ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့နယ်၊နမ့်တောင်ကျေးရွာ အုပ်စုကောင်း ခါးကျေးရွာတွင် အသတ်ခံရ ၍သေဆုံး ခဲ့ရသည့် ကချင်တိုင်းရင်း သူကျောင်းဆရာမနှစ်ဦးနှင့် ပတ်သက် ၍ကျောက်တံတား မြို့နယ်၊ မဟာဗန္ဓုလ ပန်းခြံဝင်းထဲ ရှိကျောက်တိုင်ရှေ့တွင် အမျိုးသမီး အဖွဲ့များက အမှုမှန်ပေါ်ပေါက်ရေး သီး ခြား စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းပေးရန် ဇန်နဝါရီ ၂၃ရက်တွင် ဆုတောင်းပွဲ ပြုလုပ်တောင်း ဆိုလိုက်သည်။
အဆိုပါဆုတောင်းပွဲသို့ အမျိုးသမီး အဖွဲ့များ အပါအဝင် အရပ်ဘက် အဖွဲ့အစည်းများမှ လူအင်အား ၃ဝကျော် ဖြင့် ပန်းခွေချခြင်း၊ တစ်မိနစ်ငြိမ် သက်ခြင်း တို့ပြု လုပ်ခဲ့ကြသည်။
မြန်မာနိုင်ငံ အမျိုးသမီး များအဖွဲ့ချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူး(၂)ဒေါ်ဂျူလီယာ က''ကျွန်မ တို့မျှော် လင့်တာက သမ္မတ တက်လာ ပြီးနောက် ပိုင်းမှာ ဒီအမှုတွေကို တစ်စုံတစ်ရာ အမှုမှန်ပေါ်ပေါက်အောင် စုံ စမ်းမယ် လို့မျှော်လင့်တယ်။ အမှု မှန်ပေါ်ပေါက် လာအောင် သီးခြားစုံ စမ်းစစ်ဆေး တဲ့ကော်မတီ အဖွဲ့ ဖွဲ့ဖို့တောင်း ဆိုနေတာပါ။ အမျိုးသမီးတွေ ထပ်မံပြီး မုဒိမ်းကျင့် သတ်ဖြတ်မှု မခံရလေအောင် အစိုးရ လုံခြံုရေးတွေ ပိုပြီး ထားရှိ သင့်တယ်'' ဟုပြောသည်။
အမျိုးသမီး အဖွဲ့များကွန်ရက် (မြန်မာ)မှညှိနှိုင်းရေး မှူးဒေါ်မာမာချိုက''အမျိုးသမီးတွေကို မုဒိမ်းကျင့်စရာ သဘောထား ကြတာလား။ အမျိုးသမီးတွေ ကိုလက် နက်သဖွယ် အသုံးချစရာလား။ အမှုမှန်ပေါ်ပေါက်ဖို့အတွက် လုပ်ဆောင်သွားမယ်။ မုဒိမ်းကျင့်ခံ ရတာနဲ့ ပတ်သက်ပြီး အမှုတွေနိုင် တယ်ဆိုတာ မရှိခဲ့ဘူး။ဒီတစ် ခါလုံးဝ မခံစားနိုင်တော့ဘူး။ အမှု မှန်ပေါ်ပေါက်ဖို့ အတွက်တောင်း ဆိုပါတယ်'' ဟုပြောသည်။
အဆိုပါအသတ်ခံခဲ့ရသည့် အသက် ၂ဝ အရွယ်ရှိ ကချင်တိုင်းရင်း သူကျောင်းဆရာ မနှစ်ဦးမှာ မရမ်လုရာနှင့် တန်တောင်ခေါန် နန်ဒင့်တို့ ဖြစ်ပြီး ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) ၏ အစီ အစဉ်ဖြင့်ကောင်း ခါးကျေးရွာ မှကလေး ငယ်များကို ၂ဝ၁၄ ခုနှစ်နှစ် ဆန်းပိုင်း မှစ၍ အခမဲ့စေ တနာ့ ဝန်ထမ်း ပညာ သင်ကြားပေးနေ သူများဖြစ်ပြီး ဘုရားကျောင်းဝင်း အတွင်းရှိနေထိုင် ရာအိမ်ခန်းတွင် ဇန်နဝါရီ ၁၉ ရက် ကသေဆုံးခဲ့သည်။
အဆိုပါသေ မှုသေခင်းနှင့် ပတ်သက်၍ ပန်ဆိုင်း၊ ကြူကုတ် ရဲစခန်း တွင် ပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့် ထားခြင်းဖြစ်သည်။ အဆိုပါ ဆရာမနှစ် ဦးကို ကချင်ပြည်နယ် ရှိမော် ကွန်းဝင်ပုဂ္ဂိုလ်များ သဂြုႋဟ်သည့် ဝန်ပေါင်သုသာန်တွင် ဇန် နဝါရီ ၂၃ ရက်က သဂြုႋဟ်ခဲ့ခြင်း ဖြစ်သည်။
ဒေါ်ဂျူလီယာက''ဆရာမနှစ်ယောက် အလောင်းတွေကို မူဆယ်၊မိုးမိတ်ပို့ပြီး စစ်ဆေးတော့မှ သုက်ပိုးတွေတွေ့တယ်။နှစ်ယောက်ထက် မနည်းတဲ့ လူတွေဖြစ်နိုင် တယ်ဆိုပြီး ခန့်မှန်းနိုင်တယ်။ သူတို့ ခန္ဓာကိုယ်ပေါ် မှာ ရှိတဲ့ဓားဒဏ်ရာပေါင်းများစွာ တွေ့ရတယ်။ သုက်ပိုးတွေ့တယ် ဆိုတော့ မုဒိမ်းမှုပေါ့'' ဟုပြောသည်။
ဆရာမနှစ်ဦး အသတ်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ရာတွင် အဓမ္မပြု ကျင့်ခံ ရခြင်း ရှိ၊ မရှိဖော်ပြ ထားခြင်း မရှိ ဘဲ ဆရာမ နှစ်ဦးသည် ထိုးသွင်းဒဏ်ရာ၊ ပြတ်ရှဒဏ်ရာ နှင့် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာတို့ဖြင့် သေဆုံးနေကြောင်း တွေ့ရှိရခြင်း ဖြစ်သည် ဟု ဆိုထားသည်။