အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းတို့ ပူးပေါင်း၍ သစ်ခိုးထုတ်မှုများကို တားဆီးရန်စီစဉ်

အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းတို့ ပူးပေါင်း၍ သစ်ခိုးထုတ်မှုများကို တားဆီးရန်စီစဉ်
by -
မဇ္စျိမ

ဒေသတွင်း သစ်ခိုးထုတ်မှုများကို အရေးယူလျက်ရှိသည့် ဥရောပသမဂ္ဂမှ ဖွဲ့စည်းထားသော FLEGT (Forest Law Enforcement Governance and Trade) အဖွဲ့တွင် အရပ်ဘက် အဖွဲ့အစည်းများနှင့် အစိုးရ များမှပူးပေါင်းပါဝင်ပြီး သစ်ခိုးထုတ်မှုများကို ဖြေရှင်းသွားမည်ဖြစ်သည်ဟု FLEGT ယာယီအဖွဲ့ဝင်ဖြစ်သည့် အထက်ချင်းတွင်း လူငယ်များကွန်ရက်မှ ကိုကျော်သက်ဝင်းက မဇ္ဈိမကို ပြောသည်။

“EITI (သဘာဝ သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့) အဖွဲ့လို ဖွဲ့ဖို့ဖြစ်သွားတာပါ” ဟု ၎င်းကဆိုုသည်။

1-3

အဆိုပါ FLEGT အဖွဲ့တွင် မြန်မာနိုင်ငံမှ အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရမှ တာဝန်ရှိသူများ၊ ကုမ္ပဏီ လုပ်ငန်းရှင်များက ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ပထမအပတ်တွင် ပါ၀င်ဖွဲ့စည်းသွားမည်ဖြစ်သည်။

စိမ်းလန်းအမိမြေအဖွဲ့မှ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက “FLEGT က တရားမဝင် သစ်ရောင်းဝယ်တာတွေကို ကာကွယ်ဖို့နဲ့ သစ်တောနဲ့ပတ် သက်ပြီး ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုရှိမရှိကို စောင့်ကြည့်တဲ့ အဖွဲ့ဖြစ်တဲ့ အတွက် FLEGT စီမံကိန်းလုပ်ပြီးလို့ အီးယူနဲ့ သဘောတူသွား ရင်တော့ မြန်မာနိုင်ငံက သစ်တောနဲ့ပတ် သက်တဲ့ ထုတ်ကုန်တွေကို အီးယူကို တရားဝင်ပို့လို့ရသွားမှာပေါ့။ လက်ရှိမှာတော့ ဒီအဖွဲ့ကနေ အရပ် ဘက်အဖွဲ့အစည်းတွေကို လုပ်ငန်းဆောင်ရွက်ပုံနဲ့ပတ်သက်ပြီး အသိပညာပေးနေတဲ့ အဆင့်မှာသာ ရှိသေးတယ်” ဟု ပြောသည်။

အဆိုပါ FLEGT သည် တရားမဝင် သစ်ခုတ်လှဲခြင်းနှင့် သစ်တောထွက်ကုန်များ တရားမဝင်ကူးသန်း ရောင်းဝယ်ခြင်းဆိုင်ရာ ကမ္ဘာ့ပြဿနာများ ကို ဖြေရှင်းပေးရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။

FLEGT သည်စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် သုတေသန ပြုလုပ်သွားမည်ဟု Forest Law Enforcement Governance and Trade Project မှ Team Leader Mr. Made Ferguson က ဇွန်လ ၁၁ ရက်တွင် မဇ္ဈိမကိုဖြေကြားဖူးသည်။

Most read this week