ရန်ကုန်မြို့ ၊ရွှေတိဂုံ ဘုရားတောင် ဘက်မုခ် အနီးရှိ ကန်တော် မင်္ဂလာ ပန်းခြံအား ဦးဥတ္တမ ပန်းခြံဟု အမည်ပြောင်း လဲခေါ်ဝေါ်ရန် ဇန်နဝါရီ ၂၃ ရက်က ပြည်သူ့ လွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေး ပဥ္စမနေ့တွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။
စစ်တွေ မြို့နယ် အမတ် ဦးမောင်ညို၏ ကန်တော်မင် ပန်းခြံကို ဦးဥတ္တမ ပန်းခြံ ဟုပြောင်းလဲသတ်မှတ်ပေး ရန်အဆိုတင် သွင်းခဲ့ပြီး ''ယခုခေါ်ဝေါ်နေ ကြသော ကန်တော် မင်္ဂလာ ပန်းခြံမှာ ယခင်က ဦးဥတ္တမ ပန်းခြံ သာဖြစ်ကြောင်းကျောင်းသုံး စာအုပ်များနှင့် မြန်မာ့ စွယ်စုံ ကျမ်းထဲက သမိုင်းအထောက် အထားတွေကို မိတ္တူကူးပြီး ပထမအကြိမ် လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးကို တင်သွင်း ခဲ့ပါတယ်။
အခုလည်း ဒီအဆိုကို ထပ်မံ တင်သွင်း ပါတယ်။နိုင်ငံရေးခေါင်းဆောင် အရှင်ဥတ္တမကို ဂုဏ်ပြုတဲ့ အနေနဲ့ဒီပန်းခြံရဲ့အမည်ကိုပြောင်းလဲပေး ပါရန်နှင့်ကန်တော် မင်ဟူသည့် ဆိုင်းဘုတ်ကို ဦးဥတ္တမ အဖြစ်ပြောင်းလဲတပ် ဆင်ပေးပါရန် အဆို တင်အပ်ပါတယ်'' ဟုပြောခဲ့သည်။
သမ္မတရုံးဝန်ကြီးဌာန အမှတ်(၄) ဒုတိယ ဝန်ကြီး ဦးအောင်သိမ်းက ထိုသို့ ဆိုင်းဘုတ် တပ်ဆင် အမည်ပေး ထားသည့် ကိစ္စမှာ ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ ၊စျေးများဌာန ၏ဆောင်ရွက်မှုသာဖြစ်ကြောင်းဖြေ ကြားခဲ့ပြီး အမည်ပြောင်းမည်၊ မပြောင်းမည် ကိုမူဖြေ ကြားခဲဲ့ခြင်း မရှိပေ။
အစိုးရ အဖွဲ့၏ သဘော ထားကို တိတိ ကျကျဖြေကြားနိုင်ပါ ကဖြေကြားပေးရန် လွှတ်တော် ဥက္ကဋ္ဌက တိုက်တွန်းသော် လည်း သမ္မတရုံး ဒု - ဝန်ကြီး ကမဖြေ ကြားတော့သဖြင့် လွှတ်တော်၏ သဘော ထားကို ရယူပြီး အတည်ပြု ခဲ့ခြင်းဖြစ်သည်။
ဆရာတော် ဦးဥတ္တမ သည်မြန်မာ့နိုင်ငံရေး သမိုင်းတွင် ၁၉၁၈ ဒီဇင်ဘာတွင် ထုတ်ပြန် ခဲ့သည့် Sir Gegnal Creddock ၏ Creddock စီမံကိန်းကို ပျက်ပြားစေအောင်နိုင်ငံ့ အဝှမ်း စည်းရုံးရေး တရားများ လှည့်လည်ဟောပြော ရင်းဖြင့် စွမ်းဆောင် ခဲ့သည့် အပြင် ကိုလိုနီတို့၏ ဒိုင်အာခီ အုပ်ချုပ်ရေးကို စိုက် လိုက် မတ်တပ် တွန်းလှန်ခဲ့သည့် ရခိုင်အမျိုးသား ရဟန်းအာဇာနည် တစ်ပါးလည်း ဖြစ်သည်။ ၁၉၂၂ ဇူလိုင် ၁၅-၁၆ တွင် ပြုလုပ်ခဲ့သည့် ဂျီစီဘီအေအသင်းကြီး အစည်းအဝေး တွင်စည်းရုံးရေး တရားဟော ခဲ့သူလည်းဖြစ်သည်။