ဦးနေဝင်း အစိုးရလက်ထက်က ဒိုင်းနမိုက်ဖြင့် ဖြိုခွဲဖျက်ဆီးခြင်းခံခဲ့ရသော တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဆောက်အဦးနေရာတွင် အဆောက်အဦသစ် ဆောက်လုပ်ခွင့်ပေးရန် အမျိုးသားစာပေဆုရှင် ဒေါက် တာ အောင်ခင်ဆင့်က တာမွေမြို့နယ်ရှိ လူထုဟစ်တိုင်တွင် ဒီဇင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းက ဆန္ဒပြခဲ့သည်။
“အဆောက်အဦး ဆောက်လုပ်ရေးက အဓိကကျတယ်။ ဒီအဆောက်အဦး ဆောက်လုပ်ခြင်း အားဖြင့် ကျောင်းသားများ လုပ်ပိုင်ခွင့်ကို တရားဝင်လုပ်ချင်လို့ အဆောက်အဦ ပြန်လည်ပေါ်ပေါက်ဖို့ ဆန္ဒပြတာပါ” ဟု ဒေါက်တာ အောင််ခင်ဆင့်က ပြောသည်။
ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် ၁၉၆၂ ခုနှစ်၊ ဇူလှိုင်လ ၈ ရက်နေ့ နံနက်ပိုင်းက ဒိုင်းနမိုက်ဖြင့် ဖြိုခွဲဖျက်ဆီးခြင်းခံခဲ့ရသော သမဂ္ဂ အဆောက်အဦး နေရာတွင် ပြန်လည်ဆောက်လုပ်ခွင့်ပြုရန် ဆန္ဒပြ တောင်းဆိုခြင်းဖြစ်သည်။
အစိုးရကသာ သမဂ္ဂအဆောက်အဦးသစ် ပြန်ဆောက်ခွင့်ပေးပါက ကော်မတီဖွဲ့ပြီး အများသဘောဖြင့် တည်ဆောက်သွားမည်ဟု လည်း ဒေါက်တာ အောင်ခင်ဆင့်က ပြောသည်။
“အစိုးရက ဆောက်ခွင့်သာပေးခဲ့ရင် ပုံအောပြီးလှူမယ့် အလှူရှင်တွေရှိပါတယ်” ဟုလည်း ၎င်းက ဆိုသည်။