မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေး ဗဟိုဌာန(MPC)မှ တာဝန်ရှိသူများနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT)တို့သည် ဒီဇင်ဘာလ ၁၂ နှင့် ၁၃ ရက်များတွင် ချင်းမိုင်မြို့ ၌ တွေ့ဆုံရန်ရှိပြီး စစ်ရေး၊ နိုင်ငံရေး မည်သို့ပင်ဖြစ်စေ ဂုဏ်သိက္ခာရှိသည့် ငြိမ်းချမ်းရေးရရန် ဆွေးနွေး ညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင် စီ (UNFC) တွဲဖက်အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီးခွန်ဥက္ကာက မဇ္ဈိမကို ဒီဇင်ဘာလ ၉ ရက်က ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “သူတို့ ပြန်လာရင် နောက်ဆုံးအဖြေ၊ နောက်ဆုံးအခြေ အနေတွေ သိရတာပေါ့။ အဲဒါပြီးတော့မှ တစ်ကျော့ပြန်ညှိနှိုင်း ပြီး ထပ်တွေ့ဖို့ကို ဆုံးဖြတ်ရတာပေါ့” ဟု မဇ္ဈိမကို ပြောသည်။
သို့သော်လည်း ဒီဇင်ဘာ ၁၂ နှင့် ၁၃ ရက် MPC နှင့် NCCT တို့၏ အလွတ်သဘော တွေ့ဆုံပွဲနှင့် ဒီဇင်ဘာလ ၁၅ နှင့် ၁၆ ရက်နေ့များတွင် ကျင်းပမည့် UNFC ၏ အစည်းအဝေးမှ ဆုံးဖြတ်ချက်နှင့် ရလဒ် များကိုအ ခြေခံ၍ မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မီတီ (UPWC) နှင့် NCCT တို့၏ ထပ်မံတွေ့ ဆုံ နိူင်ကြမည့် ရက်အတိအကျအကြောင်း ပြန်ကြားရန်ရှိကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္ဈိမ ကိုပြောသည်။
နှစ်ဖက်အကြား ညှိနှိုင်းနေသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (Nation Wide Ceasefire) ဖြစ် မြောက်ရန် အပစ်ရပ်စာချုပ်မူကြမ်း ညှိနှိုင်းမှု ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဟု MPC မှ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက မဇ္ဈိမကို ဒီဇင်ဘာလ ၉ ရက်တွင် ပြောသည်။
ဒေါက်တာမင်းဇော်ဦးက “ဖက်ဒရယ်ကိစ္စ၊ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေး၊ နှစ်ဖက်တပ်တွေ လိုက် နာရမယ့် ကျင့်ဝတ်တွေ၊ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဆောင်ဖို့ ဒါတွေ သဘောတူထားကြပြီးပြီ။ ကျန်တဲ့အ ချက်တွေကိုတော့ နှစ်ဖက်စလုံးက သူတို့ အနေနဲ့ လျှော့စရာရှိတာ လျှော့ပြီးသွားရင် ဖြစ်နိုင်တယ်”ဟု ပြော သည်။
သမ္မတဦးသိန်းစိန် အစိုးရသက်တမ်းအတွင်း၌ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးလက်မှတ် ရေးထိုးနိုင် ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်ထားနိုင်ရေး မဖြစ်မနေ ကြိုးပမ်းသွားရန် ရည်မှန်းချက်ရှိ ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွဲဖက် အတွင်းရေးမှူး(၁) ဗိုလ်မှူး ကြီးခွန်ဥက္ကာက ဆိုသည်။
“သုံးနှစ်ထဲ ရောက်လာပြီဆိုတော့ ရလဒ်တစ်ခုတော့ ထွက်လာဖို့ လိုတယ်။ ဒီရလဒ်က အဓိပ္ပာယ်ရှိရမယ်၊ ဂုဏ်သိက္ခာရှိရမယ်။ ဘာလဲဆိုတော့ အပစ်ရပ်စာချုပ်ပေါ့ဗျာ”ဟု ပြောသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့အကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စတင် အကောင်အထည်ဖော်ရာ၌ ကနဦးတွင် အချက် ၁၀၃ ချက်နှင့် နှစ်ဖက်အကြား ညှိနှိုင်းခဲ့ကြသော်လည်း လက်ရှိတွင် အချက်ကြီးကိုးချက် (၎င်း အချက်ဟူသည့် MPC က သုံးစွဲသည့် ဝေါဟာရကို NCCT က အခြေ ခံမူဟုသုံးစွဲ) သာ ဆက်လက်ညှိနှိုင်းရန် ကျန်သည်ဟု ဒေါက်တာမင်းဇော်ဦးက ပြောသည်။
ဒေါက်တာမင်းဇော်ဦးက “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် သွားနိုင်မယ်၊ မသွားနိုင်ဘူးဆိုတာ တော့ နှစ်ဖက်စလုံးအပေါ် မူတည်တာပေါ့။ အကုန်လုံးရမှ သွားမယ်ဆိုရင်တော့ ထပ်ကြာဦးမှာပေါ့။ အ ကုန်လုံး ဘယ်လောက် မြန်မြန်လိုချင်လဲ မလိုချင်လဲ ဆိုတဲ့အပေါ်မှာလည်း မူတည်တယ်” ဟု ပြောသည်။
အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့၏ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT)တို့အကြား တစ်နိုင်ငံလုံးအပစ် အ ခတ်ရပ်စဲရေးစာချုပ် (NCA) ရရှိရန် ညှိနှိုင်းမှုများမှာ စက်တင်ဘာလ နှောင်းပိုင်းမှစ၍ ရပ်တန့်နေခဲ့ကာ လာ မည့် ဒီဇင်ဘာ (၂၅) ရက်မတိုင်ခင် နှစ်ဖက်တွေ့ဆုံဆွေးနွေး နိုင်ကြရန် UPWC က တင်ပြထားသည်။