သျှမ်းသူပုန်ဟု ဆိုကာ ရွာသားတစ်ဦးအား အစိုးရ စစ်တပ်မှ တစ်လကြာ ဖမ်းဆီး စစ်ဆေး

သျှမ်းသူပုန်ဟု ဆိုကာ ရွာသားတစ်ဦးအား အစိုးရ စစ်တပ်မှ တစ်လကြာ ဖမ်းဆီး စစ်ဆေး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်နယ် တောင်ပိုင်း လဲချား မြို့နယ် တတ်မောက် ကျေးရွာမှ ရွာသား တစ်ဦး မြန်မာ အစိုးရ စစ်တပ်က သျှမ်းသူပုန်ဟု ဆိုကာ ဖမ်းဆီး ရိုက်နှက်ခဲ့ကြောင်း သိရသည်။

ဦးလုံးယန္န ပါခမ်းဆာတို့၏သား စိုင်းမြင့်ကျော်အား လယ်တောမှအပြန် စစ်ကြောင်းပြန် ခိုလမ်အခြေစိုက် ရလခတိုင်းမှ စစ်သားကဖမ်းဆီးခေါ်ဆောင်ခြင်းဖြစ်ကြောင်း ဆွေမျိုး တော်စပ်သူတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

Sai Myint Kyaw to sent

“နိုဝင်ဘာလဆန်းက သူ့ကိုလမ်းမှာတွေ့ရင်း ဖမ်းသွားတာတဲ့။  ဒီဇင်ဘာလ ၁၁ ရက်က ပြန် လွှတ်လာတာ။ တစ်လ တိတိဘဲ။ သျှမ်းစစ်သားနဲ့ပတ်သက်လားဆိုပြီး နေ့တိုင်းရိုက်ပြီး စစ် တယ်တဲ့သူ့ကို။ စစ်တိုင်းလည်း သူက ဗိုက်ဆာတယ်ဘဲပြောတယ် ၊  ဒါကြောင့် သူ့ကိုပြန် လွှတ်တယ်လို့ စစ်တပ်ကပြောတယ်တဲ့။ အိမ်ရောက်တော့လဲ အဲဒီတိုင်းဘဲ ထမင်း ဆာတယ် ဘဲပြောနေတယ်သူ။  ဘာဖြစ်သွားလဲမသိဘူး” ဟု ဆွေမျိုးတော်စပ်သူ အမျိုးသား တစ်ဦးက ပြောသည်။

ခိုလမ်မြို့အစိုးရ၏ စစ်တပ်အတွင်း တလကြာ ဖမ်းဆီးရိုက်နှက်ခံရသော စိုင်းမြင့်ကျော်သည် ယခင်က ကျန်းမာရေးကောင်းမွန်သူ သန်မာသန်စွမ်းသူဖြစ်ကြောင်း၊ အသက် ၃၀ ဝန်းကျင် အရွယ်ရှိပြီး လယ်ယာလုပ်ငန်း လုပ်ကိုင်ကြောင်း သျှမ်းစစ်သားနှင့်ပတ်သက်ခြင်းမရှိ ကြောင်း လဲချားရောက်တတ်မောက် ရွာခံ ရပ်မိရပ်ဖ တစ်ဦးကလည်းပြောသည်။

ခိုလမ်မြို့ရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်  RCSS/SSA ၏ ပြန်ကြားရေးနှင့် ဆက်ဆံရေးရုံးတာဝန်ခံတဦးက “ အခုလို အဖမ်းခံရရင် မိဘဆွေမျိုးနဲ့ ရပ်ရွာအုပ်ချုပ်ရေးနဲ့ ရွာခံတချို့နဲ့အတူတူ ကျနော်တို့ဆက်ဆံရေးရုံးကို လာပြီး တိုင်ပင်ရ မှာလေ။ ဒါမှကျနော်တို့ ကူညီဆောင်ရွက်ပေးနိုင်မှာပေါ့။ လူထုအခက်အခဲတွေ ကူညီဖြေ ရှင်းဖို့ကျနော်တို့ရုံးဖွင့်ထားတာဘဲလေ” ဟုပြောဆိုသည်။

ယခုနှစ်နှောင်းပိုင်းအတွင်း ရွာသားများအား သျှမ်းစစ်သားဟုစွပ်စွဲကာ ဖမ်းဆီးရိုက်နှက်မှု ပြန်လည်များပြား လာကြောင်း လဲချားမြို့ခံများကပြောသည်။

Most read this week