စစ်တွေမြို့တွင်း ချောင်းအား အစိုးရကပြန်တူးရာတွင် နေအိမ် ၂ဝဝ ကျော် လွတ်ကင်းမှုမရှိဖြစ်နေ

စစ်တွေမြို့တွင်း ချောင်းအား အစိုးရကပြန်တူးရာတွင် နေအိမ် ၂ဝဝ ကျော် လွတ်ကင်းမှုမရှိဖြစ်နေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မြို့လယ်ချောင်းအား ပြန်လည်တူးဖော်ရာတွင် ချောင်းတစ်လျှောက်ရှိ လူနေအိမ်ခြေ ၂ဝဝ ကျော်နှင့်လွတ်ကင်းမှုမရှိဖြစ်နေသော်လည်း ဆက်လက်တူးဖော်နေဆဲဖြစ်  ကြောင်း ဒေသခံ များက ပြောသည်။

“တူးနေတုန်းပါပဲ။ အိမ်​တွေကိုတော့ warning ဝမ်နိန် ပေးထားတယ်။ အခြေအနေကောင်းမယ်လို့ ထင်တယ်” ဟု စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက နိရဥ္စရာသို့ ပြောသည်။

DSCN8483

ချောင်းနံဘေးတစ်လျှောက်ရှိ အဆိုပါအိမ်ခြေ ၂ဝဝ ကျော်၏ နောက်ဖေးခြံမြေများအပြင် အချို့အိမ်များ ၏နောက်ဖေးခြံစည်းရိုးများလည်း နဂိုရှိနှင့်ပြီးအတိုင်းအတာ အထိရောက်အောင် ပြန်လည်တူးဖော်မည့်ချောင်း၏ ဧရိယာအတွင်း ပါဝင်နေသည်ဟုဆိုသည်။

“လွတ်ကင်းမှုမရှိတဲ့ အိမ်ပိုင်ရှင်တွေ၊ စည်ပင်ဌာန၊ မြေစာရင်း၊ မြို့မိမြို့ဖတွေနဲ့ တိုင်ပင်ဆွေးနွေးနေ ကြပါတယ်”ဟု ဦးသန်းထွန်းက ဆိုသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်၊ ဇူလိုင်လအတွင်းမှစတင်တူးဖော် ခဲ့သည့် အဆိုပါစီမံကိန်းမှာ တစ်ပတ်ခန့်သာတူးဖော်ခဲ့ရပြီး အဆိုပါချောင်းတစ်လျှောက်ရှိ လူနေအိမ် ၂ဝဝ ကျော် ၏ နောက်ဖေးခြံမြေများနှင့်လွတ်ကင်းမှုမရှိဖြစ်နေ၍ လုပ်ငန်းများရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။

သို့သော် ယခုအခါ အဆိုပါနေအိမ်ပိုင်ရှင်များကလည်း မြို့၏လိုအပ်ချက်ဖြစ်သည့်အ တွက် ပြဿနာမ ဖြစ်ရေးကိုဦးတည်ကာ အကောင်းဆုံးဖြစ်အောင် လိုက်လျောပေးကြောင်း လည်း ဒေသခံများက ဆိုသည်။

မြို့တွင်းမှ ရေထွက်ပေါက်တစ်ခုသဖွယ်ဖြစ်နေသည့် အရှည် ၁ မိုင်ကျော်ခန့်ရှည်လျားသည့် အဆိုပါမြို့ လယ်ချောင်းမှာ မြို့၏အရှေ့ဘက်ခြမ်းရှိ ကုလားတန်မြစ်မှစတင်စီးဝင်ကာ မြို့တွင်းကိုဖြတ်ကျော်၍ မြို့တွင်းရပ် ကွက်တစ်ခုဖြစ်သည့် အောင်မင်္ဂလာရပ်ကွက် (အင်ဘာလာရပ်ကွက်)အထိ စီးဆင်း နေသည့် ချောင်းငယ်တစ်ခု ဖြစ်သည်။

အဆိုပါချောင်းအတွင်းသို့ ၁၉၉ဝ ခုနှစ်မတိုင်မီက မော်တော်ဘုတ်များနှင့် စပါးရောင်းဝယ်သည့် သမ္ဗာန် များဝင်ရောက်သွားလာနိုင်သည်အထိကျယ်ဝန်းနက်ရှိုင်းခဲ့သော်လည်း ၁၉၉ဝ ခုနှစ် နောက်ပိုင်းတွင် နေအိမ်များ တဖြေးဖြေးတိုးချဲ့တည်ဆောက်လာခြင်းအပြင် စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်ကြသည့်အတွက်အဆိုပါချောင်းမှာယခုကဲ့သို့ကျဉ်းမြောင်းတိမ်ကောလာ ခြင်းဖြစ်သည်။

ယင်းသို့ကျဉ်းမြောင်းလာခြင်းကြောင့် မိုးတွင်းတွင် မြို့တွင်းမှစီးဆင်းရမည့်ရေများမှာ မြို့လယ်ချောင်း အတိုင်းစီးဆင်းခြင်းမရှိတော့ဘဲ မြို့တွင်း၌ရေ ကြီးရေလျှံမှုများဖြစ်ပွားလာနေကြောင်း မြို့ခံများက ဆိုသည်။

Most read this week