တာချီလိတ်မြို့ မော်တော် ဆိုင်ကယ်ပွဲတော်တွင် ထိုင်းနာမည်ကြီး အဆိုတော် အက်ခရားပေါင်း လာရောက် ဖျော်ဖြေ

တာချီလိတ်မြို့ မော်တော် ဆိုင်ကယ်ပွဲတော်တွင် ထိုင်းနာမည်ကြီး အဆိုတော် အက်ခရားပေါင်း လာရောက် ဖျော်ဖြေ
by -
သျှမ်းသံတော်ဆင့်

ထိုင်းနိုင်ငံနယ်စပ် သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် မြို့တွင် ကျင်းပသော မော်တော် ဆိုင်ကယ်နေ့ 1 ST Myanmar Tachileik Bike Week 2014 တွင် ထိုင်းနိုင်ငံ နာမည်ကြီး အဆိုတော် အက်ခရားပေါင်း လာရောက် သီဆို ဖျော်ဖြေ ကြကြောင်း သိရသည်။

အဆိုပါပွဲကို တာချီလိတ်မြို့တွင် ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်၌ ကျင်းပရာ အာဆီယံနိုင်ငံမှ ဆိုင်ကယ်ကလပ်များ နိုင်ငံတကာမှ ဆိုင်ကယ်ကလပ်များလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

TCL

1 ST Myanmar Tachileik Bike Week 2014 ပွဲကို Eastern Egal MC ကုမ္မဏီက ကမကထ ပြု ကျင်းပပေးခဲ့ခြင်းဖြစ်သည်။

“ တာချီလိတ်မြို့လယ်က သျှမ်းရိုးမ ကုန်တိုက်ကွင်းမှာ ကျင်းပတယ်။ နေ့ခင်းပိုင်းဆိုရင် ဆိုင်ကယ် အလှပြိုင်ကြတယ်။ နိုင်ငံတကာကလာပြီးပြသတဲ့ဆိုင်ကယ် ရာနဲ့ချီတယ်။ လူလည်းတအား များပါ တယ်။ ညဘက်ဆိုရင် စင်တင်တေးဂီတ ရှိတယ်။ ထိုင်းဘက်က နာမည်ကြီးအဆိုတော် အက်ခရား ပေါင်း လာတယ်။ မြန်မာဘက်က ဇော်ဝင်းထွဋ်တို့၊ သျှီတို့ လာတယ်” ဟု တာချီလိတ် ရောက် သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းအိုက်ခမ်း ကပြောသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပသည့်ပွဲဖြစ်ပြီး ကျိုင်းတုံနှင့် မိုင်းလားမြို့သို့ပါသွား ရောက်ပြသဆင်နွဲ မည်ဖြစ်ကြောင်းသိရသည်။

နှစ်သက်ကြသော ထိုင်းနာမည်ကြီး အဆိုတော် အက်ခရားပေါင်းသည် သျှမ်းပြည်တွင်းလူငယ် အများအပြား နှစ်သက်သည့် အဆိုတော် တစ်ဦးဖြစ်သည်။

သျှမ်းပြည်တပ်မတော်အား မြန်မာစစ်တပ်က အင်အားဖြည့်တိုက်ခိုက်သည့် ၂၀၀၅ ခုနှစ်တွင် စစ်ဘေးစစ်ဒဏ်ခံရသည့် သျှမ်းပြည်သားများအတွက် “မိုက်တောင့်ရောင့်ဟိုက်”  အမည်ရှိ ( ငိုမနေပါနဲ့ )  သီချင်းသီဆိုဖြန့်ဝေခဲ့သဖြင့် မြန်မာအစိုးရ၏ ပြည်ဝင်ခွင့် ပိတ်ပင်ခြင်း ခံခဲ့ရသည်။

ယခု သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှ် မြန်မာနိုင်ငံသို့ဝင်ခွင့်ပြန်ရခဲ့သည်ဖြစ်ရာ ယမန်နှစ် အောက်တိုဘာလက ရန်ကုန်မြို့ သို့ ပထမ အကြိမ် စတင်ဝင်ရောက်သီချင်းဆိုခဲ့သည်။