စျေးသစ် မပြီးသေးသည့်အတွက် ရောင်းသူဝယ်သူ အခက်အခဲဖြစ်

စျေးသစ် မပြီးသေးသည့်အတွက် ရောင်းသူဝယ်သူ အခက်အခဲဖြစ်
by -
မိကျလွန်းထော
လွန်ခဲ့သော မတ်လ ၁၈ ရက်နေ့မှစ၍ ဧရာဟသာင်္ကုမ္ပဏီများအုပ်စုက တာ ဝန်ယူတည်ဆောက်နေသော မော်လမြိုင်စည်ပင်အမှတ် (၁) ခေတ်မီ နှစ်ထပ် စျေးကြီးမှာ ယခုချိန်အထိ ကွန်ကရစ်တိုင် စိုက်ထူထားရုံမျှသာ ရှိသောကြောင့် လမ်းမတန်းပေါ်ရှိ စျေးရောင်း စျေးဝယ်များ မိုးဒဏ်လေဒဏ် ကြားတွင် အခက် အခဲ ဖြစ်နေ ...

လွန်ခဲ့သော မတ်လ ၁၈ ရက်နေ့မှစ၍ ဧရာဟသာင်္ကုမ္ပဏီများအုပ်စုက တာ ဝန်ယူတည်ဆောက်နေသော မော်လမြိုင်စည်ပင်အမှတ် (၁) ခေတ်မီ နှစ်ထပ် စျေးကြီးမှာ ယခုချိန်အထိ ကွန်ကရစ်တိုင် စိုက်ထူထားရုံမျှသာ ရှိသောကြောင့် လမ်းမတန်းပေါ်ရှိ စျေးရောင်း စျေးဝယ်များ မိုးဒဏ်လေဒဏ် ကြားတွင် အခက် အခဲ ဖြစ်နေကြသည်။

စျေးရောင်းသူများသည် မော်လမြိုင် ကမ်းနားလမ်းနှင့် အောက်လမ်းမကြီးရှိ စည်ပင်အဖွဲ့ထံမှ ဝယ်ယူထားသည့် ယာယီစျေးနေရာတွင်သာ စျေးရောင်းနေ ကြရသည်။

မိုးတွင်းကာလဖြစ်သည့်အတွက် မလုံမလဲသော ယာယီဆိုင်ခန်းအတွင်း၌သာ စျေးရောင်းနေကြရပြီး ဘေးပတ်ဝန်းကျင်ရှိ အကာများကိုလည်း စျေးရောင်း သူများကိုယ်တိုင် ပြုလုပ်ကြရသည်ဟု သိရသည်။

“စျေးကလည်း ရောင်းလို့မကောင်းဘူး၊ မိုးကလည်း အရမ်းရွာနေတယ်၊ သူတို့ လုပ်ထားပေးတဲ့ ဆိုင်ခန်းကလည်း အမိုးနဲ့တိုင် ၄ တိုင်ပဲ၊ ကျဉ််းကလည်း ကျဉ်း နေတယ်၊ ကြားထဲက ပင်လယ်လေက တိုက်နေတော့ အရမ်းဒုက္ခရောက်တာ ပဲ” ဟု သံလွင်မြစ်ကမ်းနဘေးရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

အခြားစျေးသည်တစ်ဦးကလည်း “ အခန်းကလည်း ကျဉ်း၊ မိုးကလည်းကြီးနေ တယ်၊ ဆိုင်ထဲမိုးတွေပက်တော့ ပစ္စည်းတွေအားလုံး စိုကုန်တယ်၊ အမြတ်မရ တဲ့ကြားက ဝယ်တဲ့သူကလည်း မလာတော့ဘူး၊ သူတို့ဆောက်နေတဲ့ နှစ်ထပ် စျေးကလည်း မပြီးနိုင်တော့ဘူး” ဟု ဆိုသည်။

စျေးဝယ်သူများလည်း စျေးများပိတ်ဆို့နေသော လမ်းပေါ်တွင် တိုးဝှေ့ပြီး စျေး ဝယ် နေကြရသည်။

“ကိုယ့်ဖောက်သည်ရှိတဲ့နေရာ ရှာနေရတာက တစ်မျိုး၊ ဝယ်တဲ့သူနဲ့ ရောင်းတဲ့ သူကို ဖယ်ပေးနေရတာနဲ့ပဲ အချိန်ကုန်တယ်၊ မိုးရွာထားတော့ လမ်းပေါ်မှာ ဗွက်ထနေတာပဲ၊ စျေးအသစ်ဆောက်နေတာ ဘယ်တော့ပြီးမလဲ မသိဘူး” ဟု မော်လမြိုင်မြို့သို့ စျေးအမြဲလာရောက်ဝယ်ယူနေသည့် ဘီလူးကျွန်းသူတစ်ဦး က ဆိုသည်။

၄င်းတည်ဆောက်ဆဲ အမှတ် (၁) နှစ်ထပ်စျေးကြီးမှာ (၂) နှစ် စီမံကိန်းဖြင့် တည်ဆောက်မည် ဖြစ်ကြောင်း၊ ၄င်းစျေးကိုလည်း အကောင်းဆုံးဖြစ်အောင် တည်ဆောက်လိုသည့်အတွက် ယခုကဲ့သို့ အချိန်ဆွဲနေရခြင်းဖြစ်ကြောင်း စီးပွားရှင်အသိုင်းအဝိုင်းထံမှ ကြားသိရသည်။

မီးလောင်သွားသည့် မော်လမြိုင်အမှတ် (၁) စျေးကြီး (အောက်စျေး) နေရာ တွင် စည်ပင်သာယာဌာနမှ ခေတ်မီနှစ်ထပ်စျေး ပြန်လည်တည်ဆောက်မည် ဖြစ်ပြီး ဆိုင်ခန်းပေါင်း ၁၃၀၀ ကျော်အထိ ဆောက်လုပ်ပေးမည်ဟုလည်း သိရသည်။

Most read this week