ရခိုင် ပြည်နယ်နေ့အခမ်းအနားကို ယခင်နှစ်များထက်စည်ကားသိုက်မြိုက်စွာ ကျင်းပရန် ပြည်နယ်အစိုးရပြင် ဆင်နေ

ရခိုင် ပြည်နယ်နေ့အခမ်းအနားကို ယခင်နှစ်များထက်စည်ကားသိုက်မြိုက်စွာ ကျင်းပရန် ပြည်နယ်အစိုးရပြင် ဆင်နေ
by -
နိရဥ္စရာ

စစ်တွေတွင်ပြုလုပ်မည့် နှစ် ၄ဝ ပြည့်ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ယခင်နှစ်များထက် ပိုမိုထူးခြားစွာပြုလုပ် ပေးရန် ပြည်နယ် အစိုးရမှ ပြင်ဆင်နေကြောင်း သိရသည်။

ယခုလ ၁၅ ရက်နေ့တွင် ပတ္တမြားရတုအဖြစ်ကျရောက်မည့် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို စစ်တွေတွင် ဝင်္ကပါကွင်းနှင့် ဝေသာလီ အားကစားကွင်း တို့တွင် နေရာနှစ်ခုခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

DSC00093

ဝင်္ကပါကွင်းတွင် နံနက်ပိုင်းနှင့်နေ့လယ်ပိုင်းတို့၌ ရခိုင်ရိုးရာကျင်အားကစား ပြိုင်ပွဲကို ကျင်သန် ၃ဝဝ ခန့်ဖြင့် ပြည်နယ်အဆင့် ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ပေးရန် ပြည်နယ်အစိုးရက စီစဉ်နေသည်။

“အဲဒီနေ့ကျရင် ရခိုင်ရိုးရာကျင်ကိုင်ပွဲကိုလည်း ၁၇ မြို့နယ်က လက်ရွေးစင် တကယ့် ဝါသနာရှင်ကျင်သမားတွေ ကိုခေါ်ပြီးတော့မှ ရခိုင်ပြည်နယ်မှာ အကြီးအကျယ်ဆုံးသော ကျင်ကိုင်တဲ့ပွဲကြီးကိုလုပ်ဖို့ ကျွန်တော်တို့ စီမံထားပါတယ်” ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးမောင်မောင်အုန်းက ပြီးခဲ့သည့်လက မီဒီယာများနှင့်တွေ့ဆုံ စဉ်ပြောကြားထားသည်။

“ဒီရခိုင်ရိုးရာကျင်ကိုင်ပွဲကြီးကတော့ ပြည်ထောင်စုအဆင့်နပန်း ပြိုင်ပွဲကြီး ထက်တော့သာရမယ်။ ပထမ ဦးဆုံးအကြိမ် ကြီးကြီးကျယ်ကျယ်ကျင်းပမှာဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ရ ရက်နေ့ညက အခမ်းအနား ထက်တော့ ပိုမိုကြီးကျယ်သော အခမ်းအနားလုပ်ဖို့အတွက် ကျနော် ရည်ရွယ်ထားတယ်” ဟုလည်း ဝန်ကြီးချုပ်က ဆက်ပြောသည်။

ဝင်္ကပါကွင်းတွင် ညနေပိုင်း၌ “ရတနာသန်းအောင်”အမည်ရှိဇာတ်သဘင်ဖြင့် ပြည်နယ်နေ့မှစတင်ကာ သုံးည တိုင်တိုင် ကပြဖြေဖျော်သွားမည်ဟုလည်း သိရသည်။

ယခုနှစ်တွင်ကျရောက်မည့် ရခိုင်ပြည်နယ်နေ့မှစတင်ကာ ရခိုင်မြို့အချို့သို့ မဟာဓာတ်အားလိုင်းမှ လျှပ်စစ် ဓာတ်အားများ စတင်ပို့လွှတ်နိုင်သည့်အထိမ်းအမှတ်အဖြစ် ယင်းနေ့တွင် စစ်တွေမြို့၊ ဝေသာလီအားကစား ကွင်း၌ SEAN Game ဖွင့်ပွဲကဲ့သို့စည်ကားသိုက်မြို က်စွာကျင်းပပေးသွားမည်ဟုလည်း ပြည်နယ်ဝန်ကြီး ချုပ်က ပြောဆိုထားသည်။

ယင်းသို့ပြုလုပ်ပေးနိုင်ရန် မီးဆိုင်းများနှင့် မီးပန်းများကိုဝယ်ယူထားပြီးဖြစ်သည့်အပြင် အခမ်းအနားတွင် စစ်တွေ ရှိ မူလတန်းနှင့်အလယ်တန်းကျောင်းသူ၊ ကျောင်းသားအင်အား ၂၆ဝဝ ကျော်ဖြင့် သရုပ်ဖော်ကကွက်များဖြင့် ပုံဖော် ဖန်တီးတင်ဆက်နိုင်ရန်လည်း ကျောင်းသား၊ ကျောင်းသားများကို ဇာတ်တိုက်လေ့ကျင့်သင်ကြားပေးနေပြီဖြစ်သည်။

ယင်းအပြင် ယင်းနေ့ညနေပိုင်းတွင် ဝေသာလီကွင်း၌ ရခိုင်တိုင်းရင်းသားအဆိုတော်များဖြစ်သော ဝင်းကိုခိုင်၊ ညီမင်းခိုင်၊ ကိုကိုနိုင်နှင့် အခြားရခိုင်တေးသံရှင်များအပါအဝင် ရိုးမအရှေ့မှ နာမည်ရ ဗမာ အဆိုတော်များ ဖြစ်ကြသော ဝိုင်းစုခိုင်သိန်း၊ Bobby Soxer (ထက်ထက်)၊ နီနီခင်ဇော်တို့ကလည်း ပါဝင်ဖြေဖျော်သွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ယခင်က မည်သည့်အခါကမျှ ယခုကဲ့သို့ ကြီးကျယ်ခမ်းနားစွာပြုလုပ်နိုင်ခြင်း မရှိခဲ့ပေ။

Most read this week