နိုင်ငံရေးနှင့် ဦးဆောင်မှုတို့တွင် အမျိုးသမီးများ ပိုမိုပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

နိုင်ငံရေးနှင့် ဦးဆောင်မှုတို့တွင် အမျိုးသမီးများ ပိုမိုပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
by -
မဇ္စျိမ

 နိုင်ငံရေး ဦးဆောင်မှုများတွင် အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၅ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီး ဖိုရမ်တွင် ပြောကြားလိုက်သည်။

“ကျွန်မတို့ဟာ အကူးအပြောင်းကာလမှာ နိုင်ငံရေးကို ဖယ်ထုတ်ထားလို့မရပါဘူး၊ ကျွန်မတို့ဟာ အမျိုးသမီးတွေ ကို နိုင်ငံရေးမှာ ပိုပြီးပါ၀င်ဖို့ လိုပါတယ်၊ မှန်ကန်တဲ့ ပါ၀င်မှုမျိုးနဲ့ပါ” ဟု ဒေါ်ဆောင်ဆန်းစုကြည်က အဆိုပါ ဖိုရမ်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းဆဲ ကာလတွင် အမျိုးသမီးများသည် လူ့ဘောင်အဖွဲ့အစည်းအတွက် တွန်းအားဖြစ်စေရန် ရည်ရွယ်လျက် ဖိုရမ်ကို နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပခြင်းဖြစ်သည်။

အစိုးရအဖွဲ့တွင် အမျိုးသမီးဝန်ကြီး ပါ၀င်မှုနှင့် ဒုဝန်ကြီးနှင့် ဥပဒေပြုရေးဖြစ်သည့် လွှတ်တော်တို့တွင် အမျိုး သမီးများ ပါ၀င်သော်လည်း အရေအတွက်မှာ လွန်စွာနည်းပါးနေသေးသည်ဟုလည်း ဒေါ်အောင်ဆန်းစု ကြည်က ဆိုသည်။

အမျိုးသမီးအဖွဲ့ပေါင်း ၁၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် ကျားမရေးရာ တန်းတူညီ မျှရေး ကွန်ရက်ဒါရိုက် တာ မမေစပယ်ဖြူ ကလည်း အမျိုးသမီးများ ဦးဆောင်ခွင့်ရသည့်အခြေအနေကို ပြောဆိုရာတွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးမှ ပြည်ထောင်စုအဆင့်အထိ အမျိုးသမီးများ ပါ၀င်မှုနှုန်းသည် သုံးရာခိုင်နှုန်းအောက် သာရှိသည်ဆိုသည်။

မြန်မာအမျိုးသမီးတို့ အရည်အချင်းရှိ သော်လည်း ဓလေ့ထုံးစံများက ကန့်သတ်မှုများရှိနေခြင်းကြောင့် ရောက် သင့်သည့် နေရာ၊ ဦးဆောင်မှု အခန်းကဏ္ဍမရကြသည်ကို သတိမူရန်လိုသည်ဟုလည်း ဒေါ်မေစ ပယ်ဖြူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ ဦးဆောင်ကဏ္ဍတွင် အမျိုးသမီးများ ပါ၀င်နိုင်မည့် အရေအတွက်သာမက အရည်အသွေးသည်လည်း အရေးပါသည့် အချက်တစ်ရပ်ဖြစ်သည်ဟု ထောက်ပြခဲ့သည်။

“အရေအတွက်တင်အဓိက မဟုတ်ဘူး၊ အရေအတွက်ထက် ကိုယ်ဘယ်လောက်လုပ်နိုင်တယ်ဆိုတာလည်း အများကြီးလို အပ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့အပြင် အသွင်အကူးအပြောင်းသည် အစိုးရသာမက ပြည်သူများနှင့်လည်း သက်ဆိုင်သည့်ကိစ္စဖြစ်ပြီး အောင်မြင်သည့် အကူးအပြောင်း တစ်ခုဖြစ်ရန် မြန်မာနိုင်ငံ လူဦးရေ၏ ၅၁ ရာခိုင်နှုန်းရှိသည့် အမျိုးသမီး များ၏ အခန်းကဏ္ဍမှာ အလွန်အရေး ပါသည်ဟု လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။ အကူး အပြောင်းအောင်မြင်ရန်မှာ ရှင်းလင်းသည့်အမြင် ရှိရန်လိုအပ်ပြီး မိမိတို့လိုလားသည့် အကူးအပြောင်း အတွက် ရှင်းလင်းသည့် အယူအဆနှင့် အတွေးအခေါ်များမရှိပါက မအောင်မြင် နိုင်ဟုလည်း ဆိုသည်။

“လူ့အဖွဲ့အစည်းကို အတူတကွ ဘယ်လိုတည်ဆောက်မယ်ဆိုတဲ့ Vision လိုကို လိုအပ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့အပြင် လူ့အဖွဲ့အစည်း၏ အားသာချက်များကိုသာမက အားနည်းချက်များကို ပါသိရှိပြီး အသွင်ကူးပြောင်းရေး အောင်မြင်ရန် ကြိုတင်ပြင်ဆင်ရန်လိုအပ်သည်ဟု လည်းပြောကြားသည်။ စစ်မှန်သော အကူး အပြောင်းသည် ဥပဒေသစ်များ ပြုစုခြင်း၊ အင်စတီကျူးရှင်းများ တည်ဆောက်ခြင်းထက် စိတ်ပိုင်းဆိုင်ရာများ ပြောင်းလဲ ရန်လည်းလိုအပ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးသည်။

Most read this week