အဖွဲ့ဝင်ဟောင်း မပါသည့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်သစ် ဖွဲ့စည်းဖို့ နမ့်ခမ်းဒေသခံံများ လက်မှတ်ထိုးတောင်းဆို

အဖွဲ့ဝင်ဟောင်း မပါသည့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်သစ် ဖွဲ့စည်းဖို့ နမ့်ခမ်းဒေသခံံများ လက်မှတ်ထိုးတောင်းဆို
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်  ဒေသခံများက စုပေါင်း လက်မှတ် ထိုးပြီး  အဖွဲ့ဝင်ဟောင်း မပါသည့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်သစ် ဖွဲ့စည်း ပေးရန် မူစယ် ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံ စာတစ်စောင် ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။

နမ့်ခမ်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို အဖွဲ့ဝင်ဟောင်းအားလုံးမပါ၀င်စေပဲ အသစ်ဖွဲ့စည်းပေးရန် ယခုလ ၁၆ ရက်နေ့က တင်ပြထားသည်ဟု နမ့်ခမ်းမြို့ခံများ ဦးဆောင် စာတင်ပေးခဲ့သူ စိုင်းအောင်မြင် ကဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲကော်မရှင်အဖွဲ့အသစ်ဖွဲ့စည်းရာတွင် ၂၀၁၀ရွေး ကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင်ဟောင်း များ ပြန်လည် ထည့်သွင်းဖို့  မြို့နယ်အုပ်ချုပ်ရေးမှူးက  ရွေးချယ်ထားပြီး ဖြစ်သည်ဟုဆိုသဖြင့်  ထိုသူ များသည် မြို့ခံများက လေး စားယုံ ကြည်သော သူများမဟုတ်သောကြောင့် လက်မခံနိုင်ကြောင်းကို ခရိုင်အဆင့်ထိ စာတင်ရကြောင်း စိုင်းအောင်မြင်က ပြောသည်။

“၂၀၁၀ ရွေးကောက်ပွဲကော်မရှှင်အဖွဲ့ဝင်ဟောင်း ရ  ဦးရှိပါတယ်။ အဲဒီထဲက ၂  ဦး ကို ခုအသစ်ပြန်လည်ဖွဲ့ စည်းလိုက်တဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှာ ပြန်လည်ပါ၀င်နေတာလို့ ကျနော်တို့သိရပါတယ်၊ အဲ့အဖွဲ့ဝင်ဟောင်းအားလုံးက ၂၀၁၀ ရွေးကောက်ပွဲရလဒ်ပြဿနာကို မဖြေရှင်းပေးတဲ့ သူတွေဖြစ်ကြပါတယ် ”  ဟု ၎င်းကဆိုသည်။

ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံတွင် လက်မှတ်ရေးထိုးပေးပို့ခဲ့သော ဒေသခံ ၄၀၀ ကျော်မှာ  နမ့်ခမ်းမြို့ လယ်သမား အဖွဲ့နှင့်နိုင်ငံရေးစိတ်ဝင်စားသော သျှမ်းလူငယ်အဖွဲ့မှ ဖြစ်ကြကြောင်း နမ့်ခမ်းမြို့ခံများဦးဆောင် အဖွဲ့ဝင် စိုင်းလှဖေ ကဆို သည်။

“စာကတော့ ခရိုင်ကော်မရှင်အဖွဲ့ထံ ဇန်နဝါရီလ ၁၆ ရက် ကတည်းက တင်ထားတယ်၊ခုထိတော့ အကြောင်းပြန်စာမရ ရှိသေးဘူး” ဟု ၎င်းက သျှမ်းသံတော်ဆင့်အားပြောသည်။shan statement