SNLD ၂၀၁၅ ရွေးကောက်ပွဲ ၀င်ပြိုင်မည်

SNLD ၂၀၁၅ ရွေးကောက်ပွဲ ၀င်ပြိုင်မည်
by -
သျှမ်းသံတော်ဆင့်

လာမည့်၂၀၁၅ ပါတီစုံရွေးကောက်ပွဲတွင် ကျားခေါင်းပါတီဟု အများသည့် သျှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ဝင်ရောက် ယှဉ်ပြိုင်မည်ဟု သိရသည်။

သျှမ်းပြည်နယ်တဝှမ်းတွင်သာမက ကချင်ပြည်နယ် ၊ ကယားပြည်နယ် ၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း တို့တွင်လည်း ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ပါတီပြောခွင့်ရ စိုင်းလိတ်က ပြောသည်။

002-SNLD-2014-002

 “တန်းတူညီမျှမှုနဲ့ ကျနော်တို့ယုံကြည်ထားတဲ့အတိုင်း၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ယုံကြည်ထားတဲ့ အတိုင်း မဖြစ်လာနိုင်တော့ဘူး။ ဒါကြောင့်  ရွေးကောက်ပွဲဝင်ဖို့ ကျနော်တို့ ပြန်လည်ချင့်ချိန်ပြီးတော့ ဆုံးဖြတ်လိုက်တာပါ ” ဟု စိုင်းလိတ်ကပြောသည်။

ယခင်က SNLD ပါတီ်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ခြင်းမရှိပါက ၂၀၁၅ ရွေးကောက်ပွဲ ၀င်မည်မ ဟုတ်ကြောင်း ကြေညာခဲ့သော်လည်း  အခြေအနေအရ ၀င်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်သည် ဟုဆိုသည်။

စိုင်းလိတ်က “ကျနော်တို့ပါတီက ဒီမိုကရေစီပါတီဖြစ်တဲ့အတွက် လူထုရဲ့ဆုံးဖြတ်ပိုင်ခွင့်၊ လူထုရဲ့ဆန္ဒကို အလေးထား ပါတယ်။  SNLD  ပါတီကို အားပေးချင်တဲ့လူရှိသလို တစ်ခြားသော ပါတီကိုအားပေးချင် တဲ့လူလည်းရှိမှာဘဲ။ ကျနော်တိို့ အနေနဲ့ ဒီမိုကရေစီ အခွင့်အရေးအရ ကြိုက်တဲ့ပါတီကို မဲပေးပိုင်ခွင့်ရှိပါတယ်၊ တိုင်းရင်းသားလူမျိုးစုတစ်ရပ်လုံး ဒီမိုကရေစီရဲ့အခွင့်အရေးအရ ကိုယ့်မှာ မဲပေးပိုင်ခွင့် ရှိလာပြီ ဆိုရင် မဲမပျက်မကွက်ပေးကြဖို့ ဘဲ တိုက်တွန်းချင်ပါတယ်” ဟု ဆက်ပြောသည်။

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD သည် ဥက္ကဌ ခွန်ထွန်းဦး ဦးဆောင်ကာ  ဒီဇင်ဘာလဆန်းအတွင်းက သျှမ်းပြည်တောင်ပိုင်း ၊ အလယ်ပိုင်းမှ မြောက်ပိုင်းအထိ ဒေသခံလူထုနှင့်တွေ့ ဆုံဆွေးနွေးကာ စည်းရုံးရေး ခရီးစဉ်များ သွားရောက်ခဲ့သည်။