အားကစား ကွင်းပြန်ရရန် ဆန္ဒပြသည့် ၈၈ခေါင်းဆောင် ဦးကိုကိုကြီးနှင့်အဖွဲ့ အမှုဖွင့်ခံရ

အားကစား ကွင်းပြန်ရရန် ဆန္ဒပြသည့် ၈၈ခေါင်းဆောင် ဦးကိုကိုကြီးနှင့်အဖွဲ့ အမှုဖွင့်ခံရ
by -
မဇ္စျိမ

 တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက်ရှိ ပန်းခြံ (အားကစားကွင်း)ကို အဆောက် အဦအဖြစ်  ဆောက်လုပ်ရန်   စီစဉ်နေ သည့်အပေါ် ဆန္ဒပြ၊ ဟောပြောခဲ့ကြသည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းခေါင်းဆောင် ဦးကိုကိုကြီး အပါအဝင် ဆန္ဒပြခေါင်းဆောင် လေးဦးကို ပုဒ်မ ၁၉ဖြင့် တောင်ဥက္ကလာ ရဲစခန်းက အမှုဖွင့် အရေးယူ လိုက်သည်ဟု ဆန္ဒပြခေါင်းဆောင် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးမျိုးခင် (ခေါ်) ဦးမုန်းခက် က ပြောသည်။

ဒီဇင်ဘာ ၂၁ ရက် နံနက် ၉ နာရီတွင် တောင်ဥက္ကလာပ သစ္စာလမ်းနှင့် ဝေဇယန္တာ လမ်းထောင့်မှ စတင်ကာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ အစည်း ခေါင်းဆောင် ဦးကိုကိုကြီး အပါအဝင် လူအင်အား၅၀ခန့်က ကမ္ဘာမကြေသီချင်းကြွေးကြော်ကာ ဆန္ဒပြပွဲကို စတင်ဖွင့် လှစ်ခဲ့ပြီး တောင်ဥက္ကလာပမြို့ နယ် ၉ ရပ်ကွက်ရှိ ပန်းခြံ (အားကစား) နှင့် တောင်ဥက္ကလာပ အရှေ့ပိုင်းခရိုင် စည်ပင်ရုံးရှေ့ကို သွားရောက်ကာ ဟောပြော ခဲ့ခြင်းဖြစ်သည်။

ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်ပါဝင်ခဲ့သည့် ဦးကိုကိုကြီး၊ ဒေါက်တာ စောနိုင်၊ ဦးမျိုးခင် (ခေါ်) ဦးမုန်းခက်၊ ဦးနိုင်ကိုလင်းနဲ့ ဦးအောင်မောင် (ခေါ်) ဦးစစ်မောင် တို့ကို အမှုဖွင့် အရေး ယူခြင်းဖြစ်သည်။

ဟောပြောပွဲပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ဒေါက်တာစောနိုင်၊ ဦးမျိုးခင် (ခေါ်) ဦးမုန်းခက်၊ ဦးနိုင်ကိုလင်းနှင့် ဦးအောင်မောင် (ခေါ်) ဦးစစ်မောင်တို့ကို  ရဲစခန်းသို့ ခေါ်ဆောင်ကာ အမှုဖွင့်လိုက်ခြင်းဖြစ်သည်။

တောင်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးအောင်က "ခွင့်ပြုထားတာက ဟစ်တိုင်နေရာမှာပါ။ ဒီနေရာမှာ ခွင့်ပြု ချက်မရှိဘဲ စီတန်းလှည့်လည် တာတွေ၊ ဟောပြော တာတွေ ပြုလုပ် တဲ့အတွက် ပုဒ်မ၁၉နဲ့ တရားစွဲတာပါ။ ဦးဆောင် ပါဝင်သူတွေ အားလုံးနဲ့ ဦးကိုကိုကြီးလည်း တရားစွဲ ဆိုသွားမှာဖြစ် ပါတယ်" ဟုပြောသည်။

အဆိုပါအမှုဖွင့် လိုက်ခြင်း အပေါ် ဦးကိုကိုကြီးက "နိုင်ငံတော်နဲ့ ပြည်သူတွေကို ထိခိုက်နစ်နာအောင် လုပ်နေတဲ့ သူတွေကို အရင် အရေးယူပေး ပါ။ပြည်သူတွေ နစ်နာအောင် ကျူးလွန်နေ သူတွေကို တရားစွဲပြီးမှ ကျွန်တော် တို့ကို တရားစွဲဆိုပါ "ဟု ပြောသည်။

တောင်ဥက္ကလာပမြို့နယ် (၉) ရပ်ကွက် အားကစား ပန်းခြံကို ပြန်လွှဲပြောင်း မှုမရှိလျှင် ဆန္ဒဖော် ထုတ်ခြင်းကို ဆက်လက် လုပ်ဆောင် သွားမည် ဟုလည်း၎င်း က ပြောကြား ခဲ့သည်။

"ကျွန်တော်က တောင်ဥက္ကသား တစ်ယောက်ပါ။ ဒီပန်းခြံက အရင်အစိုးရက ထားခဲ့ တာတောင်မှ အခု ဒီမိုကရေစီ အစိုးရ ခေတ်ရောက်မှ ပန်းခြံက အသိမ်းခံ လိုက်တာပါ။ ကလေးကစားကွင်းတွေကို လုံးဝမထိပါနဲ့ ၊ ပြန်လည်မ ရမချင်း ရှေ့တိုးဆောင်ရွက်သွားမည်" ဟု ဆန္ဒထုတ်ဖော် ဟောပြောရာတွင် ၎င်းကထည့် သွင်းပြော ကြားခဲ့သည်။

 တောင်ဥက္ကလာပမြို့နယ် ၁၁ရပ်ကွက်မှ ဦးထွန်းအောင်ခိုင်က "ရပ်ကွက်ထဲမှာ မီးလောင်တာတို့ အရေးပေါ် ကိစ္စတွေဖြစ်ရင် ဒီအားကစားကွင်းမှာ ရပ်ကွက်လူ အကုန် လာခိုဖို့ ထားခဲ့တယ်။ ကလေးတွေလည်း ကစား ကြတာပေါ့။ အခုအဆောက် အဦတွေဆောက်မယ် ဆိုတာဘယ်သူမှ မသိဘူး။ ကစားကွင်း အတိုင်းပြန် ထားပေးဖို့ စည်ပင်ကို ပြောလိုပါတယ်"ဟု  ပြောသည်။

Most read this week