ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပါဝင်နိုင်ရေး WLB ဆွေးနွေး

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပါဝင်နိုင်ရေး WLB ဆွေးနွေး
by -
သျှမ်းသံတော်ဆင့်

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပါဝင်နိုင်ရေး အမျိုးသမီးများ အဖွဲ့ချုပ် - မြန်မာနိုင်ငံ မှ တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့NCCT နှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အမျိုးသား စီမံချက်တွင် ပထမဦးစားပေးအနေဖြင့် အမျိုးသမီးနှင့်ကလေးငယ်များကို ကာကွယ်ပေးရမည့် အပိုင်းမပါရှိခြင်း၊ အကြမ်းဖက်မှုတွင် အပြစ်ပေး အရေးယူရမည့်အပိုင်းများကိုမဖြစ်မနေ နှစ် ဖက်ဆွေးနွေးမှုထဲ၌ပါဝင်အောင် တိုက်တွန်းလုပ် ဆောင်နိုင်ရန် ယုံကြည်ပြီး ယင်းအချက် တချက်တည်း ကို ဖြည့်လိုက်ခြင်းအားဖြင့် အမျိုးသမီးတွေ မဖြစ်မနေပါဝင်ဖို့ လိုအပ် သည်ဟု မြန်မာနိုင်ငံအမျိုးသမီး များအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဒေါ်တင်တင်ညိုကပြောသည်။

Hseng NCCT meeting

“ဒါကြောင့် ကျမတို့ မြင်တာကတော့ ဒီိပဋိပက္ခတွေထဲမှာ အမျိုးသမီးနဲ့ ကလေးတွေ ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးတော့မှ တားဆီးကာကွယ်ပေးနိုင်မယ့် မူပေါ်လစီတွေ လုပ်ငန်းစဉ်တွေ ချမှတ်ဖို့လိုတယ်။ အဲ့ဒါတွေကို ကျမတို့က တင်ပြတယ်” ဟုဆိုသည်။

အမျိုးသမီး များပါ၀င်လာပါက လူငယ်များ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများပါ ပါဝင်လာပြီး ငြိမ်းချမ်းရေး ဆွေးနွေး မှုနှင့် ပတ် သက်ပြီး နိုင်ဟံသာက “ကျနော်တို့ကတော့ ပါ၀င်သင့်ပါ၀င်ထိုက်သူများဆိုတဲ့ခေါင်းစဉ်နဲ့ သွားပါမယ်။ လိုအပ်ရင် ဒီ စီဘီအို တွေဆီက အကြံအဉာဏ်တွေယူမယ်။ သူတို့ ပါ၀င်လာဖို့အတွက် ကျနော်တို့တဖွဲ့တည်းနဲ့ ဆုံးဖြတ်လို့မရပါဘူး။ ကျနော်တို့ ဘက်က လူတွေရှိသလို အစိုးရဘက်က စီဘီအိုတွေပါရမှာကိုး”ဟုဆိုသည်။

သျှမ်းအမျိုးသမီး လူငယ်တစ်ဦးက “အမျိုးသမီးက အမျိုးသားထက် ပိုပြီးစစ်ဒဏ်ခံရတယ် စစ်ဖြစ်တဲ့နေရာ တွေ မှာဆိုရင် အမျိုးသမီးက ပိုပြီးတော့ အကြမ်းဖက်တာခံရတယ်။ အမျိုးသမီးတွေရဲ့ စိတ်ခံစားချက်ကို သူတို့က မသိနိုင်ဘူး” ဆိုသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးသည် အမျိုးသားထက်ပိုများပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲနေရာတွင်အမျိုးသမီးက နည်းနေကြောင်း ၎င်းကဆိုသည်။

၂၀၁၄ ခုနှစ် နိုဝင်ဘာ၂၃-၂၄ ရက်နေ့တတွင် ပထမအကြိမ်အဖြစ် ပညာရေး၊ကျန်းမာရေး၊ သတင်းဌာန၊ ရွှေ့ပြောင်းအလုပ် သမားအခွင့်အရေး၊ ဒုက္ခသည်ကော်မတီ၊ သဘာဝပတ်ဝန်းကျင်၊ အမျိုးသမီးအရေး နှင့်လူ့အခွင့်အရေး  လှုပ်ရှားဆောင်ရွက် နေသည့်နယ်စပ်အခြေစိုက်  လူထုအကျိုးပြု အဖွဲ့အစည်းပေါင်း ၂၅ ဖွဲ့တို့မှ ကိုယ်စားလှယ် ၄၂ ဦးတို့သည် တစုတစည်း တည်းဖြင့် တစ်နို်င်ငံလုံးအပစ် ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT မှ ကိုယ်စားလှယ်တို့နှင့် တွေ့ ဆုံ ဆွေးနွေး ခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် တစ်နို်င်ငံလုံးဆို်င်ရာ အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ဘက်မှ ခေါင်းဆောင် နို်င်ဟံသာ၊ ကိုထူးဇော်၊UNFC အထွေထွေအတွင်းရေးမှုး ခူးဦးရယ်၊ SSPP/SSA ဗိုလ်မှူးကြီးစိုင်းထူး တို့ တက်ရောက်ကြောင်း အထွေ ထွေအတွင်းရေးမှူး ဒေါ်တင်တင်ညို ကပြောသည်။