မြန်မာနိုင်ငံ အသွင်း ကူးပြောင်းရေး အတွက် ကန်ဒေါ်လာ သန်း ၉၀၀ ဥရောပ သမဂ္ဂ ကူညီမည်

မြန်မာနိုင်ငံ အသွင်း ကူးပြောင်းရေး အတွက် ကန်ဒေါ်လာ သန်း ၉၀၀ ဥရောပ သမဂ္ဂ ကူညီမည်
by -
မဇ္စျိမ

 မြန်မာနိုင်ငံ၏ အသွင်းကူးပြောင်းရေး ခိုင်မာစေရန် ဥရောပ သမဂ္ဂက မြန်မာနိုင်ငံသို့ အမေရိကန် ဒေါ်လာ သန်း ၉၀၀ အကူ အညီပေးအပ် မည်ဖြစ်သည်။

အဆိုပါ ကူညီထောက်ပံ့မှု ငွေကြေးဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပါအဝင် ကျေးလက်ဒေ သဖွံ ့ဖြိုးရေး၊စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးရေး၊ အစား အစာနှင့် အာဟာရ ဖူလုံကြွယ်ဝရေး၊ ပညာရေးကဏ္ဍ အဆင့်မြှင့်တင်ရေးတို ့အပြင် အုပ်ချုပ်ရေးနှင့် ဥပဒေစိုးမိုးရေးတို့တွင် အသုံးပြုပြီး ၂၀၁၄ ခုနှစ် မှ ၂၀၂၀ ခုနှစ် အထိ ပေါင် ၆၈၈သန်း (အမေရိကန်ဒေါ်လာ သန်း ၉၀၀) ခုနစ်နှစ် တာကာလအတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ရန်ရည်ရွယ်၍ ပေးအပ်ခြင်းဖြစ် သည်ဟု  ဒီဇင်ဘာလ ၈ ရက်က ဥရောပသမဂ္ဂကော်မရှင်က ကြေညာခဲ့သည်။

မြန်မာနိုင်ငံ လုံးဆိုင်ရာ ဆရာ၊ ဆရာမများ သမဂ္ဂ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးအာကာ မိုးသူက “နိုင်ငံခြား အကူ အညီတွေကို အထက်က အောက်ခြေထိ မှန်မှန် ကန်ကန် စီးဆင်ဖို့ လိုတယ်။ အဓိက သုံးစွဲသင့်ဆုံးက အခြေခံအဆောက်ဦးတွေ ဖြည့်ဆည်း ဖို့ပါပဲ။

နောက်ပြီး ဘယ်ကဏ္ဍ မှာပဲ သုံးသုံး ပွင့်လင်း မြင်သာစွာ ဘာအတွက် ဘယ်နေရာ အတွက် သုံးတယ် ဆိုတာ ချပြနိုင် ဖို့ပါပဲ"ဟု ပြောသည်။ မြန်မာနိုင်ငံ အသွင် ကူးပြောင်းရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၉၀၀ ဥရောပသမဂ္ဂ ကူညီမည်။