ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် မဟာတန်းများအတွက် သမ္မတ ပညာသင်ဆု စာမေးပွဲ စာစစ်ဌာန ၁၀ ခုတွင် ဖြေဆိုရမည်

ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် မဟာတန်းများအတွက် သမ္မတ ပညာသင်ဆု စာမေးပွဲ စာစစ်ဌာန ၁၀ ခုတွင် ဖြေဆိုရမည်
by -
မဇ္စျိမ

 အင်္ဂလိပ်ဘာသာရပ်အတွက် နိုင်ငံတော် သမ္မတ၏ ပညာသင်ဆု အရည်အချင်းစစ် စာမေးပွဲဖြေဆိုမည်သူ ၄၄၈၀ ဦးရှိပြီး မြို့ကြီးလေးခုရှိ စာစစ်ဌာန ၁၀ ခုတွင် ဖြေဆိုရမည်ဟု မန္တလေး တက္ကသိုလ် အင်္ဂလိပ်စာဌာန လက်ထောက် ကတိက နိုင်ငံတော် သမ္မတ၏ ပညာသင်ဆု ပြောရေးဆို ခွင့်ရှိသူ ဦးမင်းသန့်က မဇ္စျိမကို ပြောသည်။

အဆိုပါ စာမေးပွဲတွင် ဘွဲ့ကြိုတန်း ၆၅၇ ဦး၊ မဟာတန်း ၁၈၄၇ ဦးနှင့် ပါရဂူတန်း ၂၃၇၆ ဦး တို့က ဒီဇင်ဘာလ ၆ရက် မှ ၁၁ ရက်အထိ နံနက် ၉ နာရီခွဲမှ နေ့လည် ၁ နာရီအထိ အဆိုပါ အတန်းများက ဖြေဆိုရမည်ဖြစ်သည်။

ဖြေဆိုရမည့် လမ်းညွန်ချက်များကို ဒီဇင်ဘာ ၆ ရက် နံနက် ၈ နာရီခွဲတွင် ရှင်းလင်းပေးသွားမည်ဖြစ်ပြီး ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် (ရွှေပြည်သာ)၊ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် (ဗဟန်း)၊ အမျိုးသား စီမံခန့်ခွဲမှု ကောလိပ် (ဗိုလ်တစ်ထောင်)၊ မန္တလး တက္ကသိုလ် (မဟာအောင်မြေ)၊ မန္တလေး ကွန်ပျူတာ တက္ကသိုလ် (စဉ့်ကိုင်မြို့)၊ မန္တလး ကွန်ပျူတာ တက္ကသိုလ် (ပုသိမ်ကြီးမြို့နယ်၊ ဒဟတ်တော)၊

မော်လမြိုင် တက္ကသိုလ်၊ တောင်ကြီး ကွန်ပျူ တာ တက္ကသိုလ်၊ မုံရွာ ကွန်ပျူတာ တက္ကသိုလ်နှင့် မကွေး ကွန်ပျူတာ တက္ကသိုလ်တို့တွင် စာစစ်ဌာနများ ဖွင့်လှစ်သွားမည် ဖြစ်သည်။

ဦးမင်းသန့်က “နေထိုင်စားသောက် စရိတ်ကတော့ ကိုယ်ဘာသာ ကုန်ကျခံရမှာ ဖြစ်ပါတယ်" ဟု ပြောသည်။

ရန်ကုန်နှင့် မန္တလေး စာစစ်ဌာနများသို့ လာရောက်ဖြေဆိုမည့် သူများအတွက် ဖယ်ရီများစီစဉ် ပေးထားပြီး၊ နယ်မှလာရောက် ဖြေဆိုသူများကို မိမိဖြေဆိုသော စာစစ်ဌာနတည်ရှိရာ တက္ကသိုလ်များ၏ ငွေစာရင်းဌာနတွင် ယာဉ်စီးခလက်မှတ်မူရင်းကို တင်ပြကာ ဒီဇင်ဘာ ၁၅ ရက် နောက်ဆုံးထား၍ ထုတ်ယူနိုင်မည်ဖြစ်သည်။

ပြည်တွင်းပြည်ပ ပညာရှင်တွေ ပါဝင်ဖွဲ့စည်းထားသည့် နိုင်ငံတော် သမ္မတ ပညာသင်ဆု စီစစ်ရွေးချယ်ရေးအဖွဲ့ က စိစစ်ရွေးချယ်ကာ ချီးမြှင့်မည်ဖြစ်ပြီး နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်သည်။

Most read this week