ကချင်ဆရာမနှစ်ဦး အသတ်ခံရမှုကို ဖော်ထုတ်ရန် အစိုးရတွင် တာဝန်ရှိဟု ဆို

ကချင်ဆရာမနှစ်ဦး အသတ်ခံရမှုကို ဖော်ထုတ်ရန် အစိုးရတွင် တာဝန်ရှိဟု ဆို
by -
မဇ္စျိမ

 ကချင်ဒုက္ခသည်စခန်းမှ စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး အသတ်ခံရမှုအတွက် အမှုမှန်ဖော်ထုတ်ရန် အစိုး ရတွင် တာဝန်ရှိသည်ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမြအေးက ဇန်နဝါရီ ၂၂ ရက် တွင်ထောက် ပြပြောဆိုလိုက်သည်။

အဆိုပါဆရာမနှစ်ဦး အသတ်ခံရမှုနှင့် စပ်လျဉ်း၍ ရန်ကုန်မြို့ရှိ မြန်မာဂျာနယ် လစ်ကွန်ရက်ရုံးခန်းတွင် ပြု လုပ်သော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

Kachin-Rape

''ပဋိပက္ခဖြစ်နေတဲ့နေရာမှာ ဖြစ်တာမို့ သာမန်အမှုမဟုတ်ဘဲ နိုင်ငံရေးပြဿနာ ဖြစ်မှာ စိတ်ပူတယ်။ ဘယ်သူကပဲလုပ်လုပ် အမျိုးသမီးတွေကို မတော်မတရားကျင့်တဲ့ သူကိုဖော်ထုတ်ပါ။ နိုင်ငံမှာဘာပဲဖြစ်ဖြစ် အစိုးရက အမှန်တရားဖော်ထုတ်ဖို့တာဝန် ရှိတယ်''ဟု ကိုမြအေးက ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုပြံုးချိုကလည်း ''မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို အကြမ်းဖက်မှုမှ ကာကွယ်ရေး နိုင်ငံတကာနဲ့ ဆိုင်တဲ့စာချုပ်တွေမှာ သဘောတူညီမှုကြောင်း လက်မှတ်ရေးထိုးထားတယ်။ အကြမ်းဖက်မှု ပပျောက်ရေး ထိပ်သီးအစည်းအဝေးတွေ တက်တယ်။ ဒီလိုအချိန်မှာ ဒီလိုဖြစ်ရပ်တွေဖြစ် တာဟာ ရှက်စရာကောင်းပါတယ်'' ဟု ဆိုသည်။

ယင်းဆရာမနှစ်ဦး၏ အလောင်များကို မူဆယ်ဆေးရုံသို့ ပေးပို့စစ်ဆေးရာတွင် အဓမ္မပြုကျင့်ပြီး အသတ်ခံရသော အထောက်အထားများ တွေ့ခဲ့ရသည်ဟု ကချင်အမျိုးသမီးငြိမ်းချမ်ရေးကွန်ရက်မှ ဒေါ်အားခွန်က ပြောဆိုထားသည်။ အဆိုပါ ဘုရားကျောင်းဝင်းနှင့် ကိုက် ၁၅ဝ အကွာတွင် ခလရ (၁ဝ၃)မှ တပ်စွဲထားပြီး အခင်းဖြစ်နေရာအနီး တစ်ဝိုက်တွင် စစ်ဖိနပ်ရာများ၊ စစ်ခါးပတ်စသော အသုံအဆောင်များ တွေ့ရှိရသဖြင့် ဒေသခံများက စစ်တပ်ဟု စွပ်စွဲပြောဆိုမှုများ ရှိနေသည်။

