ပြည်မြို့တွင် ပညာရေးရန်ပုံငွေ အလွဲသုံးစားမှုများ ပညာရေးမှူးက လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲကာ ကျောင်း အုပ် ၂ဝ ဦးခန့်က လက်မှတ်ရေးထိုးပြီး ပညာရေး ဝန်ကြီးဌာနသို့ တိုင်ကြားစာပို့မည်ဟု ကျောင်းအုပ် အချို့က ပြောသည်။
စွပ်စွဲမှုနှင့် ပတ်သက်ပြီး မြို့နယ်ပညာရေးမှူးသို့ ဆက်သွယ်မေးမြန်းရာ အလွဲသုံးစားမလုပ်ခဲ့ဟု ငြင်းဆိုခဲ့သည်။
အလွဲသုံးစားပြုသည်ဟု စွပ်စွဲခံရသူ ပြည်မြို့နယ် ပညာရေးမှူး ဦးငြိမ်းမြင့်က ''ခရိုင်၊ တိုင်းရဲ့ ကြီးကြပ်မှုနဲ့ ဖြတ်တောက်မှုမရှိဘဲ ပေးလိုက်တာပါ'' ဟု ပြောသည်။
အသေးစိတ်သိရှိလိုသဖြင့် ရုံးသို့ကိုယ်တိုင်သွားရောက်၍ သတင်းထောက်ဖြစ်ကြောင်း သက်သေခံကတ်ပြားပြသကာ မှန်ကန်သော သတင်းများကိုသာ ရေးသားဖော်ပြမည်ဖြစ်ကြောင်း ဝန်ခံကတိ လက်မှတ်ထိုးမှသာ ပြန်လည်ဖြေကြားနိုင်မည်ဟု ၎င်းက ဆိုသည်။ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ တစ်လအတွင်းမှာပင် ငွေကျပ်သိန်း ၃ဝ ခန့် အလွဲသုံးစားပြုခဲ့သည်ဟု ကျောင်းအုပ်အချို့က စွပ်စွဲပြောဆိုသည်။
ရန်ပုံငွေ အလွဲသုံးစား လုပ်သည်ဟု စွပ်စွဲကာ ပညာရေးဝန်ကြီးဌာနအပါအဝင် ပညာရေးနှင့် သက်ဆိုင်သည့် ဌာနအသီးသီးသို့ ကျောင်းအုပ်များက လက်မှတ်များရေးထိုးကာ တိုင်ကြားမည်ဟု မဇ္ဈိမသတင်း ဌာနသို့ တိုင်ကြားစာ လက်ရေးမူ ပေးပို့ထားသည်။
ထိုသို့ မြို့နယ် ပညာရေးမှူးက ၂ဝ၁၄-၁၅ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းပရိဘောဂများ ပြုပြင်ရန် ရန်ပုံငွေများ ချထားပေးရာ မူလတန်းကျောင်း ၁၈၃ ကျောင်းထံမှ တစ်ကျောင်းလျှင် ကျပ် ၂,ဝဝဝ နှုန်း၊ အလယ် တန်းကျောင်းနှင့် ထခွဲကျောင်း ၁၄ ကျောင်းထံမှ တစ်ကျောင်းလျှင် ကျပ် ၅,ဝဝဝ နှုန်း၊ အထက်တန်းကျောင်း (၇) ကျောင်းထံမှ တစ်ကျောင်းလျှင် ၁ဝ,ဝဝဝ နှုန်း စုစုပေါင်းငွေ ကျပ် ၅၆ဝ,ဝဝဝ ကျော် အလွဲသုံး စားပြုထားသည်ဟု စာတွင်ဖော်ပြထားသည်။
ထို့ပြင် ရွှေတံခါး(၁) အထကခွဲ၊ လယ်ဘဲ့ အထကခွဲ ၊ လက်ပံလှ အထကခွဲ၊ ရွှေမြောင် မူလတန်းကျောင်း ၊ ရွှေကူ(၂) မူလွန်ကျောင်း၊ ကျွန်းတောကုန်း မူလတန်းကျောင်း ၊ သဲကုန်း မူလတန်းကျောင်း၊ ဝက်မြေတော မူလတန်းကျောင်းများကို နိုင်ငံတော်မှ ကျောင်းအဆောက်အအုံ ပြုပြင်မွမ်းမံစရိတ်များ ချပေးခဲ့ရာ ပြည်မြို့ နယ် ပညာရေးမှူးက တစ်ကျောင်းလျှင် ကျပ် ၁၃ဝ,ဝဝဝ စီဖြင့် ကျောင်းရှစ်ကျောင်းအတွက် စုစုပေါင်းဖြတ် တောက်ငွေ ကျပ် ၁,ဝ၄ဝ,ဝဝဝ ဖြတ်တောက်ခဲ့သည်ဟူ၍လည်းကောင်း၊ မြို့နယ်ပညာရေးမှူး ရုံးတွင် မိတ္တူ ကူးစက်ဝယ်ယူရန်နှင့် အခြေခံသို့ သွားရောက်၍ လစာငွေ ညှိနှိုင်းရေးအတွက် ပညာရေးဝန်ထမ်း ၁,၈ဝဝ ကျော်ထံမှ တစ်ဦးလျှင် ငွေကျပ် ရဝဝ စီဖြင့် ငွေကျပ် ၁၃ သိန်းကျော် ကောက်ခံခဲ့ကြောင်း၊ ထို့ပြင် စာအုပ် များ ပြက္ခဒိန်များကို ဝန်ထမ်းများအား စျေးတင်ရောင်းချနေကြောင်း ကျောင်းအုပ်များက စာဖြင့် ရေးသားပေးပို့ခဲ့ သည်။
၂ဝ၁၄ ခုနှစ်ကလည်း ပြည်မြို့ မူလတန်း ကျောင်းသားများ ပညာသင်စရိတ် ထောက်ပံ့ငွေနှင့် ကျောင်းထောက် ပ့ံကြေးငွေ စုစုပေါင်း ကျပ် ၅၈၃ သိန်းကို ယခင် မြို့နယ်ပညာရေးမှူး ဦးဇော်မြ လက်မှတ်ဖြင့် စာရေး (၃) ဦးဌေးနိုင်က ထုတ်ယူသုံးစွဲခဲ့ပြီး ပညာရေးမှူးဟောင်း ဦးဇော်မြနှင့် စာရေး(၃) ဦးဌေးနိုင်တို့ကို မြို့မရဲစခန်း တွင် (ပ) ရ၃၅ /၂ဝ၁၄ ပြစ်မှု ပုဒ်မ ၄ဝ၉ အရ အမှုဖွင့်ထားသည်ဟု ကျောင်းအုပ် အချို့က ပြောသည်။