သပိတ်စစ်ကြောင်းတွင် ပါဝင်သည့် ၁၀ တန်း ကျောင်းသူ ရန်ကုန်ထိ လိုက်ပါက မိဘကခွင့်ပြုမည်ဆို

သပိတ်စစ်ကြောင်းတွင် ပါဝင်သည့် ၁၀ တန်း ကျောင်းသူ ရန်ကုန်ထိ လိုက်ပါက မိဘကခွင့်ပြုမည်ဆို
by -
မဇ္စျိမ

ဧရာဝတီ သပိတ်စစ်ကြောင်းတွင် လိုက်ပါ ဆန္ဒဖော်ထုတ်သူ ပုသိမ်မြို့၊ အမှတ် ၁၊ အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း ကျောင်းသူ မချောစုစံ၏ မိဘဖြစ်သူ ဦးကျော်သူရက သမီးဖြစ်သူဆန္ဒရှိပါက သပိတ်ကြောင်းတွင် ဆက်လက်လိုက်ပါခွင့်ပြုမည်ဟု မဇ္ဈိမကို ပြောသည်။

မချောစုစံ ဖခင်ဦးအောင်ကျော်သူမှ ''ကျွန်တော်တို့သမီး ရန်ကုန်သွားမယ်ဆိုလည်း စာအုပ်တွေယူပြီးလိုက် ပါပေးမယ်။ လမ်းမှာ စာကျက်လို့ ရတယ်။ ကျောင်းသားတွေနဲ့ သပိတ်စစ်ကြောင်းမှာ ပါဝင်တာလည်း ကျွန်တော်တို့သိတယ်။ သမီးကျောင်း ဆက်တက်မှာပါ။ အခု ကျောင်းသားထုနဲ့ ဆိုင်တာမို့ ဆန္ဒဖော်ထုတ်ပွဲ မှာ ပါဝင်ခွင့်ပြုခဲ့တယ်'' ဟု ပြောသည်။

မချောစုစံ ကျောင်းပျက်ကွက်နေမှုနှင့် ပတ်သက်၍ ကျောင်းအုပ်ကြီးက မချောစုစံနှင့် မိဘအုပ်ထိန်းသူများကို ဇန်နဝါရီ ၃၁ ရက်ညနေ ၄ နာရီတွင် တွေ့ဆုံခဲ့သည်။

အဆိုပါ ကျောင်းသူမှာ ဒသမတန်း(ခ)တွင် ပညာသင်နေသူဖြစ်ပြီး ဧရာဝတီသပိတ်စစ်ကြောင်း ပုသိမ်မြို့ တွင်း လှည့်လည်စဉ် သပိတ်ကျောင်း၌ ပါဝင်ဆန္ဒထုတ်ဖော်ခဲ့သူဖြစ်သည်။

ကျောင်းအုပ်ကြီး ဦးသန်းစိုးက ''ကျွန်တော်တို့ သူ့ခေါ်တွေ့တာ ကျောင်းပျက်ချိန်တွေ များနေလိ့ုခေါ်တွေ့တာပါ။ သူ့ကို ကျောင်းထုတ်တာတွေ၊ ကျောင်းက ဖိအားပေးတာတွေ မလုပ်ပါဘူး။ သူတို့ကို ခေါ်မေးတာပါ ကျောင်းနဲ ့အိမ်ကြားမှာ တစ်နေရာသွားတာတွေရှိမှာ'' ဟု ပြောသည်။

မချောစုစံနှင့်ပတ်သက်၍ ဧရာဝတီသပိတ်စစ်ကြောင်း ဦးဆောင်ကော်မတီ ကိုဖြိုးထက်ကျော်က ''ကျွန်တော်တို့ နိုင်ငံတော်အစိုးရနဲ့သဘောတူထားတဲ့ အချက်တွေမှာ သပိတ်စစ်ကြောင်းမှာပါ တယ်။ ကျောင်းသားတွေကို ပုဒ်မ ၁၈ နဲ့ကော ကျောင်းတွေက ဖိအားပေးပြီး ထုတ်ပစ်တာတွေမလုပ်ဖို့ သဘော တူထားပါတယ်' ဟု ပြောသည်။

ဧရာဝတီသပိတ်စစ်ကြောင်းတွင် ပခုက္ကူ၊ရန်ကုန်နှင့် ပုသိမ်တို့မှာ ကျောင်းသားအင်အား ၁ဝဝ ကျော်က ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။