ရှမ်းပြည်နယ်တောင်ပိုင်း အရပ်ဘက်လူမှု အဖွဲ့အစည်းများကွန်ရက် ဆွေးနွေးပွဲကို တောင်ကြီးမြို့၊ သစ်တော ရပ်ကွက်ရှိ တောင်ကြီး ဟိုတယ် ခန်းမတွင် ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းမှ စတင်ကာ ကျင်းပလျက် ရှိသည်။
အဆိုပါ ရှမ်းတောင် အရပ်ဘက် လူမှုအဖွဲ့အစည်း ကွန်ရက်၏ တွေ့ဆုံဆွေးနွေးပွဲကို နှစ်ရက်တိုင် ကျင်းပသွား မည်ဖြစ်ပြီး ၎င်းကွန်ရက်၏ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းများ မူကြမ်းကိုပါ တင်ပြဆွေးနွေး သွားကြမည်ဟု ရှမ်းတောင် အရပ်ဘက် အဖွဲ့အစည်း ကွန်ရက်မှ အတွင်းရေးမှူး (ယာယီ) ဒေါ်နန်းမိုမိုသီတာ က မဇ္စျိမ ကို ပြောသည်။
"ရှမ်းတောင် အရပ်ဘက် ကွန်ရက်ရဲ့ ဖွဲ့စည်းပုံကို အကြမ်းရေး ဆွဲပြီးတော့ တက်ရောက်လာတဲ့ အဖွဲ့တွေနဲ့ ၀ိုင်းဆွေးနွေး သွားကြမှာဖြစ်တယ်၊ ပြင်ဆင် တာေ တွ ဖြည့်စွက် တာတွေ အများကြီး ဖြစ်နိုင်သေး ပါတယ်၊ ဒါကအတည် မဟုတ်သေးပါဘူး” ဟု ဒေါ်နန်းမိုမိုသီတာ ကပြောသည်။
ရှမ်းတောင် အရပ်ဘက် အဖွဲ့အစည်း ကွန်ရက်၏ ဖွဲ့စည်းပုံမှု ကြမ်းတွင် အခြေခံမှုနှင့် ရည်ရွယ်ချက်၊ အသင်း၏ လုပ်ငန်း တာဝန်၊အလုပ်အမှု ဆောင်အဖွဲ့၊လုပ် ပိုင်ခွင့် တာဝန်၊ ဆက်ဆံရေး နှင့်ပြန်ကြားရေး၊ စည်းကမ်းပိုင်းနှင့် ဥပဒေအကြံ ပေးအစရှိ သည်တို့ကို ဖော်ပြထားသည်။
ယင်းကွန်ယက်မှတစ်ဆင့် ရှမ်းပြည် တစ်ခုလုံး ပါဝင်သည့် အရပ်ဘက် အဖွဲ့အစည်း ကွန်ရက် တစ်ခု ဖြစ်မြောက် သွားအောင် ဆက်လက် လုပ်ဆောင်သွားမည် ဟု ရှမ်းတောင် အရပ်ဘက် အဖွဲ့အစည်း ကွန်ရက်မှ အတွင်းရေးမှူး (ယာယီ) ဒေါ်နန်းမိုမိုသီတာ ကပြောသည်။
ဆွေးနွေးပွဲ တက်ရောက် လာသည့် ရှမ်းလူငယ် များအသင်း Shan Youth Organization၏ ဥက္ကဋ္ဌ ဦးစိုင်းခေးလျိုက"ဥပဒေမူကြမ်း ဆိုတာကို သူတို့ဆွဲပြီးမှတင် လာတယ်၊ ဘယ်နှစ်ယောက် ဘယ်အစည်းအဝေး ဆုံးဖြတ်ထား သလဲဆိုတာ မသိရဘူး၊ ဒါကို ဘာလုပ် မယ်ဆိုတာ စောင့်ကြည့် ဆဲပါပဲ” ဟုမဇ္စျိမကို ပြောသည်။
တွေ့ဆုံ ဆွေးနွေး ပွဲကို နှစ်ရက်တိုင် ကျင်းပသွား မည်ဖြစ်ပြီး ရှမ်းပြည် တောင်ပိုင်း ခရိုင်သုံးခုရှိ အရပ်ဘက် အဖွဲ့အစည်းများ၊ တိုင်းရင်းသား စာပေယဉ် ကျေး မှုအသင်း များမှ လူပုဂ္ဂိုလ် ၁၀၀ခန့် တက်ရောက် ဆွေးနွေး နေသည်။