ဆရာမနှစ်ဦး အသတ်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာတွင် အဓမ္မပြုကျင့်ခံရခြင်းရှိ၊ မရှိ ဖော်ပြထားခြင်း မရှိဘဲ ဆရာမ နှစ်ဦးသည် ထိုးသွင်းဒဏ်ရာ၊ ပြတ်ရှဒဏ်ရာနှင့် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာတို့ဖြင့် သေဆုံးနေကြောင်း တွေ့ရှိရခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ ထို့ပြင် အခင်းဖြစ်နေရာမှ သွေးစွန်းနေသည့် စတီးဓား တစ်ချောင်းနှင့် ထင်းချောင်း တစ်ချောင်းတွေ့ရှိရပြီး ပြည်နယ် အစိုးရကလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု ဇန်နဝါရီ ၂၂ ရက်က သတင်း ထုတ်ပြန်ခဲ့သည်။

ကရင်အမျိုးသမီးဖွံ့ဖြိုးရေးအဖွဲ့မှ ဒါရိုက်တာ ဒေါ်ဆူဆန်နာလှလှစိုးက ''ဒီအမှုကို အမှန်တရားဖော်ထုတ်နိုင် ဖို့ ဥပဒေပိုင်းအရ တရားစွဲဆိုမှုကို အမျိုးသမီး အရေးလှုပ်ရှားသူတွေဘက်က ပံံ့ပိုးပြီး ဆက်လက်အရှိန်မြှင့် သွားမယ်'' ဟု ဆိုသည်။

မြစ်ကြီးနားတွင် သဂြုႋလ်ကျောင်းဆရာမနှစ်ဦးကို ကချင်ပြည်နယ်ရှိ မော်ကွန်းဝင်ပုဂ္ဂိုလ်များ သဂြုႋလ်သည့် ဝန်ပေါင်သုသာန်တွင် ဇန်နဝါရီ ၂၃ ရက်၌ သဂြုႋဟ်မည်ဟု ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ဧဝံဂေလိနှင့် သာသနာပြု ဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဦးခေါဘောမ်က မဇ္ဈိမကိုပြောသည်။

''ဆရာမနှစ်ယောက်ကို နောင်နန်းရွာ၊ ဝန်ပေါင်သုသာန်မှာရှိတဲ့ မော်ကွန်းဝင် ပုဂ္ဂိုဟ်များကို သဂြုႋလ်တဲ့နေရာမှာ ဂုဏ်ပြုသဂြုႋဟ်သွားမှာ ဖြစ်ပါတယ်''ဟု ၎င်းက ပြောသည်။

ယင်းဆရာမနှစ်ဦး၏ ရုပ်အလောင်းကို ဇန်နဝါရီ ၂၁ ရက်တွင် မူဆယ်မြို့မှ မြစ်ကြီးနားမြိုသို့ သယ်ဆောင် လာခဲ့ရာ ၂၂ ရက်တွင် မန္တလေးမြို့၊ အောင်ပင်လယ် ရှိ အောက်မြန်မာပြည် ကချင်နှစ်ခြင်းအသင်းတော်ဇုန် နယ်ရုံးသို့ နံနက် ရ နာရီခွဲခန့် တွင် ရောက်ရှိခဲ့သည်။ သယ်ဆောင်ခဲ့ရာ လမ်းတစ်လျှောက်ရှိ အသင်းတော် ကို ယုံကြည်သူများမှ ဂါရဝပြု ကြိုဆိုခဲ့ကြပြီး မန္တလေးအသင်းတော်ရုံးတွင် အသင်းတော်ကို ယုံကြည်သူများ ၊ ကချင်တိုင်းရင်းသားများမှ ဆုတောင်းဂုဏ်ပြုခဲ့သည်။

အဆိုပါသေဆုံးမှုတွင် တပ်မတော်စစ်ကြောင်း ခမရ (၅ဝ၃) မှပါဝင်ပတ်သက်မှုများ ရှိနေသည်ဟု ပြောဆို မှု များနှင့်ပတ်သက်၍ ဦးခေါဘောမ်က''အဲ့ဒါနဲ့ ပတ်သက်ပြီး ပြောနိုင်တာမရှိပါဘူး။ ဒါကိုလူတွေက တစ်ခုခု ဖြစ်ရင် မှန်းပြီးပြောတယ်ပေါ့။ မှန်ချင်လည်း မှန်မယ်။ မှားချင်လည်း မှားမယ်ပေါ့'' ဟု ပြောသည်။

Most read this week