ဗိုလ်ရှုသဘင်အတွက် ပြည်ထဲရေးနှင့် ဆောက်လုပ်ရေးက ကျပ်သန်း ၄၀၀၀ ကျော်သုံးစွဲခဲ့

ဗိုလ်ရှုသဘင်အတွက် ပြည်ထဲရေးနှင့် ဆောက်လုပ်ရေးက ကျပ်သန်း ၄၀၀၀ ကျော်သုံးစွဲခဲ့
by -
မဇ္စျိမ

 ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့က ကျင်းပခဲ့သည့် ဗိုလ်ရှုသဘင် အခမ်းအနားအတွက် ပြည်ထဲရေး ဝန်ကြီးဌာနက သမ္မတ သီးသန့်ရန်ပုံငွေမှ ကျပ် သန်း ၄,၀၆၉ သုံးစွဲခဲ့သည်ဟု သိရသည်။

၂၀၁၄ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေပါ သီးသန့်ရန်ပုံငွေမှ ကျပ်သန်း ၁၂,၀၄၃ သုံးစွဲခဲ့ရာတွင် ပြည်ထဲရေး ဝန်ကြီးဌာနက ဗိုလ်ရှုသဘင် အခမ်းအနားအတွက် သန်း ၁,၀၀၀ ကျော် သုံးစွဲခဲ့ခြင်း ဖြစ်သည်။

Army-1

ထို့ပြင် ဆောက်လုပ်ရေး ဝန်ကြီးဌာနကလည်း ဗိုလ်ရှုခံစင်မြင့် တည်ဆောက်ရေးအတွက် ကျပ် သန်း ၃,၀၀၀ သုံးစွဲခဲ့သည်ဟုလည်း သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့သောစာတွင် ဖော်ပြထားသည်။

သမ္မတ၏ သီးသန့်ရန်ပုံငွေမှ ပြည်ထဲရေး ဝန်ကြီးဌာန၊ လယ်ဆည် ဝန်ကြီးဌာန၊ မွေးရေ ဝန်ကြီးဌာန၊  နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် အစိုးရများကလည်း တောင်းခံခဲ့ကြသည်။

ဗိုလ်ရှုသဘင် စင်မြင့် တည်ဆောက်ခြင်းကို လွှတ်တော် ကိုယ်စားလှယ်အချို့က ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလက ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် ကန့်ကွက်ခဲ့သည့် အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဘက်ဂျက်မှ သမ္မတ၏ သီးသန့်ရန်ပုံငွေဖြင့် ပြောင်းလဲ သုံးစွဲခဲ့ခြင်း ဖြစ်သည်။