ထိုင်းနိုင်ငံ တဝှမ်းလုံး ရုံတင်သည့် ရုပ်ရှင်ကားတွင် ထိုင်းရောက် သျှမ်းမော်ဒယ်မလေး ပါဝင်

ထိုင်းနိုင်ငံ တဝှမ်းလုံး ရုံတင်သည့် ရုပ်ရှင်ကားတွင် ထိုင်းရောက် သျှမ်းမော်ဒယ်မလေး ပါဝင်
by -
သျှမ်းသံတော်ဆင့်

နိုဝင်ဘာလ ၂၇ ရက်က ထိုင်း တနိုင်ငံလုံး ရှိရုပ် ရှင်ရုံကြီးမှာ ရုံတင်ပြသတဲ့ The Return  (ထိုင်းနာမည်- ဖီထုံးခွန်း) သရဲကားမှာ ထိုင်းနိုင် ငံရောက် သျှမ်းရွှေ့ပြောင်း အလုပ်သမား မော်ဒယ် မလေး နောင့်နွတ် (ခေါ်) နောင့်နဲန်း ပါဝင် သရုပ်ဆောင် ထားပါတယ်။

အဲဒီရုပ်ရှင်ဇာတ်လမ်းထဲမှာ လောဝ်(လာအို) နိုင်ငံက သရုပ်ဆောင် ၂ ယောက်၊ ကမ္ဘောဒီယားနိုင်ငံက မော်ဒယ် သရုပ်ဆောင် ၁ ယောက်နဲ့ မြန်မာနိုင်ငံ သျှမ်းပြည်နယ် တောင်ပိုင်း ထွန့်ပုံးသူလေး မော်ဒယ် နောင့်နွတ် ခေါ် နောင့်နဲန်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

Nong Nean Logo finished

မင်းသားကတော့ထိုင်းနိုင်ငံမှာနာမည်ကြီး ရုပ်ရှင်နဲ့ တီဗီဇာတ်လမ်းတွဲသရုပ်ဆောင် (အွမ်) အခဖမ်း နမတ် ဖြစ်ပါတယ်။

ဒါရိုက်တာကတော့ မစ္စတာ ဆတ်ချိုင်း ဒီနန်း ဖြစ်ပါပြီး ဇာတ်လမ်းကတော့ ထိုင်းနိုင်ငံကိုရောက်ရှိ အလုပ်လုပ်နေတဲ့ အိမ်နီးချင်း ၃ နိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေဟာ သတ်ဖြတ်ခံရပြီး ဝိဉာဉ်ဘဝရောက်တာတောင်မှ နေရပ်ပြန်ချင်တယ်ဆိုတာကို ကျောရိုးလုပ်ပြီး ရိုက်ကူးထားတာပါ။

နောင့်နဲန်း(နွတ်ချနတ် ဆီထောင်း) ကတော့ ထိုင်းနယ်စပ် တာချီလိတ်မြို့သူ ကလေးအမေ အဖြစ် သရုပ်ဆောင်ထားပြီး ထိုင်းထဲကိုရောက်ရှိအလုပ်လုပ်ကိုင်နေတဲ့ ယောကျာ်းဖြစ်သူ အသတ်ခံရလို့ သောက ရောက်ရတဲ့အခန်းမှာပါဝင်သရုပ်ဆောင်ထားရတယ်လို့ သူက ပြောပါတယ်။

သာမာန်ရွှေ့ပြောင်းအလုပ်သမားဘဝကနေ ရုပ်ရှင်သရုပ်ဆောင်လောကထဲရောက်လာတဲ့ ထွန့်ပုံးသူလေး နောင့်နွတ်က ရုပ်ရှင်ရိုက်ရာမှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရတယ် ဆိုတာကိုအခုလိုပြောပြပါတယ်။

“ ကျမအတွက်အရမ်းကိုအခက်အခဲတွေနဲ့ရင်ဆိုင်ရပါတယ်။ ကိုယ့်နိုင်ငံမဟုတ်တာရယ်၊ အနုပညာ အသိုင်းအဝိုင်းကဆင်းသက်လာတာမဟုတ်တာကြောင့်ရယ်၊ မသိတာ မတတ်တာ တွေက အများကြီးဘဲ။ ငိုတဲ့ အခန်းက များတာကြောင့် ဒါရိုက်တာ အကြိုက်မရမချင်း ငိုနေရတော့တာဘဲ။ ဘာအလုပ်ဘဲလုပ်လုပ် လွယ်တာတော့မရှိဘူးပေါ့နော်။ ဒါပေမယ့် ကြိုးစားရင် အခက်အခဲတွေကိုကျော်လွှားနိုင်တယ်ဆိုတဲ့ သံဓိဌာန်ကိုတော့ လက်ကိုင် ထားပါတယ်။ ကြိုးစားမှုကြောင့် ရလာတဲ့ ရလာဒ်ကို ပြန်တွေ့ရင်တော့ ပင်ပမ်းရကျိုး နပ်တာပေါ့။”

သျှမ်းမလေး နောင့်နွတ်ဟာ ထိုင်းနိုင်ငံထဲကိုရောက်ရှိအလုပ်လုပ်နေတာ ၈ နှစ်လောက်ရှိပြီဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ချင်းမိုင်မြို့ ဓါတ်ပုံဝါသနာရှင်များအဖွဲ့ကနေ မော်ဒယ် အလှဓါတ်ပုံ ခေါ်ရိုက်ရင်းနဲ့ အွန်လိုင်းတွေထဲမှာနာမည်ကြီးလာပါတယ်။ ယခုနှစ်ထဲမှာဆိုရင် ထိုင်းနိုင်ငံက ထုတ်လုပ်တဲ့ Sun Silk ခေါင်းလျှော်ရည်ကြော်ငြာရိုက်ကူးပြီး ရုပ်မြင်သံကြားမှာ ထုတ်လွှင့် ကြော်ငြာနေပြီဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံ R-Siam တေးထုတ်လုပ်ရေးကုမ္မဏီကနေပြီးတော့ သီချင်းခွေတွေထုတ်လုပ်ပေးဖို့ လည်း ကမ်းလှမ်းထားတယ်လို့သူမကပြောပါတယ်။

Most read this week