ရှမ်းတောင်ပိုင်းတွင် ကြံ့ခိုင်ရေးအမတ်များ စည်းရုံးရေးဆင်း

ရှမ်းတောင်ပိုင်းတွင် ကြံ့ခိုင်ရေးအမတ်များ စည်းရုံးရေးဆင်း
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်နယ် တောင်ပိုင်း လွယ်လင် မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်နှင့်အဖွဲ့တို့သည်  လွယ်လင် မြို့နယ် အတွင်း ကျေးလက် ဒေသသို့ စည်းရုံးရေး ခရီး ဆင်းနေကြောင်း စုံစမ်း သိရှိရသည်။

ဒီဇင်ဘာလ ရမှ ၁၂ ရက်နေ့ထိ လွယ်လင်မြို့နယ်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တီ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်တီ ဦးဆောင်သော ၈ ယောက် ပါအဖွဲ့သည် လွယ်လင်၊ မိုင်းပွန် အတွင်းရှိ ခေါက်နွဲ့ရွာ၊ ချိုခမ်း၊ ကုန်းလုံး၊ ကွန်လောင်း ၊ ငါးမိန်း ရွာသားများ၊ ပန်လျဲန်း၊ နမ့်ထမို၊ ခိုင်းမိုက်ဆော့ ရွာသူ၊ ရွာသားများနှင့်တွေ့ဆုံကာ နိုင်ငံရေး၊ ရွေးကောက်ပွဲအကြောင်း ၊ ၂၀၁၅ ရွေးကောက်ပွဲ အကြောင်း ပြောဆိုစည်းရုံးခဲ့သည်ဟု လွယ်လင်မြို့ခံများက ပြောသည်။

num ta mo

“ ဒီဘက်က ဒေသခံအများစုက လမ်းခင်းပေးစေချင်ကြတယ်။ ဒီလွှတ်တော်ကိုယ်စားလှယ် တွေဘက် ကတော့ ရေရအောင်လုပ်ပေးမယ် မီးရအောင်လုပ်ပေးမယ်စသဖြင့် ကတိတွေ ပေးသွားတယ်။ တက်ရောက်နားထောင် တဲ့သူတွေ တနေရာ ၆၀ လောက်ရှိပါတယ်။ မဲဆွယ်စည်းရုံးရေးသဘောပါဘဲ” ဟု ဒေသခံလူငယ်ခွန်ခမ်းက ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တီတော့ ၂၀၁၅ အလွန်မှာ တစ်ရွာနှင့်တစ်ရွာကြား သွားလာရေးလွယ်ကူစေရန် လမ်းတွေ တံတားတွေ တည်ဆောက်ပေးသွားမည်ဟုလည်း တက်ရောက်နားထောင်သည့် ဒေါ်နန်းထီ က ဤကဲ့သို့ ပြောသည်။

“ ဦးခင်မောင်တီကပြောသွားတာကတော့ လမ်းတွေ ခင်းပေးမယ်တဲ့။ ၂၀၁၅ ၊ ၂၀၁၆ မှာဆိုရင် နမ့်ထမို ရွာနဲ့ ဝမ့်ခိုင်းမိုက်ဆော့ရွာကြားမှာ လမ်းခင်းပေးမယ်။ လူထုက နမ့်ထမို ရွာကနေ ဝမ့်လုံအောင် အထိခင်းပေးဖို့ ပြောတယ်။ ပန်လျဲမ်းရွာမှာလဲ တံတားဆောက်ပေး ဖို့ပြောသွားတယ်။ လွှတ်တော်အမတ်မင်းတွေက ကြိုးစား ပြီးလုပ်ပေးမယ်လို့ ပြောသွားတယ်။ အဲဒီအပိုင်းက လမ်းတွေက တော်တော်ဆိုးနေသေးတယ်” ဟု ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည်  THE  CARTER  CENTER  မှ Mr. Frederick  Rawski  ဦးဆောင်သည့်အဖွဲ့နှင့် ဒီဇင်ဘာလ ၉ ရက်နေ့ကတွေ့ဆုံစဉ် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအား အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလ ပထမပတ်တွင် ကျင်းပသွား မည်ဖြစ်ကြောင်း၊ အဆိုပါရွေးကောက်ပွဲအား တရားမျှတမှု၊ လွတ်လပ်မှု၊ ပွင့်လင်းမြင်သာမှုရှိစေရန် နိုင်ငံတကာရွေးကောက်ပွဲလေ့လာရေးအဖွဲ့များ ဖိတ်ကြား၍ စီစဉ်ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့သည်။