လွှတ််တော်နိုင်ငံရေး လုပ်ရန်ဆုံးဖြတ်ထားပြီး ဝင်ပြိုင်မည့်အချိန်တွင် ထုတ်ပြောမည်ဟု ဦးကိုကိုကြီးပြော

လွှတ််တော်နိုင်ငံရေး လုပ်ရန်ဆုံးဖြတ်ထားပြီး ဝင်ပြိုင်မည့်အချိန်တွင် ထုတ်ပြောမည်ဟု ဦးကိုကိုကြီးပြော
by -
မဇ္စျိမ

လွှတ်တော်တွင်း ဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် ဆုံးဖြတ်ထားပြီး ဝင်ရောက်ယှဉ်ပြိုင်မည့်အချိန်တွင် အတိအကျ ထုတ်ဖော်ပြောဆိုသွားမည်ဟု ၈၈ ကျောင်းသားဟောင်း ဦးကိုကိုကြီးက ပြောသည်။

လွှတ်တော်ပြင်ပ နိုင်ငံရေးလှုပ်ရှားမှုတွင် ၈၈ ကျောင်းသားဟောင်း တစ်ဦးအဖြစ် ပါဝင်လှုပ်ရှားခဲ့ပြီး ၎င်းက လွှတ်တော်တွင်းနိုင်ငံရေး ဆက်လက်လုပ်ကိုင်ရန် ဆုံးဖြတ်ပြီးဖြစ်သည်ဟု ပြောကြားလိုက်သည်။

U-Ko-Ko-Gyi

လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရေးနှင့် ပတ်သက်၍ "ကျွန်တော်တို့ စဉ်းစားနေတာတွေ ရှိပါတယ်။ ဘယ်ကာလမှာ ဘယ်လိုပုံစံနဲ့ ယှဉ်ပြိုင်မယ်ဆိုတာကိုတော့ တိကျတဲ့ အချိန်ကျရင် အားလုံးကို အသိပေးသွားမှာ ဖြစ်ပါတယ်" ဟု ဦးကိုကိုကြီး က ပြောကြားလိုက်သည်။

၂ဝ၁၅ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ရွေးကောက်ပွဲတွင် တရားမျှတရေးနှင့် ပွင့်လင်းမြင်သာမှုရှိရေးအဓိက လိုအပ်သည်ဟု ၎င်းက ပြောသည်။ "ရွေးကောက်ပွဲ စစ်မှန်ဖို့က ပြည်သူစိတ်ဝင်စားမှုများဖို့လိုတယ်" ဟု ၎င်းက ပြောသည်။

ထိုသို့  လွှတ်တော်နိုင်ငံရေးလုပ်မည်ဟု ပြောကြားလိုက်သော်လည်း ဝင်ရောက်ယှဉ်ပြိုင်မည့် ကာလနှင့် မဲဆန္ဒနယ်ကို အတိအကျ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသေးပေ။ ဦးကိုကိုကြီးသည် လက်ရှိတွင် လွှတ် တော်စောင့်ကြည့်လေ့လာရေးအဖွဲ့ တစ်ဖွဲ့ ဖြစ်သည့်  ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ အကြံပေးအဖွဲ့ဝင် တစ်ယောက်အဖြစ် ဆောင်ရွက်လျက်ရှိသည်။

Most read this week