညီညီမောင်က ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲကို ဖေဖေါ်ဝါရီလ ၈ ရက် နေ့လယ် ၁ နာရီတွင်  ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြေးသွန်း ဘုရားကြီးမှ စတင်မည်ဖြစ်ပြီး ၄င်းဆန္ဒပြ ကန့်ကွက်မှုကို (၇)ရက်ဆက်တိုက် ပြင်းပြင်းထန်ထန် ပြုလုပ်သွားမည်ဖြစ်သည့် အပြင် (၇)ရက်မြောက်သည့် အချိန်အထိ အကြောင်းအရာ တစ်စုံတစ်ရာ ထူးခြားမူမရှိပါက ရန်ကုန်မြို့မှ နေပြည်တော် အထိ ချီတက်ဆန္ဒပြ ကန့်ကွက်သွားမည်ဖြစ်ကြောင်း အဖြူရောင်ကဒ်(White Card) မဲပေးခွင့် ပယ်ချရေးကော်မတီများ၏ ဆုံးဖြတ်ချက်အရ သိရသည်။

Most read this week