ချင်းသတင်းစာ နှစ်စောင် ထုတ်ဝေခွင့် ပြန်ရ

ချင်းသတင်းစာ နှစ်စောင် ထုတ်ဝေခွင့် ပြန်ရ
by -
ခိုနူမ်းထုန်

တရားဝင် မှတ်ပုံတင်မရှိခြင်းကြောင့် အပိတ်ခံခဲ့ရသည့် ဟားခါးပိုစ့် နှင့် တီးတိန်ပိုစ့် သတင်းစာကို ချင်းပြည်နယ် အစိုးရက ပုံနှိပ် ထုတ်ဝေခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီဟု သက်ဆိုင်ရာ အယ်ဒီတာများက ပြောသည်။

ဟားခါးပိုစ့် အယ်ဒီတာချူပ် Lalawmpuia က “ ကျတော်တို ့ သတင်းစာ ထုတ်ဝေခွင့်ရပါပြီ၊ တရားဝင်စာ တော့ မရသေး ပေမဲ့ ရုံးချုပ်ကနေ ထုတ်ဝေခွင့်ပြုထား ပြီဆိုတော့ မနက်ဖြန်မှ စထုတ်ဖြစ်အောင်လုပ်ထားတယ်” ဟုပြောသည်။

အလားတူ တီးတိန်ပိုစ့်သတင်းစာကိုလည်း ဒီဇင်ဘာလ (၃) ရက်နေ့ကစ၍ အပတ်စဉ် ထုတ်ဝေခွင့် ပြုလိုုက်ပြီးဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၆ ရက်နေ့က ပြန်လည် ထုတ်ဝေနေ ပြီ ဟု တီးတိန်ပိုစ့် အယ်ဒီတာ ပူးထန်ဗန်းလျန်ကပြောသည်။

“အခုလို ထုတ်ဝေခွင့် ရတာ ၀မ်းသာစရာပါဘဲ” ဟု ပူးထန်ကပြောသည်။

ဟားခါးပိုစ့် နှင့် တီးတိန်ပိုစ့်သတင်းစာတို့သည် သက်ဆိုင်ရာဌာနထံ မှတ်ပုံတင်ထားခြင်းမရှိသောကြောင့် ပြီးခဲ့သည့် စက်တင်ဘာလ (၂၉) နှင့် အောက်တိုဘာလ(၁၆) ရက်နေ့က သတင်းစာဆက်လက်ထုတ်ဝေခွင့်ကို ချင်းပြည်နယ် အစိုးရ က ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ထို ့အပြင် မှတ်ပုံမရှိသော Zolengthe နှင့် ဖလမ်းပိုစ့် သတင်းစာကိုလည်း ချင်းပြည်နယ်အစိုးရက ပိတ်ပင်ခဲ့သည်။

ယခုကဲ့သို ့ ပြည်နယ်အစိုးရမှ ချင်းသတင်းစာများ ဆက်တိုက် ပိတ်ပင်ခဲ့ခြင်းသည် တရားဝင် မှတ်ပုံတင်ရရှိပြီး မှသာ သတင်းစားများ ထုတ်ဝေကြရန် ဖိအားပေးသည့် သဘောဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုကြသည်။

Most read this week