အပစ်ရပ် စာချုပ် အတွက် NCCT အဖွဲ့ ဝင်များ အကြိုဆွေးနွေး

အပစ်ရပ် စာချုပ် အတွက် NCCT အဖွဲ့ ဝင်များ အကြိုဆွေးနွေး
by -
မဇ္စျိမ

၇ ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ဆွေးနွေးရန် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့(NCCT) အဖွဲ့ဝင် များ၏ အကြိုဆွေးနွေး မှုကို နိုဝင်ဘာလ ၃၀ ရက်နေ့က စပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပနေပြီ ဖြစ်သည်။

“အရင်က ဆွေးနွေး ချက်တွေ အပေါ် မှာဘဲ ပြန်လည် သုံးသပ်တယ်။ ဒီကြားထဲက အခြေအနေ တွေကို သုံးသပ်နေတယ်။ ဥပမာ နေပြည်တော် သွားတဲ့ကိစ္စ၊ ဒီကြားထဲမှာ MPC က လာတွေ့ တဲ့ကိစ္စ၊ လိုင်ဇာမှာ တိုက်ပွဲဖြစ် တဲ့ကိစ္စ အချင်းချင်း ကြားမှာ ရှင်းပြနေတာ”ဟု NCCT ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့က နေပြည်တော်တွင် UPWC ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းနှင့် NCCT ခေါင်းဆောင် နိုင်ဟံသာ ဦးဆောင်သော ကိုယ်စားလှယ် ၄ ဦး တို့ အလွတ်သဘောတွေ့ဆုံ၍ တစ်နိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ်မူ ကြမ်းအပေါ် ဆွေးနွေးခဲ့သည်။

ထို့ပြင် နိုဝင်ဘာ ၂၇ရက် ဆွေးနွေးပွဲတွင် ပြီးခဲ့သည့် စက်တင်ဘာလက NCCT နှင့် UPWC တို့အကြား တစ်နိုင်ငံလုံး အပစ်ရပ်ရေးမူကြမ်းတွင် နှစ်ဖက်သဘော တူညီမှု မရသေးသော အချက် ၈ ချက်အပေါ် ဆွေးနွေး ညှိနှိုင်းခဲ့သည်ဟု သိရသည်။

ယခုဆွေးနွေးမှုတွင် ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)၏ ဗိုလ်သင်တန်းကျောင်းအပေါ် လက်နက်ကြီး ပစ်ခတ်မှုကြောင့်  ဗိုလ်လောင်း ၂၃ ဦးသေဆုံးခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ အဖွဲ့ဝင်များအကြား ဆွေးနွေးခဲ့ကြသည်ဟု နိုင်ဟံသာက ပြောသည်။

NCCT နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ(UPWC) တို့ လာမည့် ဒီဇင်ဘာလ  ၂၅ ရက်(ခရစ္စမတ်နေ့) မတိုင်မီ ပြန်လည် တွေ ့ဆုံရန် မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ခြင်း ဗဟိုဌာန (MPC) မှ ကိုယ်စားလှယ်များက နိုဝင်ဘာ ၂၇ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေး၍ အဆိုပြုခဲ့သည်။

၎င်းအဆိုပြုချက်အပေါ် NCCT ဘက်မှ ဒီဇင်ဘာလ ၁ ရက်တွင် ဆွေးနွေး၍ ရက်သတ်မှတ်နိုင်မည်ဟု နိုင်ဟံ သာ ကပြောသည်။ ယင်းနောက် လာမည့် ဒီဇင်ဘာလ ၂ ရက်တွင် MPC ကိုယ်စား လှယ်များနှင့် NCCT တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ထပ်မံ တွေ့ဆုံဆွေးနွေး ကြမည် ဖြစ်သည်။

ဆွေးနွေးပွဲသို့ NCCT အဖွဲ့ဝင် ပလောင် (တအာင်း) အမျိုးသားလွတ် မြောက်ရေးအဖွဲ့(PNLF) နှင့် KPC ကရင် ငြိမ်းချမ်းရေး ကောင်စီက ကိုယ်စား လှယ်များ တက်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

Most read this week