ဒေသခံများနှင့် သဘောတူညီမှုမရဘဲ နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ဝင်ရောက်လာခြင်းေ ကြာင့် ပြည်နယ် အစိုးရနှင့် ဒေသခံများအကြား ယုံကြည်မှုကင်းမဲ့ပြီး သဘောထားတင်းမာမှုများ ဖြစ်လာနိုင် သည်ဟု ရခိုင်ဒေသခံများက ပြောကြားလိုက်သည်။ ရခိုင်ဒေသခံများနှင့် သဘောတူညီမှုမရသေးခင် အစိုးရအဖွဲ့က လက်ခံလိုက်ခြင်းကြောင့် ထိုသို့ပြောကြားလိုက်ခြင်း ဖြစ်သည်။
“MSF ကို ငြင်းဆန်နေတာမျိုးမဟုတ်ဘူး။ ဘယ်တော့လာမယ်၊ ဘာလုပ်မယ်ဆိုတာ သူတို့ဘက်က ကြိုပြော ဖို့ သဘောတူထားတယ်။ ဒါပေမဲ့ လက်တွေ့မှာ မပြောဘူး။ အစိုးရနဲ့တော့ သဘောတူညီမှုတွေရှိမှာ ပေါ့ဗျာ။ အစိုးရနဲ့ ဒေသခံတွေနဲ့ သဘောထားကွဲလွဲနိုင်ပါတယ်''ဟု ရခိုင်ဒေသခံ ဦးသန်းထွန်းက ပြောသည်။
ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့သော MSF ကို ရခိုင်ပြည်နယ် ဖွ့ံဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်မှုတွင် ပူးပေါင်းပါဝင်ရန် အစိုးရက ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။
MSF ကို ပြန်ခေါ်ခဲ့ခြင်းကြောင့် ဒေသခံများနှင့် ပြည်နယ်အစိုးရအကြား အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဒေခံများကို ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလအတွင်းက ပြန်လည်တောင်းပန်ခဲ့သည်။
''ကိုးလကြာ ရပ်နားထားသော MSF ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ရခိုင်ပြည်နယ် ဒေသအချို့ တွင် ပြန်လည် လုပ်ကိုင်နေပြီ ဖြစ်သည်'' ဟု MSF က ဇန်န ဝါရီ ၂၁ ရက်က သတင်းထုတ်ပြန်သည်။
MSF သည် ရခိုင်ပြည်နယ်တွင် အကူအညီပေးရေးလုပ်ငန်းများ စတင်လုပ်ကိုင်နေပြီးဖြစ်ပြီး ဒေသခံများနှ င့် ပြေလည်မှု ရရှိစေရန် ဆောင်ရွက်သွားမည်ဟု MSF ၏ ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။
MSF သည် မောင်တောမြို့နယ်၊ ဒုချရားတန်းကျေးရွာတွင်၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တပ်ကြပ် ကြီးတစ်ဦး ပျောက်ဆုံးမှုကြောင့် ရဲတပ်ဖွဲ့ဝင်များက ဘင်္ဂါလီများကို ပစ်ခတ်သည်ဟု သတင်းပေးခဲ့ သဖြင့် ဒေသတွင်းမှထွက်ခွာသွားရန် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။