အင်န်အယ်လ်ဒီ အမတ်များ အတွက် အရည်အချင်း သတ်မှတ်ချက် ထုတ်ပြန်မည်

အင်န်အယ်လ်ဒီ အမတ်များ အတွက် အရည်အချင်း သတ်မှတ်ချက် ထုတ်ပြန်မည်
by -
မဇ္စျိမ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ၂ဝ၁၅ရွေးကောက် ပွဲအတွက် ဝင်ရောက် အရွေးချယ်ခံမည့် အမတ်လောင်း များ၏ အရည်အချင်း သတ်မှတ်ချက် များကို ထုတ်ပြန်ကြေညာပေး သွားမည်ဟု ပါတီဗဟို အလုပ် မှုဆောင်ဒေါ်နန်းခင်ထွေးမြင့် ကပြောသည်။

၄င်းက ''သတ်မှတ် အရည် အချင်း ထုတ်ပေး မယ်ပြောတယ်၊ အဲဒါကို ဗဟို အလုပ်မှုဆောင် အဖွဲ့ထဲက လက်ရှိ လွှတ်တော် အမတ်တွေ ကိုရေးခိုင်း ထားတယ်၊ ဒီလထပ်လုပ်မယ့် စီအီးစီ အစည်းအဝေး မှာဆွေးနွေးပြီး ထုတ်ပေးမယ်၊ အဓိကတော့ ပါတီမူဝါဒနဲ့အညီ အချက်ကိုးချက်ကျော်လောက် ပါမယ်'' ဟု ၄င်းကပြော သည်။

တစ်လ လျှင်နှစ် ကြိမ်တိုင်ပြု လုပ်သည့် ဗဟိုအလုပ် အမှုဆောင် (စီအီးစီ)ကော်မတီ အစည်း အဝေးကို ဇန်နဝါရီ လနောက် ဆုံးပတ်အ တွင်းပြု လုပ်မည်ဖြစ်ပြီး အမတ်အရည်အချင်း သတ်မှတ်ချက်အပြင် ပါတီရေးရာ နှင့်ရွေးကောက်ပွဲပြင် ဆင်မှု၊ ဗိုလ်ချုပ်ရာပြည့် စသည့် အကြောင်း အရာတို့ကို စည်းဝေး မည်ဖြစ်သည်။

အမတ်လောင်း အရည်အချင်းအတွက် စီအီးစီ အဖွဲ့က ထုတ်ပြန်ပေးမည်ဖြစ်သော်လည်း၊ သက်ဆိုင်ရာ မြို့နယ်များ ကရွေးချယ်ကာပြန် လည်တင်ပြ ရမည်ဖြစ် ပြီးတင်ပြလာ မှုအပေါ် ပါတီဝင်များ မဟုတ်ဘဲ ပညာရှင် များဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ကလည်း စိစစ် အကဲခတ်မည် ဟုဒေါ်နန်းခင်ထွေးမြင့် ကပြောသည်။

အရည် အချင်း  သတ်မှတ် ချက်များ တူညီပါက အမျိုး သမီး၊ တိုင်းရင်းသား၊ အသက်ငယ်  ရွယ်သူ  များကို ဦးစားပေး  အဆင့်ဖြင့် NLD က သတ် မှတ်ရွေးချယ် မည်ဖြစ်သည်။

ယင်းအပြင် အာဏာ ရပါတီပြည် ခိုင်ဖြိုးကလည်း ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက် ပွဲအောင်နိုင်ရေး အတွက် ဗဟိုအောင်နိုင်ရေး အဖွဲ့ကို ဇန်နဝါရီ ၁၆ရက် တွင်ဖွဲ့စည်း ခဲ့ပြီး တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ် အပြင် ရပ်/ကျေး အဆင့်အထိ ဖွဲ့စည်းကာ စည်းရုံးရေး လုပ်ငန်းများကို စတင်နေ ပြီဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကည်း ၂ဝ၁၅ခုနှစ် အထွေထွေရွေးကောက် ပွဲအောင်နိုင်ရေး အဖွဲ့ကိုစက်တင်ဘာ ၂၁ ရက်တွင် လျာထားဖွဲ့ စည်းခဲ့ပြီး အတည်ပြု ခဲ့ပြီးဖြစ်သည် ဟုဒေါ်နန်းခင်ထွေးမြင့် ကပြောသည်။

''အရင်ကလိုတိုင်းဥက္ကဋ္ဌ၊ မြို့နယ် ဥက္ကဋ္ဌတိုင်း ကအောင်နိုင်ရေး ဥက္ကဋ္ဌဖြစ်တာ မဟုတ်တော့ဘဲ လုပ်နိုင်သူတွေ အားလုံးပါတယ်''ဟု ၄င်းကဆိုသည်။ အတည်ပြု ပြီးဖြစ်သည့် ပါတီအောင်နိုင်ရေး အဖွဲ့ကိုလည်း ပါတီက အများပြည်သူ သိရှိအောင် ထုတ်ပြန်ပေးမည် ဟုပြောသည်။

အမျိုးသား ဒီမိုကရေစီ  အဖွဲ့ချုပ်သည် ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ  လစ်လပ်နေရာ ၄၅နေရာ  တွင်  ၄၃နေရာ အထိ အနိုင် ရရှိထား သည့် ပါတီ တစ်ခုဖြစ် ပြီးပြည်ခိုင်ဖြိုးကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မပါဝင်သည့် ၂ဝ၁ဝ အထွေထွေရွေးကောက် ပွဲတွင် အမတ်နေရာအများ ဆုံးဖြင့်နိုင် ထားသည့် ပါတီဖြစ် သည်။