တနင်္သာရီတိုင်းတွင် မီတာခ တစ်ယူနစ် အနိမ့်ဆုံး ၄၆၀ ကျပ် ပေးဆောင်နေရ၍ ဆန္ဒပြ

တနင်္သာရီတိုင်းတွင် မီတာခ တစ်ယူနစ် အနိမ့်ဆုံး ၄၆၀ ကျပ် ပေးဆောင်နေရ၍ ဆန္ဒပြ
by -
မဇ္စျိမ

တနင်္သာရီတိုင်း ထားဝယ်မြို့တွင် မီတာခ တစ်ယူနစ်လျှင် အနိမ့်ဆုံး ၄၆၀ ကျပ် ပေးဆောင်နေရသည်ကို တိုင်းလျှပ်စစ်ဝန်ကြီးက အနည်းဆုံး ၃၀၀ အထိ ဖြစ်ရန် လုပ်ဆောင်ပေးမည်ဟု ကတိပေးခဲ့သော်လည်း အကောင်အထည်မဖော်သေး၍ ဇန်နဝါရီ ၂၃ ရက်က ထားဝယ်မြို့တွင်း လှည့်လည်ဆန္ဒပြခဲ့သည်ဟု ဆန္ဒပြပွဲဦးဆောင်သူ မရွှေဇင်ယုက မဇ္စျိမကို ပြောသည်။

"တနသာင်္ရီတိုင်း လျှပ်စစ်ဝန်ကြီး ဦးဝင်းဆွေက ၂၀၁၄ ဒီဇင်ဘာလလောက်ကို ၁ ယူနစ်ကို ၃၀၀ လောက် ကျသွားအောင် အတတ်နိုင်ဆုံး လုပ်ပေးမယ်လို့ ကျွန်မတို့ကို ကတိပေးထားတယ်၊ ဒါပေမယ့် အကောင်အထည် အခုထိ မဖော်ပေးဘူး။ ဒါကြောင့် အစိုးရကို ဆန္ဒပြတာပါ" ၎င်းကဆိုသည်။

Electric-s

ဆန္ဒပြရာတွင် မီတာတစ်ယူနစ်ကို ၃၅ ကျပ်ရရှိရေး၊ ဒို့ သံယဇာတ တို့ပြည်သူတို့အတွက်၊ တနသာင်္ရီတိုင်း အတွင်း မဟာဓာတ်အားလိုင်း အမြန်ဆုံး ဆက်သွယ်ပေးရေး၊ တန်းတူအခွင့်အရေး ရရှိရေး စသည့် ကြွေးကြော်သံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ လူအင်းအား ၁၀၀၀ဖြင့် ဆန္ဒပြ တောင်းဆိုခဲ့သည်။

ထားဝယ်မြို့ပေါ်တွင် နေထိုင်သူများ အနေဖြင့် ၂၀၁၀-၂၀၁၂ ခုနှစ် အတွင်း မီတာခ တစ်ယူနစ်လျှင် ၆၀၀ ကျပ်နှုန်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ၁ ယူနစ်ကို ၄၆၀ နှုန်း၊ ၂၀၁၅ ခုနှစ်အတွင်းကို ၄၂၀ နှုန်းဖြင့် ပေးဆောင်နေရပြီး၊ တနင်္လာရီတိုင်းအတွင်း နယ်မြို့၊ ကျေးရွာများ တွင် နေထိုင်သူများကမူ ၁ ယူနစ်ကို ၁ ထောင်းနှုန်းအထိ ပေးဆောင်နေရသည်ဟု ဆန္ဒပြသူများက ပြောသည်။

ဆန္ဒပြရာတွင် ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်၊ ကျန်မာရေးလမ်းမှ နံနက် ၆ နာရီတွင် စတင်၍ ထွက်၍ စောမိညိုလမ်းဆုံ-မြိတ်တန်းလမ်းဆုံ-မြို့ပတ်လမ်းအတိုင်း-မီးသတ်လမ်းဆုံ အထိ ဆန္ဒပြတောင်းဆိုကာ ရွှေသီရိအားကစားကွင်တွင် စုရပ်၍ သဘဝဓာတ်ငွေ့နှင့် သံယဇာတခံစားခွင့် အကြောင်းကို ဟောပြောခဲ့သည်။

၂၀၁၄ ခုနှစ် ဇွန်လအတွင်း တနင်္သာရီတိုင်း၊ ကံပေါက်ကျေးရွာတွင် လျှပ်စစ်မီတာခ လျှော့ချရေး အတွက် ဒေသခံများက ဆန္ဒပြခဲ့သေးသည်။ ယင်းသို့ ဆန္ဒပြပွဲတွင် တနသာင်္ရီတိုင်း လျှပ်စစ်ဝန်ကြီးက ဒီဇင်ဘာလ နောက်ဆုံးထား၍ မီတာခ ၁ ယူနစ်ကို ၃၀၀ ကျပ်နှုန်းထိ လျှော့ချပေးနိုင်အောင် စီစဉ်ပေးမည် ဟု ဒေသခံများကို နှုတ်ကတိပေးခဲ့ခြင်း ဖြစ်သည်။

Most read this week