မိုးနှင့်အတူ လေပြင်းတိုက် ခတ်မှုကြောင့် ကယားတွင် နေအိမ် ၁၀၀ ကျော် အမိုးများ ပျက်စီး

မိုးနှင့်အတူ လေပြင်းတိုက် ခတ်မှုကြောင့် ကယားတွင် နေအိမ် ၁၀၀ ကျော် အမိုးများ ပျက်စီး
by -
ကန္တာရဝတီတိုင်းမ်

ယခုနှစ် ဇန်နဝါရီလ (၈)ရက်နေ့ မွန်းလွဲ (၁၂) နာရီအချိန်တွင် မိုးရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်ခဲ့ မှုကြောင့် လွိုင်ကော်မြို့နယ် ပန်ကန်းကျေးရွာအုပ်စု ရှိ နမ့်ဘော်ဝမ်(ရှမ်း)နှင့် နမ့်ဘော်ဝါ(ကော်ရခါး) ရပ်ကွက်များအပြင် ဧက(၅၀၀)ဘက်တွင် နေအိမ် အလုံး ၁၀၀ ကျော် အမိုးများ ပျက်ဆီးခဲ့ပြီး အုတ်တံတိုင်းအချို့ ပြိုကျမှုများရှိခဲ့ကြောင်း သိရသည်။

“ဖြစ်တာကတော့ ၁၂း၁၅နာရီလောက်မှာပေ့ါ။ ၁၂း၁၅လောက်မှာ မိုးရောလေရော ရွာလိုက်တာပေ့ါ။ ၁၂း၃၅လောက်မှာ ပြီးသွားတယ်။ မိနစ်(၂၀)လောက် အတောအတွင်းမှာ ဖြစ်သွားတာ။ အိမ်တွေက ကိုးရိုးကားယားတွေ ခေါင်းမိုးတွေလန်တွန့်၊ အုတ်တံတိုင်းတွေ ပြိုတဲ့အိမ်က ပြိုပေ့ါနော်” ဟု နမ့်ဘော်ဝမ်(ရှမ်း)အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဦးက ဆိုသည်။

house-destory

အိမ်အမိုး များမှာ ပြန်လည်ပြုပြင် အသုံးပြု၍မရတော့အောင် ပျက်ဆီးသွားကြောင်း နမ့်ဘော်ဝမ် (ရှမ်း) မှ ဦးမျိုးမင်းက ပြောသည်။

ယခုကဲ့သို့ အိမ်အမိုးများနှင့် အုတ်တံတိုင်းများပျက်ဆီးမှုကို အစိုးရဌါနများ၊ NGOs အဖွဲ့အစည်းများနှင့် လူမှုအသင်းအဖွဲ့များက လာရောက် စာရင်းကောက်ယူကြပြီး အကူအညီများပေးရန် စီစဉ်နေကြကြောင်း အုပ်စုအုပ်ချုပ်ရေးမှူးထံမှ သိရသည်။