အင်ဒိုနီးရှားတွင် အဖမ်းခံခဲ့ရသော ရေလုပ်သားများ မြန်မာနိုင်ငံပြန်ရောက်

အင်ဒိုနီးရှားတွင် အဖမ်းခံခဲ့ရသော ရေလုပ်သားများ မြန်မာနိုင်ငံပြန်ရောက်
by -
မဇ္စျိမ

 အင်းဒိုနီရှားနိုင်ငံ ရေပိုက်နက်အတွင်းသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိသွားသည် ရေလုပ်သား ၁၉ ဦး ဇန်နဝါရီ ၁၃ ရက်က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည်ကို ဇန်နဝါရီ ၂၀ ရက်တွင် ကျိုက်ဝိုင်းဘုရား လမ်းရှိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးရုံးတွင် သတင်းစာရှင်းပွဲ ပြုလုပ်ခဲ့သည်။

ယင်းရေလုပ်သားမှာ တနင်္လာရီတိုင်း မှ ၁၂ ဦး၊ မကွေးတိုင်းမှ ၂ ဦး၊ ရန်ကုန်တိုင်းမှ ၅ ဦး စုစုပေါင်း ၁၉ ဦး ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

ယင်းတို့ထဲမှ  ဧရာဝတီတိုင်းမှ ကိုသက်သည် ကော့သောင်း မြို့တွင် ဆီအုန်းစိုက်ပျိုးရမည်ဟု ခေါ်ဆောင်ခဲ့ ရာမှ ကော့သောင်းမှ ငါးဖမ်း သဘောင်္ပေါ်သို့ ထိုင်းဘတ်ငွေ ၃ သောင်းဖြင့် ရောင်းစားခံရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

"ကျွန်တော့်ကို ကော့သောင်းမှ ဆီအုန်းစိုက်တဲ့ နေရာမှာ အလုပ်ရမယ်ဆိုပြီး ယုဇနက ပွဲစားကခေါ်သွားတယ်။ သဘောင်္ပေါ်ရောက်ပြီး ၃ နှစ်လောက်မှာ ေရောင်းစားခံရမှန်သိတယ်။ သဘောင်္ပေါ်မှာ ဘတ်ငွေ တစ်လကို ၅ထောင်ပဲရတာ။ လတိုင်းရတဲ့ ငွေကို ပွဲစားက ဖျက်နေတာပါ" ဟု ကိုသက်က မဇ္စျိမကို ပြောသည်။

အင်ဒိုးနီရှား ရေပိုက်နက်အတွင်းသို့ ရောက်ရှိသွားသောကြောင့် အင်ဒိုးနီးရှား စစ်တပ်မှ ဖမ်းဆီး ၍ ယင်းရေလုပ်သား ၁၉ ဦးအား ထောင် ဒဏ် ၃ လမှ ၉ လ အထိ ထောင်ဒဏ်ချ မှတ်ခံခဲ့ရသည်ဟု ၎င်းက ဆိုသည်။

၎င်းတို့အား အင်ဒိုးနီရှား နိုင်ငံမှ မြန်မာသံရုံးသို့ ချိတ်ဆက်၍ မြန်မာနိုင်ငံ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့အပါအဝင် နိုင်ငံတကာ ရွှေ့ပြောင်း သွားလာရေး အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်ဟု လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့စုမှ ဒု-ရဲမှူး မောင်အောင်က ပြောသည်။

"အိမ်နီးချင်းထိုင်းကနေ အင်ဒိုနီးရှားနိုင်ငံ ရေပိုက်နက်ထဲရောက်သွားတယ်။ ဒီ ၁၉ ယောက်လုံးက လူကုန်ကူးခံရတယ်လို့တော့ ပြောလို့ မရသေးဘူး။ လူကုန်ကူးခံရတာမဟုတ်ဘူး။ ဟိုကပြန်လွဲပေး တာ ပြန်လည်စိစစ်ရဦးမယ်" ဟု ဒု-ရဲမှူး မောင်အောင်က ပြောသည်။

ယင်းရေလုပ်သားများအား အင်ဒိုနီးရှာနိုင်ငံမှ နိုင်ငံတကာ ရွှေ့ပြောင်းသွားလာရေး အဖွဲ့က လေယာဉ်လက် မှတ်ခ အကုန်ကျ ခံပေးခဲ့သည် ဟု မြန်မာနိုင်ငံ နိုင်ငံတကာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့မှ အကြံပေးအရာ ရှိ ဒေါ်ရင်ရင်ဟန်က မဇ္စျိမကို ပြောသည်။

"အခု ဒီရေလုပ်သား ၁၉ ယောက် သူတို့ ဇာတိမြေကို ပြန်ဖို့အတွက်ကို်  အမေရိကန် ဒေါ်လာ ၂၀၀ စီထောက်ပံ့ပေးမယ်၊ ထို့ အပြင် ကော့သောင်းကို ပြန်မယ့်သူ ၁၂ ယောက်အတွက်က ကားနဲ့ ပြန်ဖို့က အဆင်မပြေဘူး။ လုံခြံုရေး ရှိတဲ့အတွက် လေယာဉ် လက်မှတ်တွေ ကျွန်မတို့စီစဉ်ပေးပါမယ်" ဟုလည်း ၎င်းက ဆက်ပြောသည်။

ရေလုပ်သားများ၏ အလုပ်အကိုင် ပြန်လည်ထူထောင်ရေးအတွက် ၎င်းတို့ စိတ်ဝင်စားမှုပေါ် မူတည်၍ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီးဌာနက စီစဉ်ပေးရန် ရှိသည်ဟုလည်း ဆိုသည်။

အဆိုပါ ရေလုပ်သားများ နေရပ်ပြန်ရာတွင် အဆင်ပြေစေရန် နှစ်ပတ်ခန့် သက်တမ်းရှိ ခရီးသွားခွင့် ယာယီကတ် ထုတ်ပေးမည်ဟု မရမ်းကုန်းမြို့နယ် လူဝန်မှုကြီးကြပ်ရေးဌာနက ဒု-ဦးစီးမှူး ဒေါ်ခင်ထွေးဝင်းက မဇ္စျိမကို ပြောသည်။

Most read this week