ရှမ်းပြည်နယ်ရှိ ပင်းပက် သံမဏိစက်ရုံ စီမံကိန်း ပြီးစီးရန် ရုရှအစိုးရမှ ယူရို ၈၅ သန်းထောက်ပံ့မည်

ရှမ်းပြည်နယ်ရှိ ပင်းပက် သံမဏိစက်ရုံ စီမံကိန်း ပြီးစီးရန် ရုရှအစိုးရမှ ယူရို ၈၅ သန်းထောက်ပံ့မည်
by -
မဇ္စျိမ

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်းပက် သံမဏိစက်ရုံ စီမံကိန်းအတွက် ရုရှအစိုးရမှ ယူရို ၈၅ သန်း ထောက်ပံ့သွား မည်ဟု စက်မှုဝန်ကြီးဌာနမှ နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ပင်းပက်ဒေသရှိ အမှတ် (၂) သံမဏိစက်ရုံ စီမံကိန်း ပြီးစီးရန် နှောင့်နှေးနေသော်လည်း မြန်မာနိုင်ငံမှ ရုရှနိုင်ငံသို့ သွားရောက်ညှိနှိုင်းချက်အရ ရုရှအစိုးရမှ စီမံကိန်းအချိန်မီ ပြီးစီးရေးအတွက် ယူရို ၈၅ သန်း ထောက်ပံ့ဆောင် ရွက်ပေးသွားမည် ဖြစ်သည်။

Steel-Workshop

ပင်းပက်သံမဏိစက်ရုံစီမံကိန်းကို ၂၀၁၅ အောက်တိုဘာလတွင် ပြီးစီးနိုင်ရန် ဆောင်ရွက်မည်ဖြစ်ပြီး စက်ကိရိယာတပ်ဆင်ရေး လုပ်ငန်းများကို ရုရှနိုင်ငံမှ ပညာရှင် ၁၅၀ ဦး လာရောက်ဆောင်ရွက်ပေး မည်ဖြစ်သည်။

ပင်းပက်သံမဏိစက်ရုံစီမံကိန်းကို မြန်မာ့စီးပွားရေး ကော်ပိုးရေးရှင်း (MEC) နှင့် ရုရှနိုင်ငံမှ Tyazhpromexport Co.,Ltd တို့မှ ၂၀၁၄ ခုနှစ်တွင် စာချုပ်ချုပ်ဆို ဆောင်ရွက်နေခြင်းဖြစ်ပြီး စီမံကိန်းပြီး စီးချိန်တွင် တစ်နှစ်လျှင် သံစိမ်းတန်ချိန် နှစ်သိန်း၊ သံသတ္တုရိုင်းတန်ချိန် ၄၅၀,၀၀၀ ထုတ်လုပ်မည်ဖြစ်သည်။

သံမဏိစက်ရုံမှ ထွက်ရှိလာသည့် စွန့်ပစ်အပူကို အသုံးပြုပြီး လျှစ်စစ်ဓာတ်အား ၄၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင် မည်ဖြစ်ပြီး စက်ရုံမှ ၂၅ မဂ္ဂါဝပ်ကို သုံးစွဲမည်ဖြစ်ကာ မြန်မာ့လျှပ်စစ်စွမ်းအား National Grid သို့ ၁၅ မဂ္ဂါ၀ပ်ကို ရောင်းချနိုင်ရန် စီစဉ်ထားသည်။

မြန်မာနိုင်ငံတွင် သံမဏိစက်ရုံစီမံကိန်းအဖြစ် မြင်းခြံသံမဏိစက်ရုံနှင့် ပင်းပက်သံမဏိစက်ရုံနှစ်ခုသာရှိပြီး ပင်းပက်သံမဏိစက်ရုံမှ ထွက်ရှိသည့် သံစိမ်းများကိုလည်း အမှတ် (၁) မြင်းခြံသံမဏိစက်ရုံသို့ ပို့ဆောင်ကာ သံမဏိများ ထုတ်လုပ်သွားမည် ဖြစ်သည်။

ပင်းပက်သံမဏိစက်ရုံသည် တောင်းကြီးမြို့နယ်၊ ပင်ငိုကျေးရွာအနီးတွင် တည်ရှိပြီး မြေဧရိယာ ဧက ၅,၀၀၀ ကျော်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။ မြင်းခြံ သံမဏိစက်ရုံသည် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ မြေဧရိယာ ဧက ၁,၀၀၀ ကျော်တွင် တည်ဆောက်ထားပြီး တစ်နှစ်လျှင် သံမဏိတန်ချိန် နှစ်သိန်း ထုတ်လုပ်နိုင်စွမ်းအားရှိသည်။

Most read this week