ဖွံ့ဖြိုးမှုနည်းသည့် ဒေသများအတွက် ကျန်းမာ၊ရေးစရိတ် ဒေါ်လာသန်း ၃၀ အိုင်စီအာရ်စီ အကူအညီပေးမည်

ဖွံ့ဖြိုးမှုနည်းသည့် ဒေသများအတွက် ကျန်းမာ၊ရေးစရိတ် ဒေါ်လာသန်း ၃၀ အိုင်စီအာရ်စီ အကူအညီပေးမည်
by -
မဇ္စျိမ

၂၀၁၅ ခုနှစ်အတွင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC က မြန်မာ နိုင်ငံအတွက် အကူအညီပေး မည့် ငွေကြေး ဒေါ်လာသန်း ၃၀ ကို ဖွံ့ဖြိုးမှုနည်းသည့် ဒေသများအတွက် အဓိကထား သုံးစွဲသွားမည်ဟု ICRC ၏ ရန်ကုန်ရုံးခွဲ အကြီးတန်း ပြန်ကြားဆက်သွယ်ရေး အရာရှိ ဦးမိုးမြင့်အောင် က ပြောသည်။

နိုဝင်ဘာလ ၂၇ ရက်က ရန်ကုန်မြို့၊ စင်ထရယ်ဟိုတယ်တွင်ပြုလုပ်သော အိုင်စီအာရ်စီ၏ ၂၀၁၄ခုနှစ် လုပ်ငန်းများအကြောင်း ရှင်း လင်းခြင်းနှင့် ၂၀၁၅ ခုနှစ် တွင် ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ အကြောင်းကို ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးဖွင့်လှစ်ထားသည့် ဒုက္ခသည်စခန်းတစ်ခုတွင် ဆေးကုသမှု ခံယူနေသည့် ဒေသခံတစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)

အိုင်စီအာရ်စီက ၂၀၁၅ ခုနှစ် မြန်မာ နိုင်ငံတွင်အသုံးပြုရမည့် ကုန်ကျစရိတ်ကို အမေရိကန်ဒေါ်လာသန်း ၃၀ လျာထားပြီး အဆိုပါလျာထား ချက်များထဲမှ မြန်မာနိုင်ငံ တွင်လိုအပ်သည့် ပဋိပက္ခဒေသများနှင့် စစ်ပွဲဖြစ်ပွားသော ဒေသများတွင် အသုံးပြုမည်ဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် အဓိကဦးစားပေး လုပ်ကိုင်မည့် ကဏ္ဍကြီးသုံးရပ်မှာ ရခိုင်ပြည်နယ်၊ စစ်တွေရှိ ဆေးရုံပြန်လည်မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်း၊ ဆေးဝါးပစ္စည်းများ ထောက်ပံံ့နိုင်ခြင်းနှင့် ကချင်နှင့် ရှမ်းပြည်နယ်ရှိ ကျန်း မာရေးနှင့်ပတ်သက်ပြီး စောင့်ရှောက်မှုလုပ်ငန်းများကို လုပ်ကိုင်ရန် ရည်ရွယ်ထားသည်။

ယင်းအပြင် ICRC သည် ပထမဦးဆုံးအဖြစ် မြန်မာနိုင်ငံတွင်း စစ်ပွဲများဖြစ်ပွားနေသော ဒေသများတွင် ရုံးခွဲများ ဖွင့်လှစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း ပြုလုပ်ပေးမည်ဖြစ်ကာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ တွင် ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တို့တွင် ရုံးခွဲများတည်ဆောက် မည်ဟု အိုင်စီအာရ်စီ၏ ပြန်ကြားဆက်သွယ်ရေး ညှိနှိုင်းရေးမှူး မစ္စတာမိုက်ကယ်လအိုဘရိုင်ယန် က ပြော သည်။

၎င်းက “တည်ဆောက်ဖို့ခွင့်ပြုချက်လည်း ရရှိပြီးပါပြီ။ ၂၀၁၅ခုနှစ်အတွက် အသုံးပြုမယ့် ဘတ်ဂျက်တွေထဲက အသုံးပြုသွားမှာ ဖြစ်ပါတယ်။ တည်ဆောက်ပြီးသွား လို့ရှိရင် လိုအပ်တဲ့လုပ်ငန်းလည်ပတ်တဲ့အခါမှာ သုံးရမယ့် ကုန်ကျစရိတ်၊ ခြေတုလက် တုမသန်စွမ်းသူတွေကို လိုအပ်တဲ့ ကူညီစောင့်ရှောက်မှုတွေကို ကူညီပေးသွားမယ်” ဟု ဆိုသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံအတွက် ICRC ၏ အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ၂၄သန်းကျော်ဖြစ်ပြီး ၂၀၁၅ ခုနှစ် တွင် ဒေါ်လာသန်း သုံးဆယ်အသုံးပြုမည် ဖြစ်သဖြင့် ရာခိုင်နှုန်းအားဖြင့် ၂၂ ရာခိုင် နှုန်းတိုး၍ အသုံးပြုလာခြင်းဖြစ်သည်။

ICRC က တစ်ကမ္ဘာလုံးရှိ စစ်ပွဲများဖြစ်ပွားနေသောဒေသများနှင့် ပဋိပက္ခဖြစ်ပွား သောဒေသများအတွက် အမေရိကန်ဒေါ်လာသန်း ၁,၈၀၀ကို ICRC ရုံးချုပ်မ ှတောင်းခံထားပြီး မြန်မာနိုင်ငံအတွက် ကန်ဒေါ်လာ သန်း ၃၀ အသုံးပြုမည် ဖြစ်သည်။

ရခိုင်တွင် ၂၀၁၂ ခုနှစ်၊ ဇွန်လက စ တင်ပြီး ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် အိုးအိမ်ဆုံးရှုံးမှုများ သေကြေ ပျက်စီးမှုများရှိခဲ့ပြီး နှစ်နှစ်အတွင်း ဒုက္ခသည် တစ်သိန်းကျော်ရှိခဲ့ကာ ဒုက္ခသည် စခန်း ၄၀ ကျော် အထိရှိသည်။

ကချင်တွင် အစိုးရနှင့် ကေအိုင်အေတို့ ၂၀၁၁ ခုနှစ်ကစတင်ပြီး ပြန်လည်ဖြစ်ပွားခဲ့သော တစ်ကျော့ပြန် စစ်ပွဲများကြောင့် လက်ရှိအချိန်ထိ ဒုက္ခသည် ၁၂၀,၀၀၀ ကျော်ရှိပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သောကြောင့် ရွာအချို့ ရွှေ့ပြောင်းခဲ့ ရသေးသည်။

Most read this week