မော်လမြိုင်ခနောက်စိမ်း သန့်စင်စက်ရုံကို သတ္တုတွင်းဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဟုဆို

မော်လမြိုင်ခနောက်စိမ်း သန့်စင်စက်ရုံကို သတ္တုတွင်းဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဟုဆို
by -
မွန်အေဂျင်စီ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ မော်လမြိုင်စက်မှုဇုန်တွင် တည်ဆောက်ထားပြီဖြစ်သော ခနောက်စိမ်းသန့်စင် စက်ရုံကို မြန်မာဆန်းဇော်သတ္တုတူးဖေါ်ရေး ကုမ္ပဏီလီမိတက်နှင့် သတ္တုတွင်းဝန်ကြီးဌာနတို့ အကျိုးတူပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း

မြန်မာဆန်းဇော်သတ္တုတူးဖေါ်ရေး ကုမ္ပဏီလီမိတက်မှ မန်နေဂျင်ဒါရိုက်တာဦးခင်မောင် ကပြောသည်။

အဆိုပါစက်ရုံကို တစ်နှစ်လျှင်ခနောက်စိမ်း သတ္တုရိုင်း တန် ၄၀ဝဝ လည်ပတ်နိုင်မည့် စက်ရုံဖြစ်ပြီး ယင်းစက်ရုံမှ ရရှိသော အကျိုးအမြတ်ကို သတ္တုတွင်းဝန်ကြီးဌာနသို့ ၃၄ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၃ ရက်နေ့တွင် မော်လမြိုင်စက်မှုဇုန်ရှိ သာသနာ့ရောင်ခြည် ဘုန်းကြီးကျောင်းတွင် ပြုလုပ်သောလူထုတွေ့ဆုံပွဲတွင် ၎င်းကပြောသည်။

“ဘယ်လုပ်ငန်းလုပ်လုပ် ဝေဖန်မှုမလုပ်ချင်သေဘူး၊ ဒါပေမယ့် သူတိုဘက်က ပွင့်လင်းမြင်သာမှသာ ဒီထက်ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းမှ ပြည်သူတွေကလက်ခံလာမယ်၊ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ဓါတုပစ္စည်းတွေနဲ ပတ်သတ်ပြ ဗဟုသုတနည်းပါတယ်။ ဗဟုသုတနည်းတဲ့အတွက် ရှင်းလင်းမှုတွေပွင့် လင်းမြင်သာမှုတွေ ပိုလုပ်စေချင်တယ်။ တချို့ဆိုရင်ခနောက်စိမ်းစက်ရုံက အငွေ့ကို ရှုရင်ဘာဖြစ်တယ် ညာဖြစ်တယ်။ ဒါတွေကိုလည်းပြည်သူတွေရဲ့ အကြောက်တရားကို ပယ်ဖျောက်ပြီးမှ ဒီစက်ရုံကို

လည်ပတ်သင့်တယ်” ဟု လုထုတွေဆုံပွဲ တတ်ရောက်သော ညောင်ပင်ဆိပ်ကျေးရွာမှ ကိုခင်ဇော်ဦး က ပြောသည်။

စက်ရုံလည်ပတ်ရန် ကုန်ကြမ်းများအဖြင့် ကျောက်မီးသွေးကို အသုံးပြုမည်မဟုတ်ဘဲ ထိုကုမ္ပဏီပိုင် သတ္တုတွင်းမှ ထွက်ရှိသော

သတ္တုရိုင်းနှင့် ရှမ်းပြည်နယ် ကလောမြို့နယ်မှ ထွက်ရှိသော ကျောက်မီးသွေးကို အသုံးပြုသွာမည်ဖြစ်ကြောင်း ကျောက်မီးသွေးသည်

တစ်ဆင့်လောင်ကျွမ်းသန့်စင်ထားပြီ ဖြစ်သဖြင့် ဆပ်လ်ဖာနှင့် အခြားဓါတ်သတ္တုများ ပါဝင်နှုန်း နည်းပါသွားပြီး လေထုညစ်ညမ်းမှု နည်းသွားမည်ဖြစ်ကြောင်း မြန်မာဆန်းဇော်သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက် မန်နေဂျင်ဒါရိုက်တာ ဦးခင်မောင်က ဆက်ပြောသည်။

“သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ ဒေသခံလူထု တွေဆုံဖိုဆိုသည့် သတ်မှတ်ချက်ပါနေသည့် အတွက် တွေ့ဆုံပွဲလုပ်တယ် တွေဆုံပွဲလုပ်တော့လဲ ဒေသခံပြည်သူတွေကို ဖိတ်ကြားထားခြင်း မရှိဘူး ကျွန်တော်တို့က ဖိတ်စာရောက်လို့ တတ်တာမဟုတ်ဘူး လမ်းဘေးဗီနိုင်းဆိုင်း ဘုတ်ကပ်ထားလို ဘာကပ်ထားလဲဆိုပြီကြည့်တယ် ကြည်ပြီတော့မှ တွေဆုံပွဲလာတတ်ရခြင်းဖြစ်တယ်” ဟု ညောင်ပင်ဆိပ်ကျေးရွာမှ မွန်မြတ်နှလုံးသားပိုင်ရှင်များ နာရေးကူညီမှုနှင့် လူမှုကူညီရေး အသင်းမှ အတွင်းရေးမှုး ကိုဘိုဝင်းက ပြောသည်။

အဆိုပါလူထုတွေ့ဆုံပွဲကိုဒေသခံလူထုတတ်ရောက်မှုအားနည်းနေခြင်းကြောင်းကျေးရွာလူထုများပါဝင် သည့်ပွင့်လင်းမြင်သာသောတွေဆုံဆွေးနွေးပွဲထပ်မံပြုလုပ်ပေးရန်လိုအပ်ကြောင်းဒေသခံလူထုကပြောသည်။

Most read this week