ငါးနှစ်အတွင်း အိမ်ထောင်စု ၂ ဒသမ ၅ သန်းကို ကန်ဒေါ်လာ ၆၇၀ သန်းသုံး၍ လျှပ်စစ်မီးပေးမည်

ငါးနှစ်အတွင်း အိမ်ထောင်စု ၂ ဒသမ ၅ သန်းကို ကန်ဒေါ်လာ ၆၇၀ သန်းသုံး၍ လျှပ်စစ်မီးပေးမည်
by -
မဇ္စျိမ

 မြန်မာနိုင်ငံတွင် ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၉ ခုနှစ်အထိ ငါးနှစ်အတွင်း အိမ်ထောင်စုပေါင်း ၂ ဒသမ ၅ သန်းကို လျှပ်စစ်မီးပေးနိုင်ရန် ကန်ဒေါ်လာ ၆၇ဝ သန်းလိုအပ်မည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုး က ပြောကြားသည်။

၎င်းက ''အဲဒီလိုလျှပ်စစ်မီးပေးဖို့ အမေရိကန် ဒေါ်လာ ၆၇ဝ သန်းလိုအပ်ပါတယ်'' ဟု ပြောကြားသည်။

Bago-Trespassing

နေပြည်တော်ရှိ ုနာစနမျုင ဟိုတယ်တွင် ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ရေအားလျှပ်စစ်အသင်းတို့ ပူးပေါင်း၍ ဇန်နဝါရီ ၁၉ မှ ၂ဝ ရက်အထိ ကျင်းပသည့် အစည်းအဝေးဖွင့်ပွဲ အခမ်းအနားတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။

ယင်းအတွက် ကမ္ဘာ့ဘဏ်မှ ကန်ဒေါ်လာ သန်း ၄ဝဝ ကို ချေးမည်ဟု အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေး ကော်ပိုရေးရှင်း၏ဒုတိယဥက္ကဋ္ဌ Karin Finkelston က ပြောသော်လည်း မည်ကဲ့သို့သော အတိုးနှုန်း၊ ချေးငွေ သက်တမ်းမည်မျှရှိမည် တို့ကိုမူ မပြောကြားခဲ့ပေ။

၎င်းးက ''ရေအားလျှပ်စစ်ကတော့ မြန်မာနိုင်ငံ လျှပ်စစ်အတွက် ကျောရိုးဖြစ်ပါတယ်။ ဒါကို ဆက်လက် လုပ် ဆောင်ရမှာဖြစ်ပါတယ်'' ဟု ဖြည့်စွက်ပြောသည်။

မြန်မာနိုင်ငံသည် လက်ရှိထုတ်လုုပ်နိုင်စွမ်းဖြစ်သည့် မဂ္ဂါဝပ် ၃,၅ဝဝ ၏အဆ ၃ဝ နီးပါးဖြစ်သည့် မဂ္ဂါဝပ် ၁ဝဝ,ဝဝဝ အထိ ထုတ်လုပ်နိုင်မည့် လျှပ်စစ်စွမ်းအား ထုတ်လုပ်နိုင်မည့် အလားအလာရှိသည့်စွမ်းအား ရတနာသိုက်ကြီးကို ပိုင်ဆိုင်ထားသည်ဟု ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ကိုးသန်း ကျော်အနက် ၆၇ ရာခိုင်နှုန်းဖြစ်သော အိမ်ထောင်စု ခြောက်သန်းကျော်သည် လျှပ်စစ်မီး မရရှိသေးဘဲ အိမ်ထောင်စု ၃ ဒသမ ၁ သန်း၊ ရာခိုင်နှုန်းအားဖြင့် ၃၃ ရာခိုင် နှုန်းသာ လျှပ်စစ်မီးရရှိသည်ဟု ဦးခင်မောင်စိုးက ပြောသည်။

၎င်းက ''ကမ္ဘာ့ဘဏ်အပြင် တခြားသော အဖွဲ့အစည်းတွေကိုလည်း ဝိုင်းဝန်းကူညီဖို့ မေတ္တာရပ်ခံပါ တယ်''ဟု ဆိုသည်။

လျှပ်စစ်မီးသည် မြန်မာနိုင်ငံ၏ဆင်းရဲ နွမ်းပါးမှု လျှော့ချရန်နှင့် ပြည်သူများ၏ လူနေမှုဘဝ အဆင့်အတန်း မြင့်မားရေးအတွက် အခြေခံကျ သည့်အပြင် ရေအားလျှပ်စစ်သည် လည်း မြန်မာနိုင်ငံစွမ်းအင်အနာဂတ် အတွက် အရေးပါသည့်အစိတ်အပိုင်း ဖြစ်သည်ဟု Karin Finkelston ကပြောသည်။

၎င်းက ''ဒါပေမဲ့လည်း ဒါကိုလုပ်ဆောင်တဲ့နေရာမှာ သဘာဝပတ်ဝန်းကျင်မထိ ခိုက်ဖို့၊ လူမှုဘဝတွေနဲ့ သဟဇာတဖြစ်ဖို့ လိုအပ်ပါတယ်'' ဟု ဖြည့်စွက်ပြောသည်။